MYIA MM

    • Sample Page
Illustration of a bird flying.
  • တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်

    တောင်ကြီးမှ ပညာရေးဝန်ထမ်းများ စစ်သင်တန်းတက်ရမည်

    ရှမ်းပြည်နယ်၊ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ သင်္ကြန်ပြီးပါက တလတာ စစ်သင်တန်းတက်ရမယ်လို့ အဆိုပါဝန်ထမ်းတွေဆီက သိရပါတယ်။ လာမယ့်ဧပြီလမှာ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းစစ်သင်တန်း တလတက်ရမယ်လို့ မြို့နယ်ပညာရေးမှူးကို စစ်ကောင်စီတပ်ဘက်က အကြောင်းကြားထားတာကြောင့် သင်တန်းကာလ ပြီးဆုံးပါက ရှေ့တန်း စစ်မျက်နှာပြင်စေလွှတ်ခံရမှာကို ပညာရေးဝန်ထမ်းတွေ အနေနဲ့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ အဆိုပါ Non CDM ဝန်ထမ်းတွေက ပြောပါတယ်။ Non CDM ဆရာမတဦးယောက်က “ရုံးဝန်ထမ်းတွေလား၊ ဆရာ ဆရာမတွေလား၊ အောက်ခြေ ဝန်ထမ်းတွေလား ဆိုတာတွေ အသေးစိတ်မသိရသေးဘူး။ သင်္ကြန်ပြီးရင် စစ်သင်တန်းတက်ဖို့တော့ ဝန်ထမ်းတွေကြားထဲမှာ ပြန့်နေလို့ အကုန်စိုးရိမ်နေကြတယ်။ အောက်ခြေဝန်ထမ်းတွေကတော့ အလုပ်ထွက်မယ်တွေ ဖြစ်ကုန်ပြီ”လို့ ပြောပါတယ်။ တောင်ကြီးမြို့က ပညာရေးဝန်ထမ်းတွေ စစ်သင်တန်းတက်ပြီးပါက မူလတာဝန်ကို ပြန်လည်ပေးအပ်မှာဖြစ်ပြီး သင်တန်းကာလအတွင်းကိုလည်း လစာပြည့်အဖြစ် သတ်မှတ်ပေးထားမှာ ဖြစ်သလို…

    February 10, 2025
  • ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး

    ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး

    ကျားဖြန့်နှိမ်နင်းရေးလုပ်ဆောင်တဲ့ ထိုင်းအစိုးရကို တရုတ် ချီးကျူး ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၁၀ ရက် မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေကို နှိမ်နင်းမယ့် ကြိုးပမ်းမှုအဖြစ် လျှပ်စစ်ဓာတ်အား ဖြတ် တောက်တဲ့ ထိုင်းအစိုးရကို တရုတ်နိုင်ငံက ချီးကျူးခဲ့တယ်လို့ ပြည်ထဲရေးဝန်ကြီး အနူတင်ချန်ဗီရာကူလ် က ပြောပါတယ်။ ထိုင်းဝန်ကြီးချုပ် ပေထောင်တန်ရှင်နာဝပ်ထရာက တရုတ်နိုင်ငံသို့ လေးရက်ကြာ တရားဝင်ခရီး စဉ် သွားရောက်ပြီး ထိုင်းနိုင်ငံသို့ ပြန်လာပြီးနောက် သူက အခုလို ပြောကြားခဲ့တာပါ။ “ထိုင်းနိုင်ငံရဲ့ မြန်မာနိုင်ငံရှိ နယ်မြေ (၅) ခုသို့ လျှပ်စစ်ဓာတ်အားပေးပို့မှု ဖြတ်တောက်တာနဲ့ မြန် မြန်ဆန်ဆန် အရေးယူတာကို တရုတ်နိုင်ငံက အပြည့်အဝ ချီးကျူးပါတယ်” လို့ ၎င်းက ဆိုပါတယ်။ ပြီးခဲ့တဲ့အပတ်အတွင်း ထိုင်းနိုင်ငံဟာ ကျားဖြန့်လုပ်ငန်းတွေတည်ရှိရာ မြန်မာနိုင်ငံရှိ နယ်မြေ…

    February 10, 2025
  • စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

    စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး

    စလင်းမြို့နှင့်တောင်ငူမြို့တို့တွင် တော်လှန်ရေးတပ်ဖွဲ့သတင်းများ စုံစမ်းရယူနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီးနှင့် စစ်တပ်အတွက် အလုပ်လုပ်နေသူ ၁ ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ မကွေးတိုင်း၊ စလင်းမြို့တွင် ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ ဇနီး ဟန်ဆုယာဉ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ သတင်းကို လိုက်လံ စုံစမ်းနေသဖြင့် သွားရောက်ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်းPeacock Brother Urban Guerrilla အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့ နံနက် ၉ နာရီခန့်အချိန် စလင်းမြို့မ အနောက်စျေးတွင် ဆန်ရောင်းရင်းဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ သတင်းကို လိုက်လံစုံစမ်းနေသော ကြံ့ဖွတ်ပါတီဝင် ဝင်းမြိုင်၏ မယားဖြစ်သူ ဟန်ဆုယဥ်ကို…

    February 10, 2025
  • လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

    လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ

    လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေ မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက လုပ်ဆောင်နေတယ်လို့ မင်းအောင်လှိုင် စွပ်စွဲ ဖေဖော်ဝါရီ ၁၀၊ ၂၀၂၅ လူငယ်တွေရဲ့ စဉ်းစားတွေးခေါ်မှုတွေကို မှားယွင်းအောင် လူမှုကွန်ယက်နဲ့ မီဒီယာတွေက ဖန်တီးလုပ်ဆောင်နေတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။ မနေ့က ဖေဖော်ဝါရီ ၉ ရက်၊ နေပြည်တော်မှာ ကျင်းပတဲ့ အကယ်ဒမီဆုပေးပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ထည့်သွင်း ပြောကြားလိုက်တာပါ။ ဘာသာရေး၊ အမျိုးသားယဉ်ကျေးမှုနဲ့ စည်းလုံးညီညွတ်မှု ပျက်ပြားစေပြီး လူငယ်လူရွယ်တွေကို အတွေးအခေါ်အယူအဆ မှားယွင်းအောင်၊ စိတ်ဓာတ်တွေ ဆုတ်ယုတ်ပျက်ပြားအောင် လူမှု ကွန်ရက်တွေနဲ့ မီဒီယာတွေကတဆင့် လုပ်ဆောင်နေပြီး “ဒါတွေဟာ နိုင်ငံအကျိုးပျက်စီးစေမယ့် ကြံဆောင်မှုတွေ” လို့ မင်းအောင်လှိုင်က ဆိုပါတယ်။ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနဲ့ လူမှုစီးပွားဘဝ…

    February 10, 2025
  • NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

    NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက်

    NUG ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင် ရာထူးကနေ နုတ်ထွက် ဖေဖော်ဝါရီ ၁၀ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန အတွင်းဝန် ဦးနိုင်ထူးအောင်ဟာ ရာထူးကနေ နုတ်ထွက်လိုက်တယ်လို့ ဖေဖေါ်ဝါရီ ၁၀ရက်နေ့ မနက်အစောပိုင်းမှာ သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပြည်သူတွေကို အသိပေးလိုက်ပါတယ်။ “MoD နှင့် စပ်လျဥ်းသော တာဝန်များ အားလုံးမှ အနားယူလိုက်ပြီ ဖြစ်ပါသည်။ တော်လှန်ရေးမှ လုံးဝ အနားမယူပါ။ ကျရာတာဝန်အား ဆက်လက်တာဝန်ယူသွားမည် ဖြစ်ပါသည်။ တာဝန်ယူခဲ့စဥ်တွင် ဆောင်ရွက်ခဲ့မှုများအတွက် အပြည့်အဝ လိပ်ပြာလုံသလို တာဝန်ယူခဲ့စဥ် ဆောင်ရွက်ခဲ့သော ကိစ္စရပ်များအတွက် တခုမကျန် တာဝန်ခံပါသည်။ အရေးတော်ပုံ အောင်ရမည်။”လို့ သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။ သူ့ရဲ့ အခုလို အသိပေးလာမှုအပေါ် တော်လှန်ရေးအင်အားစုတွေက ပြန်လည်ညှိနှိုင်းဆောင်ရွက်ဖို့အတွက် တိုက်တွန်းကြသူတွေ…

    February 10, 2025
  • ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက်

    ဒေါပုံရဲစခန်းမှာ အချုပ်ခန်းဖောက်ပြီး အချုပ်သားလေးယောက် ထွက်ပြေးလွတ်မြောက် ဖေဖော်ဝါရီ ၁၀- ၂၀၂၅ GG (VOM) ရန်ကုန်တိုင်း ၊ဒေါပုံမြို့နယ်ရဲစခန်းမှာ အချုပ်ခန်းဖောက်ဖျက်ပြီး အချုပ်သားလေးယောက်ထွက်ပြေးမှု ဖေဖော်ဝါရီ ၉ ရက်နေ့မနက်အစောပိုင်းကဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ ” မနက် ၂ နာရီကျော်လောက်မှာ တာဝန်ကျရဲအရာရှိက အချုပ်ခန်းကိုလာစစ်ဆေးတော့မှ အချုပ်ခန်းဖျက်ပြီး ထွက်ပြေးသွားတာကိုသိကြတာ။ထွက်ပြေးတာလေးယောက်လို့သိရတယ်။ယောကျ်ားလေးတွေချည်းပါပဲ။ ထွက်ပြေးတဲ့အထဲမှာ ဒေါပုံမှာနေတဲ့သူကသုံးယောက်ပါတယ်။ကျန်တယောက်ကလှိုင်သာယာကပါ။ ” လို့ရဲစခန်းနဲ့နီးစပ်သူဒေသခံကပြောပါတယ်။ အချုပ်ခန်းဖောက်ပြီးထွက်ပြေးသွားသူတွေမှာ မူးယစ်ဆေးးဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အမှုမှ ရမန်နဲ့ ချုပ်နှောင်ထားသူကနှစ်ယောက်ပါဝင်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့အမှုဖွင့် ခံထားရသူနှစ်ယောက်ဖြစ်တယ်လို့သိရပါတယ်။ အဆိုပါ ထွက်ပြေးအချုပ်သားတွေကို ဖမ်းဆီးရမိရေး စစ်ဆေးရှာဖွေမှုတွေလုပ်နေပေမယ့် ခုချိန်ထိတော့ ပြန်လည်ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့သိရပါတယ်။ အချုပ်ခန်းဖောက်ပြီး ထွက်ပြေးသွားတဲ့အချုပ်သားတွေက အသက် ၁၇ နှစ်အရွယ် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင် (ခ) သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲလင်းဆိုသူတို့ဖြစ်တယ်လို့…

    February 10, 2025
  • လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင်

    လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း  သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင်

    လောင်းလုံးတွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်၊ ရေဦးမြို့နယ်တွင်လည်း သံချပ်ကာ တိုက်ခိုက်ရေးတပ်ရင်းမှ ဗိုလ်ကြီး အောင်ဟိန်းထက် အလင်းဝင် ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၅ ဦး သေနတ် ၁ လက်နှင့် လက်ပစ်ဗုံး ၁ လုံး ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလအတွင်း ထားဝယ်မြို့ အခြေစိုက် ခလရ ၂၅ တပ်ရင်းမှ စစ်မှုထမ်း အပတ်စဉ် ၁ နှင့် အပတ်စဉ် ၂…

    February 10, 2025
  • စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို

    စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို

    စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ်သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်များက လစာပေးထားရန် သတ်မှတ်ထားမှု လိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ဟုဆို ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀ စစ်ကောင်စီက ပြဋ္ဌာန်းထားသော စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ် သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်က ဆက်လက် လစာပေးထားရန် သတ်မှတ်ထားမှုမှာလိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ကြောင်း လှိုင်သာယာနှင့် ရွှေပြည်သာ အပါအဝင် စက်မှုဇုန်တချို့မှ အလုပ်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော…

    February 10, 2025
  • မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

    မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး

    မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် ခရီးသွားယာဉ်လိုင်းများက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေ၍ PDF တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက် စစ်ဆေး ရန်ကုန်၊ ဖေဖော်ဝါရီ ၉ မကွေးတိုင်း၊ မကွေး-ရေနံချောင်း-နတ်မောက် လမ်းပိုင်းတွင် အကြမ်းဖက် စစ်ကောင်စီ အလိုကျ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး စစ်တပ်ထဲ ပို့ဆောင်နေသော ခရီးသွား ယာဉ်လိုင်းများရှိ၍ ရှောင်တခင် ဝင်ရောက် စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း TAMAR MYAY Special Column မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် တမာမြေအထူးစစ်ကြောင်း (TAMAR MYAY SPECIAL COLUMN) မှ တော်လှန်ရေး ရဲဘော်များက မကွေး-ရေနံချောင်း-နတ်မောက်…

    February 9, 2025
  • ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး

    ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး

    ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားများ အချုပ်ဖောက်ထွက်ပြေး ဧရာဝတီတိုင်းမ် ဖေဖော်ဝါရီ ၉ ရက် ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ဒေါပုံမြို့မရဲစခန်းမှ အချုပ်သားတချို့ သော့ဖျက်၍ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီ ၉ ရက် နံနက် ၂ နာရီခန့်က ဒေါပုံမြို့မရဲစခန်းအတွင်းရှိ အချုပ်သားများသည် အချုပ်ခန်းသော့ကိုဖျက်ကာ အချုပ်ဖောက်ထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူထံက သိရသည်။ “ထွက်ပြေးသူတွေကို လိုက်ဖမ်းနေတုန်းပဲ။ မမိသေးဘူး”ဟု ရဲတပ်ဖွဲ့နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ် ကိုပြောသည်။ အချုပ်သားများဖြစ်သည့် ခန့်ထည်ဝါထွန်း၊ ညီညီခန့်၊ ဝေယံအောင်(ခ)သင်္ဘောသီး၊ သူရဇော်(ခ)အောင်ရဲ လင်းတို့ လေးဦး အချုပ်သော့ကိုဖျက်ကာ ထွက်ပြေး သွားပြီး စစ်ကောင်စီက လိုက်လံဖမ်းဆီးလျက်ရှိကြောင်း သိရသည်။ ပုံစာ-ဒေါပုံမြို့မရဲစခန်း ဒေါပုံမြို့မရဲစခန်းတွင် ဖမ်းဆီးခံထားရသည့် လူငယ်လေးဦး အချုပ်ခန်းဖောက်…

    February 9, 2025
←Previous Page
1 … 152 153 154 155 156 … 202
Next Page→

MYIA MM

Proudly powered by WordPress