-
စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းစစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက်
စစ်တွေမြို့အဝင်ရှိ အမြင့်ကျွန်းစစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA တိုက်ခိုက် ရန်ကုန်| ဖေဖော်ဝါရီ ၁၂ ရခိုင်ပြည် မြို့တော်ဖြစ်သော စစ်တွေမြို့အဝင် အမြင့်ကျွန်းရှိ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်၍ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများထံမှ သိရသည်။ ဖေဖော်ဝါရီ ၁၁ ရက်နေ့ ည ၉ နာရီအချိန် စစ်တွေမြို့အဝင် အမြင့်ကျွန်းမှာ စစ်ကောင်စီတပ်စခန်းကို ပစ်ခတ်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီနှင့် AA တို့ အပြန်အလှန် တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။ “မနေ့က ည ၉ နာရီမှာ အမြင့်ကျွန်းဘက်မှာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်တာတွေ ရှိခဲ့ပါတယ်။ လက်နက်ကြီး အသံတွေက မတူကြဘူး။ အသံကတော့…
-
ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော
ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီးလိုအပ်နေသေးတယ်လို့ NUG ဝန်ကြီးချုပ် ပြော ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅ တော်လှန်ရေးကာလမှာ ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့ အများကြီး လိုအပ်နေသေးတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။ နိုင်ငံအတွင်း ဒုက္ခသည်တွေ နေ့စဉ်တိုးပွားနေပြီး ပြည်သူတွေရဲ့ လိုအပ်ချက်ကို အထိရောက်ဆုံး ကူညီပေးနိုင်ဖို့ ကြိုးစားရမယ်လို့ မန်းဝင်းခိုင်သန်းက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်တဲ့ ၅/၂၀၂၅ NUG အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားလိုက်တာပါ။ “ကျနော်တို့ အစီရင်ခံစာကို လေ့လာကြည့်ရင် တော်လှန်ရေးဆင်နွှဲနေရတဲ့ အစိုးရတစ်ရပ်အနေနဲ့ အတော်လေး ကြိုးပမ်းအားထုတ်ခဲ့ကြတာကို မြင်တွေ့ကြရမှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပြည်သူတွေရဲ့ အမှန်တကယ်လိုအပ်ချက်တွေနဲ့ စာရင်တော့ အတော်လေး လိုအပ်ချက်တွေ…
-
စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းမှုနေမှုကြောင့် စီးပွားရေးဆုတ် ယုတ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ
စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းမှုနေမှုကြောင့် စီးပွားရေးဆုတ် ယုတ်ပြီး အလုပ်လက်မဲ့နှုန်း မြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာဟု ကုလသမဂ္ဂတွင် သံအမတ်ကြီး ဦးကျော်မိုးထွန်း တင်ပြ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြန်မာနိုင်ငံတွင် စစ်ကောင်စီက အတင်းအကျပ် တပ်သားစုဆောင်းနေခြင်းကြောင့် စီးပွားရေးဆုတ်ယုတ်လာပြီး အလုပ် လက် မဲ့ နှုန်းမြင့်တက်ကာ ပြည်သူများ ဝင်ငွေနည်းပါးလာနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တင်ပြ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ပြုလုပ်သည့် ၆၃ ကြိမ်မြောက် လူမှုဖွံ့ဖြိုးတိုးတက် ရေးကော်မရှင်၏ အထွေထွေဆွေးနွေးမှုကဏ္ဍတွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အလုပ်လက်မဲ့နှုန်း အလွန်အမင်း မြှင့်တက်လျက်ရှိပြီး အိမ်ထောင်စု…
-
ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ
ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေ စတင် ရေးဆွဲနေပြီဟု ကရင် KNU ၊ ကရင်နီ KSCC ၊ မွန် NMSP-AD ၊ ချင်း CNF ၊ တအာင်း-TPCC နှင့် ပအိုဝ်း အပါအဝင် တိုင်းရင်းသားအဖွဲ့ များက စုပေါင်း ကြေညာ ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအဖြစ် အသွင်ပြောင်းရန် ဖက်ဒရယ် အသွင်ကူးပြောင်းရေးဆိုင်ရာ အခြေခံဥပဒေကို စတင် ရေးဆွဲနေပြီဖြစ်ကြောင်း တိုင်းရင်းသားများက ယနေ့ စုပေါင်းကြေညာလိုက်သည်။ အဆိုပါ တိုင်းရင်းသားအဖွဲ့များတွင် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ချင်းအမျိုးသားတပ်ဦး (CNF)၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်ဆန့်ကျင်ရေး) (NMSP-AD)၊ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC)၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC)၊မွန်ပြည်နယ်ဖက်ဒရယ်ကောင်စီ(MSFC)၊တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC)၊အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) –…
-
စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း
စစ်ကောင်စီအတွက် လောင်စာဆီတွေ ထောက်ပံ့နေတဲ့ Interra Resources ကုမ္ပဏီကို စင်ကာပူစတော့အိတ်ချိန်း (SGX) ရပ်ဆိုင်း ဖေဖော်ဝါရီ ၁၂၊ ၂၀၂၅ စစ်ကောင်စီကို လောင်စာဆီတွေ ထုတ်လုပ်ထောက်ပံ့ပေးခဲ့တဲ့ စင်ကာပူအခြေစိုက် ကုမ္ပဏီ Interra Resources ကို စင်ကာပူစတော့အိတ်ချိန်း (SGX) က ရပ်ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ Interra Resources ကုမ္ပဏီနဲ့ စစ်ကောင်စီရဲ့ ဆက်နွယ်မှုတွေကို သိရှိခဲ့ပြီးတဲ့နောက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်း စတင်ကာ စတော့အိတ်ချိန်းကနေ ရပ်ဆိုင်းလိုက်တာဖြစ်ပါတယ်။ စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေမှာ Interra Resources က ကြံရာပါ ပတ်သက်နေမှုဟုဆိုကာ Justice For Myanmar ကလည်း အပိုင်း (၅)ပိုင်းပါဝင်တဲ့ အစီရင်ခံစာတွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၀ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်။ Justice…
-
မြဝတီဘက်ရောက်လာသူတွေက ဘယ်ကဖြတ်ဝင်လာလဲ❓ဗိုလ်မှူးကြီးစောချစ်သူ မေးခွန်းထုတ်
မြဝတီဘက်ရောက်လာသူတွေက ဘယ်ကဖြတ်ဝင်လာလဲ❓ဗိုလ်မှူးကြီးစောချစ်သူ မေးခွန်းထုတ် #dvbtvnews ”မြဝတီမှာ ကျားဖြန့်လာလုပ်နေသူတွေကို ကျနော်ခေါ်လာတာ တယောက်မှ မပါဘူး။ မိုးပေါ်က ကျလာတာလည်း မပါဘူး။ ဘယ်သူလာပို့တာလဲ အဲဒီမေးခွန်းကို ကျွန်တော်မေးချင်တယ်” ထိုင်းနိုင်ငံဘက်က လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်နေတဲ့ ကရင်နယ်ခြားစောင့်တပ် BGF ထိပ်ပိုင်းခေါင်းဆောင်တွေဖြစ်တဲ့ ဗိုလ်မှူးကြီးစောချစ်သူ၊ ဒုဗိုလ်မှူးကြီး မုတ်သုန်နဲ့ ဗိုလ်မှူးတင်ဝင်းတို့ကို ဖမ်းဝရမ်းထုတ်ဖို့ ဆောင်ရွက်နေတယ်လို့ ပြောဆိုလာတဲ့အပေါ်မှာ “မြဝတီဘက်ကို ရောက်လာတဲ့သူတွေက ဘယ်ကဖြတ်ပြီး ဝင်လာတာလဲ❓” လို့ ဗိုလ်မှူးကြီးစောချစ်သူက တုံ့ပြန်မေးခွန်းထုတ်လိုက်ပါတယ်။ ထိုင်း – မြန်မာနယ်စပ်ဒေသရှိ ကျားဖြန့်လုပ်ငန်းများ အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးပြော ရဲခေါင်/People’s Spring ထိုင်း – မြန်မာနယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု အဆိပ်အတောက်ကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Lin Jianက…
-
ပဒါန်းမြို့ ဘုရားတောင်တွင် တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာထွက်ပြေး
ပဒါန်းမြို့ ဘုရားတောင်တွင် တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင်အားလုံး စခန်းစွန့်ခွာထွက်ပြေး ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ ပဒါန်းမြို့ ဘုရားတောင်တွင် တပ်စွဲထားသော စစ်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက် စစ်သားအားလုံး တပ်ပျက်၍ စခန်းစွန့်ခွာထွက်ပြေးသွားပြီ စစ်စခန်းကို မီးရှို့ ရှင်းလင်းခဲ့ကြောင်း CDF – Asho မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်း က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၉ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်တွင် ငဖဲမြို့နယ်၊ ပဒါန်းမြို့ အနောက်ဘက် ပျဉ်းဝစစ်ဆေးရေးဂိတ်အနီးရှိ ဘုရားတောင်တွင် တပ်စွဲထားသော စစ်တပ် စခန်းကုန်းကို ချင်းကာကွယ်ရေးတပ် – အရှို (CDF – Asho)…
-
ကျားဖြန့်အရှိန်မြှင့်နှိမ်နင်းရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် နယ်စပ်သို့ သွားရောက်စစ်ဆေး (ဓာတ်ပုံ)
ကျားဖြန့်အရှိန်မြှင့်နှိမ်နင်းရန် ထိုင်းကာကွယ်ရေးဦးစီးချုပ် နယ်စပ်သို့ သွားရောက်စစ်ဆေး (ဓာတ်ပုံ) DVB အရှိန်မြှင့်ဆောင်ရွက်ရာမှာ နည်းလမ်း ၄ ခုရှိတယ်၊ မဲဆောက်မြို့နယ်အဝင်ကို ကုန်းလမ်းမှာ ရော လေကြောင်းလမ်းကနေပါ စစ်ဆေးတာ၊ မယ်လမတ်နဲ့ ဖုပ်ဖရမြို့နယ် အဝင်လမ်းကြောင်းတွေမှာ စစ်ဆေးရေးဂိတ်ချပြီး စစ်ဆေးတာ၊ တောလမ်းကနေ တရားမဝင်နယ်စပ်ဖြတ်ကျော်မှု ကာကွယ်ရေးအတွက် တပ်ဖွဲ့ဝင်တွေ အလှည့်ကျ ၂၄ နာရီမပြတ် စောင့်ကြပ်စစ်ဆေးတာ၊ ဟိုတယ်၊ မိုတယ် တည်းခိုခန်း ထိုင်း-မြန်မာနယ်စပ် ကျားဖြန့်အွန်လိုင်းလိမ်လည်မှုဂိုဏ်း အရှိန်မြှင့်နှိမ်နင်းရေးအတွက် ထိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် (ကြည်းတပ်) ဗိုလ်ချုပ်ကြီး ဖနားကလျောက်ဖော်ထုခ်၊ နည်း ပညာဆိုင်ရာ ရာဇဝတ်မှုနှိမ်နင်းရေး (ဆိုက်ဘာ) ရဲတပ်ဖွဲ့ ရဲချုပ် ထတ်ချိုင်း ပီတနီလပူတ်နဲ့ တာဝန်ရှိသူတွေဟာ ဖေဖော်ဝါရီ ၁၀ ရက်က မြန်မာနယ်စပ် မြဝတီနဲ့ ကပ်နေတဲ့ တာ့ခ်ခရိုင်…
-
စစ်ကောင်စီတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီး ပြည်ပရောက် အလုပ်သမားများထံမှ ဒေါ်လာငွေ အပါအဝင် နိုင်ငံခြားငွေများ ရသင့်သလောက် မရဖြစ်နေဟု မင်းအောင်လှိုင် ဝန်ခံ ညဉ်းတွား
စစ်ကောင်စီတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီး ပြည်ပရောက် အလုပ်သမားများထံမှ ဒေါ်လာငွေ အပါအဝင် နိုင်ငံခြားငွေများ ရသင့်သလောက် မရဖြစ်နေဟု မင်းအောင်လှိုင် ဝန်ခံ ညဉ်းတွား ရန်ကုန်၊ ဖေဖော်ဝါရီ ၁၂ အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့ထံတွင် နိုင်ငံခြားငွေ အခက်အခဲဖြစ်နေပြီး ပြည်ပရောက် အလုပ်သားများထံမှ ကောက်ယူ ရရှိသော နိုင်ငံခြားငွေနှင့် CMP လုပ်ငန်းများမှ ရရှိသော နိုင်ငံခြားငွေများ ရရှိနေသော်လည်း ရရှိသင့်သလောက် မရကြောင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဝန်ခံ ညဉ်းတွားသည်။ ယမန်နေ့ နေပြည်တော်တွင် ပြုလုပ်သော ပြည်နယ်/တိုင်းစစ်ကောင်စီ ဝန်ကြီးချုပ်များနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်း ညဉ်းတွားလိုက်ခြင်းဖြစ်သည်။ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နိုင်ငံ့ဝန်ထမ်းများ အခက်အခဲမရှိစေရေး လစာနှင့် ထောက်ပံ့ကြေးများကို တိုးမြှင့်ပေးခဲ့ကြောင်း၊ ပြည်တွင်းနိုင်ငံခြားငွေ အခက်အခဲများနှင့် ထုတ်လုပ်မှု…
-
လျှပ်စစ်မီတာခများ ထပ်မံတိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင်
လျှပ်စစ်မီတာခများ ထပ်မံတိုးကောက်ဖို့ စစ်ကောင်စီပြင်ဆင် ၁၁ ဖေဖော်ဝါရီ၊ ၂၀၂၅ လျှပ်စစ်မီးနာရီပိုင်းပဲပေးနိုင်ပေမယ့် လျှပ်စစ်မီတာခတွေ ထပ်ပြီးတိုးကောက်ဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့ စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်ဝန်ကြီးဌာနကနေ စုံစမ်းသိရှိရပါတယ်။ ပြည်သူတွေကို လျှပ်စစ်မီးမှန်မှန်ပေးနိုင်ဖို့ဆိုရင် ပျက်စီးသွားတဲ့ လျှပ်စစ်တာဝါတိုင်တွေကိုပြုပြင်ဖို့နဲ့ လျှပ်စစ်ဝန်ထမ်းတွေက အသက်နဲ့ရင်းပြီး ပြုပြင်ရသလို ပြည်ပကနေ ဝယ်ယူရတဲ့အတွက် လျှပ်စစ်မီတာခကို တိုးပြီး ကောက်သွားမယ်လို့ သိရပါတယ်။ စစ်ကောင်စီအနေနဲ့ လက်ရှိမှာ လျှပ်စစ်မီးကို တနေ့လျှင် လေးနာရီသာပေးနိုင်ပြီး စက်မှုဇုန်တွေကို တော့ လျှပ်စစ်မီးလုံးဝဖြတ်တောက်ထားတယ်လို့ သိရပါတယ်။ ” အခုပြင်လို့ကောင်းသွားတဲ့ တာဝါတိုင်တွေရှိတယ်။ ပြီးတော့ ပြည်ပကနေလျှပ်စစ်ဝယ်ယူရတာတွေရှိတယ်။ အဲဒါတွေကာမိဖို့အတွက် လျှပ်စစ်မီတာခကို ထပ်တိုးကောက်မှာပေါ့။ ပြည်ပကနေဝယ်တဲ့ဟာက စက်မှုဇုန်တွေကို ပေးသွားမယ်။ အခုလောလောဆယ်ကတော့ အိမ်သုံးတွေကိုပဲ ဦးစားပေးနေတယ်။ နောက်ဘဏ္ဍာနှစ်လောက်ကစပြီး တိုးသွားနိုင်တယ်။ တရားဝင်ကြေညာသွားမှာပါ” လို့ စစ်ကောင်စီလျှပ်စစ်ဝန်ကြီးဌာနက…