-
တောင်းခမ်း ပြန်ရရန် လက်နက်ကြီးနှင့်ဒရုန်း အများအပြားသုံးပြီး စစ်တပ် ထိုးစစ်ဆင်
ပြင်ဦးလွင်အနီး နောင်ချိုမြို့နယ် တောင်းခမ်းရွာတွင် စစ်ကောင်စီနှင့် တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်(TNLA)တို့ နှစ်ဘက်အင်အား ထောင်ချီသုံးပြီး တိုက်ခိုက်နေကြသည်။ စစ်ကောင်စီနှင့် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်(TNLA)တို့ နှစ်ဘက်အင်အား ထောင်ချီသုံးပြီး တိုက်ခိုက်နေသည့် ရှမ်းမြောက် နောင်ချိုမြို့နယ် တောင်းခမ်းရွာ တိုက်ပွဲတွင် စစ်ကောင်စီက နယ်မြေအားလုံးပြန်လည်ထိန်းချုပ်နိုင်ရေး လက်နက်ကြီးနှင့် ဒရုန်းများသုံးကာ ဆက်လက်ထိုးစစ်ဆင်နေသည်ဟု သိရသည်။ မြို့တောင်ဘက် မိုင် ၂၀ ခန့်အကွာရှိ တောင်းခမ်းရွာ အခြေစိုက် စစ်ကောင်စီ၏ အမှတ်(၉၀၂) အမြောက်စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်အပါအဝင် အမှတ်(၃၅၄)၊ (၂၀၆)၊ (၄၀၆) စသည့် အမြောက်တပ်များကို TNLA နှင့် မဟာမိတ်တို့က ၂၀၂၄ ခုနှစ် ဩဂုတ်လတွင် စတင်တိုက်ခိုက်သည်။ ဩဂုတ် ၂၈ ရက်နေ့တွင် ပူးပေါင်းတပ်က အမှတ်(၂၀၆)နှင့် (၄၀၆)အမြောက်တပ်များကို သိမ်းပိုက်နိုင်ခဲ့သော်လည်း စစ်ကောင်စီတပ်က…
-
ထိုင်းလွှတ်တော်တွင် မြန်မာ့အရေးနှင့် နယ်စပ်ဒေသတည်ငြိမ်ရေး ဆွေးနွေးပွဲ ကျင်းပ (ပုံသတင်း)
မဇ္ဈိမ မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှု အကျိုးဆက်အဖြစ် ပိုမိုရှုပ်ထွေးလာနေသည့် မြန်မာ့အရေးနှင့် ထိုင်း-မြန်မာနယ်စပ်ဒေသလုံခြုံရေးအကြောင်း ဆွေးနွေးပွဲကို ဘန်ကောက်မြို့ရှိ ထိုင်းလွှတ်တော်အဆောက်အအုံတွင် ယနေ့ (မတ်လ ၂၂ ရက်) မှ မတ်လ ၂၃ ရက်နေ့အထိ နှစ်ရက်ကြာ ကျင်းပနေသည်။ အဆိုပါဆွေးနွေးပွဲကို ထိုင်းလွှတ်တော်ကော်မတီက စီစဉ်ကျင်းပခြင်းဖြစ်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ CRPH ၊ မြန်မာလူ့အခွင့်အရေးအဖွဲ့များနှင့် ထိုင်းစစ်တပ် တာဝန်ရှိသူများ တက်ရောက်နေသည်ကို တွေ့ရသည်။ ထို့ပြင် မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrews) လည်း ယခုဆွေးနွေးပွဲကို တက်ရောက်ဆွေးနွေးမည်ဖြစ်သည်။ ယနေ့တွင် “၂၀၂၅ မှာ ထိုင်းနယ်စပ်လုံခြုံရေး စိန်ခေါ်မှုတွေ” ဆိုသည့် ခေါင်းစဉ်ဖြင့် နိုင်ငံရေးအခြေအနေ၊ မြန်မာနိုင်ငံ၏ ဖက်ဒရယ်အနာဂတ်နှင့် စစ်ကောင်စီကျင်းပရန် စီစဉ်နေသည့်…
-
ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန်
ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင် KNDF ဒုစစ်ဦးစီးချုပ် မာဝီထုတ်ပြန် မတ် ၂၂၊ ၂၀၂၅ ကရင်နီပြည်နယ် ဘောလခဲမြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်စခန်းအား သိမ်းပိုက်ရရှိတဲ့ ရုပ်သံမှတ်တမ်းဖိုင်ကို KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ယနေ့ မတ်လ ၂၂ ရက်မှ ထုတ်ပြန်လိုက်ပါတယ်။ ”ဘောလခဲမှာနော် ရွှေဘတို့ အချင်းချင်း ပစ်ထားခဲ့တာ။ ကိုယ့်အဖွဲ့ခါကျ နေရာကောင်းယူပြီး အခြားအဖွဲ့ခါကျ အေTခံခိုင်းတာ? စစ်တိုက်နေရင်း သူတို့အချင်းချင်းရန်တွေဖြစ်နေတာ လေယာဉ် ကလည်း သူ့လူပေါ်တွေကိုလည်း ကျဲတာပဲ။ လေယာဉ်ကငါတို့ကိုကျဲတာ မအံ့ဩပါဘူး။ သို့သော် သူ့လူတွေပေါ်ကိုပလိုင်းကြီးကျဲတာတော့ အံ့ဩ”လို့ KNDF ဒုစစ်ဦးစီးချုပ် မာဝီမှ ၎င်းရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ မှတ်ချက်ပြုထားပါတယ်။ ရုပ်သံဖိုင်အတွင်း စစ်သုံ့ပန်းတွေနဲ့ လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့တာကိုလည်း တွေ့ရပါတယ်။ KNDF ဒုစစ်ဦးစီးချုပ် မာဝီက…
-
ဘော်လခဲမြို့တိုက်ပွဲပြင်းထန်းနေ ■KNDF ဒုစစ်ဦးစီးချုပ်က စစ်သုံ့ပန်းများ၊လက် နက်ခဲယမ်းများရရှိသောသတင်းဓါတ်ပုံများကိုထုတ်ဖော်ပြသ
ဘော်လခဲမြို့တိုက်ပွဲပြင်းထန်းနေ ■KNDF ဒုစစ်ဦးစီးချုပ်က စစ်သုံ့ပန်းများ၊လက် နက်ခဲယမ်းများရရှိသောသတင်းဓါတ်ပုံများကိုထုတ်ဖော်ပြသ မတ်-၂၁၊၂၀၂၅။ရဲခေါင်/People’s Spring ကရင်နီပြည်နယ်၊ဘောလခဲမြို့ရှိ စစ်ကောင်စီ အခြေ စိုက်စခန်းများ၊တပ်ရင်းများကို ကရင်နီတပ်ပေါင်းစုက တိုက်ခိုက်နေပြီးတိုက်ပွဲပြင်းထန်ကာ နှစ်ဖက်ထိခိုက်ကျဆုံးမှုများရှိနေသည်။ မတ်လ ၁၉ ရက်တွင် ကရင်နီပူးပေါင်းတပ်က ဘောလခဲ မြို့ရှိစစ်ကောင်စီအခြေစိုက်ရာနေရာအချို့ကိုထိုး စစ် ဆင်ခဲ့နေရာ မတ်လ ၂၁ ရက်အထိ တိုက်ပွဲ များပြင်းထန်နေသည်။ “မင်းတို့တောင်းတလွန်းတော့လည်း တင်ပေးရတာပေါ့ ဘောလခဲမှာ ဘာတွေဖြစ်နေလဲဆိုတာ ၅၁၅ တို့ လ ၁ တို့ ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့ရဲ့ ဗျူဟာမှူးကို မေးကြည့်ပေါ့ ။ကိုယ့်ဟာကိုယ် Aာ Tာ ဖြေတာတော့ SAC လော်ဘီလောက်တော်တာမရှိ ။ဗကမျိုးမင်းသူရဲ့ အမျိုးအဆွေများလည်း သိပြီလား မသိသေးဘူးလားတော့ မပြောတတ် မသိသေးရင်လည်း ဘုန်းကြီးပင့်လိုက်အုံးလို့ပဲ လှမ်းပြောပါရစေ”ဟု ကရင်နီအမျိုး…
-
စစ်တပ်က စစ်မှုထမ်းခိုင်းရန် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းမှ လူငယ်များ၏စာရင်းကိုပါ ကောက်ခံနေပြီး စစ်သင်တန်းတက်ရမည့် လူငယ်များကို ကြိုတင်ဖမ်းဆီး ထိန်းသိမ်းမှုများ လုပ်ဆောင်လာ
စစ်တပ်က စစ်မှုထမ်းခိုင်းရန် မိဘမဲ့ကျောင်းနှင့် ဘုန်းကြီးကျောင်းမှ လူငယ်များ၏စာရင်းကိုပါ ကောက်ခံနေပြီး စစ်သင်တန်းတက်ရမည့် လူငယ်များကို ကြိုတင်ဖမ်းဆီး ထိန်းသိမ်းမှုများ လုပ်ဆောင်လာ ရန်ကုန်၊ မတ် ၂၂ ပဲခူးတိုင်း၊ ပြည်မြို့တွင် အကြမ်းဖက် စစ်တပ်က စစ်မှုထမ်းရန် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သော လူငယ်များ၏ စာရင်းများကိုပါ လိုက်လံ ကောက်ခံနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မတ်လပိုင်းမှ စတင်ကာ ပြည်မြို့ပေါ်တွင် အကြမ်းဖက် စစ်ကောင်စီ၏ မြို့နယ် ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့၏ ညွှန်ကြားချက်ဖြင့် မိဘမဲ့ကျောင်းများနှင့် ဘုန်းကြီးကျောင်းတွင် နေထိုင်သူသော လူငယ်များကို ပါ စစ်မှု ထမ်းရန် အမည်စာရင်း လိုက်လံ ကောက်ခံနေခြင်းဖြစ်ကြောင်း၊ ထို့ပြင် စာရင်းကောက်ခံမှုနှင့်အတူ စစ်မှုထမ်းရမည့် လူငယ်များ ထွက်ပြေးမည်ကို စိုးရိမ်၍ လူငယ်များကို…
-
မြန်မာနိုင်ငံတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများ မလုပ်ဆောင်ဘဲ သဘောထားကွဲလွဲသူများကသာ အကြမ်းဖက်မှုများ လုပ်နေဟု မင်းအောင်လှိုင် ပြောပြန် 🟥 ရိုးရိုးသားသားပြောရလျှင် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော တိုင်း ပြည် ဖြစ်ချင်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ဆို
မြန်မာနိုင်ငံတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများ မလုပ်ဆောင်ဘဲ သဘောထားကွဲလွဲသူများကသာ အကြမ်းဖက်မှုများ လုပ်နေဟု မင်းအောင်လှိုင် ပြောပြန် 🟥 ရိုးရိုးသားသားပြောရလျှင် တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်သော တိုင်း ပြည် ဖြစ်ချင်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် ဆို ရန်ကုန်၊ မတ် ၂၁ မြန်မာနိုင်ငံတစ်ဝန်းတွင် စစ်တပ်က အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ် ဆောင် ခြင်းမရှိဘဲ သဘောထားကွဲလွဲသူများကသာ ဆန့်ကျင်မှုများ လုပ်ရန် အကြမ်းဖက်မှုများလုပ်နေခြင်းဖြစ်ကြောင်း အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုသည်။ ယနေ့ နေပြည်တော်တွင် ပြုလုပ်သည့် ၂၀၂၅ အလွန်မြန်မာနိုင်ငံ၏စိန်ခေါ်မှု Forum on Myanmar Beyond 2025 ဆွေးနွေးပွဲတွင် မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံတွင် တိုင်းပြည် အေးချမ်းမှု ပျက်ပြားနေပြီး အကြမ်းဖက်တိုက်ခိုက်မှုများကို…
-
“🛬မှားကျဲပြန်ပီတဲ့..ဟေ့ အတုံးအရုံး အပုံလိုက် အထပ်လိုက်ပဲ😅😋”
“🛬မှားကျဲပြန်ပီတဲ့..ဟေ့ အတုံးအရုံး အပုံလိုက် အထပ်လိုက်ပဲ😅😋”
-
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ်
ဧရာဝတီတိုင်းအတွင်း တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီ တားမြစ် မတ် ၂၁၊ ၂၀၂၅။ မိထက်/People’s Spring ဧရာဝတီတိုင်းရှိ ရေကြည်၊ ငါးသိုင်းချောင်းနှင့် လေးမျက်နှာမြို့နယ်ထိစပ်နယ်မြေများတွင် တိုက်ပွဲဆက်ပြင်းထန်နေပြီး စစ်ဘေးရှောင်များအား စစ်ကောင်စီက တားမြစ်မှုများရှိနေကြောင်း သတင်းရရှိသည်။ အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက မတ်လ ၁၅ရက်ကစ၍ ရေကြည်မြို့နယ် မြောက်စမ်းကျေးရွာအခြေစိုက် အမှတ်(၃၄၄)အမြောက်တပ် (အမတ-၃၄၄)နှင့် သာပေါင်းမြို့နယ်ရှိ အမှတ်(၃၀၈)ခြေမြန်တပ်ရင်း (ခမရ-၃၀၈)ကို ဦးတည်၍ စစ်ရေးဖော်ဆောင်မှုအရှိန်မြှင့်လိုက်ပြီးနောက် ဒေသတွင်း၌ တိုက်ပွဲများပြင်းထန်လာခြင်း ဖြစ်သည်။ စစ်ကောင်စီက မတ်လ ၁၇ရက်မှစ၍ လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့သည်။ “စစ်ဘေးရှောင်တွေက တစ်နိုင်တစ်ပိုင်သယ်ပြီး ထွက်လာကြရတာ။ ဟင်္သာတ၊ အထောင်၊ ယုန်သလင်း၊ ကွင်းကောက်မြို့အဝင်ဂိတ်တွေမှာ စစ်သားတွေနဲ့ရဲတွေက အသေအလဲစစ်ပြီး ပြန်လွှတ်နေတာ။ တချို့ဆို လမ်းဘေးတွေမှာထိုင်နေရတယ်။ ရခိုင်မှတ်ပုံတင်တွေကိုပိုစစ်တယ်”ဟု လေးမျက်နှာမြို့ခံတစ်ဦးက ပြောသည်။ တိုက်ပွဲမှာ…
-
ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော
ငါ့သရောက်တိုက်ပွဲ စစ်ကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့ဟု ညောင်ဦးပကဖ ပြော မတ်-၂၁၊၂၀၂၅။ဟန်နွေ/People’s Spring မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့သို့ ဝင်ရောက်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းတိုက်ခိုက်ခဲ့ရာ စစ်ကြောင်းမှူးအပါအဝင် သေဆုံးထိခိုက်သူများပြားခဲ့ပြီး စစ်ကြောင်းတစ်ခုလုံးပြုတ်သည်အထိ တိုက်ခိုက်နိုင်ခဲ့သည်ဟု ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။ တပ်မ(၈၈)လက်အောက်ခံ ညောင်ဦးမြို့အခြေစိုက် အမှတ်(၄၁၅)ခြေမြန်တပ်ရင်း (ခမရ-၄၁၅)သည် စစ်ကြောင်း နှစ်ကြောင်းဖြင့် ငါ့သရောက်မြို့အနီးဝင်ရောက်လာရာ ငါးသရောက် အရှေ့ဘက်ခြမ်းဒေသသို့ ဝင်လာသည့် စစ်ကြောင်းကို မတ်လ ၁၄ရက်တွင် တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ခြင်းဟု ၎င်းက ပြောသည်။ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များရှိရာ ပုဂံ၊ညောင်ဦးဒေသတွင် စစ်ကောင်စီတပ်၏ စစ်ကြောင်းတစ်ခုလုံးပြုတ်အောင် တိုက်ခိုက်ခဲ့သည်မှာ ပထမဆုံးအကြိမ်လည်း ဖြစ်သည်။ “ငါ့သရောက်နယ်မြေထဲကို ဝင်လာတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်တာပေါ့။ စစ်ကြောင်းက နှစ်ကြောင်းဗျ။ စစ်ကြောင်းတစ်ကြောင်းကို အင်အား ၈၀ ခန့်မှန်းခြေလောက်ပါတာပေါ့။ အဲဒီ…
-
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်း တာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ(ရုပ်/သံ)
ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်း တာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိ(ရုပ်/သံ) ရန်ကုန်၊ မတ် ၂၁ ပဲခူးတိုင်း၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် လမ်းပိုင်းရှိ စစ်ကွင်းတာဆုံဂိတ်ကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သာယာဝတီခရိုင် PDF မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂၀ ရက်နေ့တွင် မင်းလှမြို့နယ်၊ စစ်ကွင်းမြို့၊ အုတ်တွင်းကျေးရွာအနီး ရန်ကုန်-ပြည် လမ်းပိုင်း၌ အထိုင်ချ တပ်ဆွဲထားသော ပြည်သူများကို ဖမ်းဆီး ငွေညှစ်နေသည့် စစ်ကွင်းတာဆုံ…