တောင်ငူမြို့တွင် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် စည်ပင်၊ ယာဉ်ထိန်းနှင့် မြို့နယ်လျှပ်စစ် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်

by

in

တောင်ငူမြို့တွင် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် စည်ပင်၊ ယာဉ်ထိန်းနှင့် မြို့နယ်လျှပ်စစ် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်
ရန်ကုန်၊ ဩဂုတ် ၂၂

ပဲခူးတိုင်း၊ တောင်ငူမြို့တွင် အကြမ်းဖက် စစ်တပ်အလိုကျ ပြည်သူများကို ဖိနှိပ်နေသည့် ဌာနဆိုင်ရာရုံး ၃ ခုကို ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း တောင်ငူမြို့ပြ တော်လှန်ရေးအင်အားစု တာဝန်ခံ စစ်သူ ကြီးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၂ ရက်နေ့ နံန ၁၀ နာရီခန့်တွင် တောင်ငူမြို့ရှိ အကြမ်းဖက် စစ်တပ် အလိုကျ ပြည် သူများကို ဖိနှိပ်နေသည့် တောင်ငူမြို့ စည်ပင်သာယာရုံးဝန်ထမ်းအိမ်ရာ၊ မြို့နယ်လျှပ်စစ်ရုံး နှင့် ယာဉ်ထိန်း အိမ်ရာတို့ကို ပြင်းအားမြင့်ရှေ့ထွက်မိုင်းဖြင့် တောင်ငူ UG အဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ထိခိုက်မှုရှိမရှိကို အတည်မပြုနိုင်သေးဘဲ မြို့ပြ UG ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“စစ်ခွေးတွေ အထိအခိုက်နဲ့ အသေးစိတ် အခြေအနေကို ဆက်လက်စုံစမ်းနေပါတယ်။ တောင်ငူမြို့အတွင်း စစ်ကောင်စီ အလိုကျ ဖိနှိပ်ဆောင်ရွက် လူပါးဝနေတဲ့ ဌာန ဆိုင်ရာ ၃ ခုကို တိုက်ခိုက်ခဲ့တာပါ” ဟု မြို့ပြ အင်အားစုတော်လှန်ရေး (မ.တ.အ) တာဝန်ခံ စစ်သူကြီးက ပြောဆိုသည်။
လက်ရှိချိန်တွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သော နေရာများကို အကြမ်းဖက် စစ်တပ် ကောင်စီတပ်သားများက ပိတ်ဆို့ကာ အစစ်အဆေးများ တင်းကျပ်စွာ ပြုလုပ်လျက်ရှိကြောင်း သိရသည်။