နေပြည်တော်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၈၀၂ တွင် စစ်သည်တော်များအတွက် အားပေးအမှာစကားပြောကြားခြင်း။

by

in

နေပြည်တော်၊ ပြည်သူ့ကာကွယ်ရေးတပ်ရင်း အမှတ် ၈၀၂ တွင် စစ်သည်တော်များအတွက် အားပေးအမှာစကားပြောကြားခြင်း။ August 21.2024

လူထုတရပ်လုံးနဲ့ ယှဉ်တဲ့
နှိုင်းဆ အကျိုးတွေ ထိခိုက်စေဖို့
အကြောင်းတွေ ဖြစ်နိုင်ကြောင်း
သေချာလာတဲ့ တနေ့နေ့မှာ
ပြတ်ပြတ်သားသား ပြောရမယ့်
ကိစ္စတွေ ရှိတယ်။
အခုတော့
သက်ဆိုင်သူတွေဆီပဲ
တိုက်ရိုက် ရည်ညွှန်း
သိစေဖို့ ပြောနေပါတယ်။
ဉပမာ-
အာကာသဆီ ရည်မှန်း ပစ်လွှတ်လိုက်တဲ့
နိုင်ငံတခုက ဒုံးပျံကြီးတခု အကြောင်း ဆိုပါစို့
ဒုံးပျံထိပ်ဖူးမှာ ကပ်ပေးလိုက်တဲ့
သက်တမ်းလွန် သို့မဟုတ်
အဆင့်မမီတဲ့ မီးခံပြားတချို့ကြောင့်
ပြင်းထန်တဲ့ လေထုပွတ်အား ကြုံရတဲ့ အခါ
ဒုံးပျံထိပ်ဖူးက တဆင့်
ဒုံးပျံတခုလုံးရဲ့ စွမ်းပကားဟာ
အမျိုးမျိုးပျက်ပြားသွားနိုင်တယ်။
အခန့် မသင့်ရင် လေထုထဲမှာပဲ
အပူလွန်ကဲ
ပေါက်ကွဲလောင်ကျွမ်း ပျ-က်စီး သွားနိုင်တယ်။
အဲဒီ ဒုံးပျံကြီးကို ရင်သပ်ရှုမော
အားပေးကြည့်ရှုနေကြသူ နိုင်ငံသားများ အနေနဲ့လည်း
ဒီ နိုင်ငံ ကိုယ်စားပြု ဒုံးပျံကြီးကို အာကာသ ရည်မှန်းရာကို
ရောက်စေချင်မှာပဲ။
အခု အဲဒီဒုံးပျံကို အဝေးထိန်း စနစ်နဲ့ ထိမ်းချုပ်မောင်းနှင်နေတဲ့
ပညာရှင်တွေက ထိပ်ဖူးက အပူခံပြားတချို့ရဲ့ ချို့ယွင်းချက်ကြောင့်
ခံနိုင်ရည်ထက် ပိုတဲ့ အပူကို ထိတွေ့သိရှိနေရပြီ ဆိုပါစို့
ဆက်ပြီး ပူလာရင် အပူလွန်ကဲလာရင် ဘယ်ချိန် ဘာဖြစ်လာနိုင်မလဲ
တွက်ဆ နေကြပြီ ဆိုပါစို့
အဆင့်မြင့် နည်းပညာတွေ နဲ့ ထုတ်လုပ်ထားတဲ့ အတွက်
ထိပ်ဖူးက အပူကာပြား တွေ စွမ်းဆောင်ရည်ကို
ဘယ်လို အားဖြည့် မြင့်တင်မလဲ
အချိန်မီ စီစဉ်နိုင်မှ
ဒုံးပျံကြီးက ရည်မှန်းချက်
အောင်မြင်မှာဖြစ်တယ်။
ဒီသဘောလေး နဲ့ အချို့သော အချင်းအရာတွေအတွက်
အရိပ်အမြွက် သိစေအပ်ပါတယ်။
နေမျိုးဇင်