ထီးချိုင့်မြို့နယ် မြတောင်စစ်ကောင်စီဗျူဟာ၏ ကာကင်းစခန်းသုံးခု KIAပူးပေါင်းတပ် သိမ်းပိုက်

by

in

ထီးချိုင့်မြို့နယ် မြတောင်စစ်ကောင်စီဗျူဟာ၏ ကာကင်းစခန်းသုံးခု KIAပူးပေါင်းတပ် သိမ်းပိုက်
ဟန်နွေ/People’s Spring
စစ်ကိုင်းတိုင်း ထီးချိုင်မြို့နယ် မြတောင်စစ်ကောင်စီ ဗျူဟာစခန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်ရာ ဗျူဟာစခန်း၏ ကားကင်းအချို့ သိမ်းပိုက်ရရှိထားသည်ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဩဂုတ် ၂၁ရက် နံနက် ၅နာရီမှစ၍ အဆိုပါဗျူဟာစခန်းကို ထိုးစစ်ဆင်ခဲ့ရာ မွန်းလွဲ ၃နာရီအချိန်အထိ တိုက်ပွဲဖြစ်နေသည်ဟု ဆိုသည်။
” လေကြောင်းတိုက်ခိုက်မှု ၁၂ကြိမ်ရှိနေပြီ။ စကစတပ်ရဲ့ ကာကင်းစခန်း သုံးခုရပြီ။ တိုက်ပွဲပြင်းထန်နေဆဲပါ”ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
KIAနှင့် တော်လှန်ရေးပူးပေါင်းတပ်သည် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း စစ်ဆင်ရေးများ၌ အတူလက်တွဲ တိုက်ပွဲဝင်လျက်ရှိရာ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများကိုလည်း တိုက်ခိုက်သိမ်းပိုက်ထားသည်။
(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ တပ်သားတစ်ဦး။ ဓာတ်ပုံ – PS)