တာယာနှင့် ကျွတ် အများအပြားထုတ်နိုင်လျှင်စီး
ပွားရေးဖွံ့ဖြိုးနိုင်ဟုအာဏာသိမ်းခေါင်းဆောင်ဆို
■ပြည်တွင်း၌ ဂျုံပြတ်လပ်နေ၊ လက်ဖက်ရည်ဆိုင်အချို့ အီကြာကွေး၊ ပလာတာ အရောင်းရပ်
ရဲခေါင်/People’s Spring
တာယာ နှင့် ကျွတ် အများအပြားထုတ်လုပ်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုများစွာအထောက်အကူပြုမည်ဟု အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။
ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းက နေပြည်တော်
တွင်ပြုလုပ်သည့် ပြည်ထောင်စုအစိုးရအဖွဲ့အစည်း အဝေးတွင် ၎င်းကပြောခြင်းဖြစ်သည်။
“MSME လုပ်ငန်းမှာ စက်မှုကုန်ကြမ်းသိီးနှံများဖြစ်တဲ့ ဝါ၊ရော်ဘာ နဲ့ ကော်ဖီ သီးနှံများကို အရည်အသွေးပြည့်မီသည့် ကုန်ချောများဖြစ်အောင် ပြောကြားခဲ့ပြီး ဖြစ်ကြောင်း၊ရော်ဘာနဲ့ပတ်သက်၍ မိမိတို့နိုင်ငံမှာကုန် ကြမ်းများအလုံ
အလောက်ထွက်ရှိပြီးဖြစ်သ၍ နည်းပညာ နှင့်အရင်းအနှီးကြီးမားစွာဆောင်ရွက်ရန်မလိုသည့် စက်ဘီး၊ဆိုင်ကယ်တို့မှာအသုံးပြုသည့် တာယာ
နှင့်ကျွတ်များအများအပြားထုတ်လုပ်နိုင်ရန် အားပေးဆောင်ရွက်နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက် မှုကိုများစွာအထောက်အကူပြုမည်ဖြစ်ကြောင်း၊သက် ဆိုင်ရာဝန်ကြီးဌာနများ
နှင့် တိုင်းနှင့်ပြည်နယ်အနေဖြင့် အရည်အသွေး
ပြည့်မီသည့် ရာဘာထုတ်ကုန်များထုတ်လုပ်ရေး ဆောင်ရွက်ရန်လိုကြောင်း” အာဏာသိမ်းခေါင်း
ဆောင်က ဆိုခဲ့သည်။
ရွေးကောက်ပွဲပြုလုပ်ရန် နှင့် စီးပွားရေး နှင့်သက်ဆိုင်သည်တို့ကို အာဏာသိမ်းခေါင်းဆောင်က ရှည်လျားစွာပြောဆိုခဲ့သည်ကို တွေ့ရသည်။
ပြည်ပပို့ကုန် ၊သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက
“သူ့မှာ (မင်းအောင်လှိုင်) စီးပွားရေးအမြင်လဲ မရှိသလို စစ်ရေးအမြင်လည်းမရှိဘူး။သိရသလောက် ဦးသန်းရွှေ လက်ထက်ကတောင် အစည်းအဝေးတွေလုပ်ရင် အမြင်တွေ အကြံပြုချက်တွေ ယူတယ်။ဒါပေမယ့် သူ(မင်းအောင် လှိုင်)က သူ့အမြင်တစ်ခုတည်းနဲ့ ဆုံးဖြတ်နေတာ။ဘာလို့ နိုင်ငံ စီးပွားရေးကျနေရလည်းဆိုတဲ့ အကြောင်း တရား
မသိသေးသ၍ သူတို့ဆက်လက်ကျရှုံးနေမှာ ဖြစ်သလို စီးပွားရေးလုပ်ငန်းတွေကလည်း မြေဇာပင်ဖြစ်မှာပဲ”ဟုပြောသည်။
စစ်ခေါင်းဆောင်သည် မြစ်ရေတင်စီမံကိန်းများ၊စိုက်ပျိုးရေးအတွက် ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နိုင်ကြောင်း၊မြစ်ရေတင်စီမံကိန်းအ
တွက်လိုအပ်သည့်လျှပ်စစ်ဓာတ်အားကိုနေရောင်
ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်ယူနိုင်ကြောင်း လည်း ဆိုခဲ့သည်။
ထို့အပြင် နိုင်ငံတော်မှဆောင်ရွက်သည့် ဆိုလာစီ
မံ ကိန်းများရှိသကဲ့သို့ လုပ်ငန်းရှင်များအနေဖြင့်လည်း မိမိတို့လုပ်ငန်းလိုအပ်ချက်အလိုက် ဆိုလာစီမံကိန်းများကို ဆောင်ရွက်ရန် စစ်ကောင်စီခေါင်း
ဆောင်က တိုက်တွန်းခဲ့သည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝန်းလျှပ်စစ်မီးဆိုးရွားစွာပြတ်တောက်မှု၊ကုန်စည်စီး
ဆင်မှုပြတ်တောက်မှု၊ အလုပ်အကိုင်ရှားပါးမှု နှင့် ငွေကြေးဖောင်းပွပြီး ကုန်ဈေးနှုန်းကြီးမှု ၊ ဗဟိုချုပ်ကိုင်မှု ပိုမိုများပြားလာပြီး မူဝါဒများ မတည်
ငြိမ် ဘဲ တိုင်းပြည်စီးပွားရေးမှာ ပို၍ကြပ်တည်းလာသည်။
စစ်ကောင်စီက ပြည်ပမှ တင်သွင်းလာသော ဂျုံကွန်တိန်နာများကို ဆိပ်ကမ်းမှ ပေးမထုတ်၍ ပြည်တွင်းဈေးကွက်တွင် ဂျုံဈေးကြီးလာပြီး ပစ္စည်းပြတ်တောက်လာသည်။ယခင်၁ ပိဿာ
ခုနှစ်ထောင်ကျပ်မှ ကိုးထောကျပ်သို့တက်လာသလို ပစ္စည်း မရှိသလောက်ရှားပါးပြတ်လပ်နေကြောင်း လုပ်ငန်းရှင်တစ်ဦးကပြောသည်။
ဂျုံ ပြတ်လပ်နေမှုကြောင့် ခေါက်ဆွဲ၊ ပလာတာ၊ အီကြာကွေး၊ ကိတ်မုန့် စသော ဂျုံနှင့် လုပ်သောမုန့်များဈေးတက်လိမ့်မည်ဟု လုပ်ငန်းရှင်တဦးကပြောသည်။
“အရင် လေးနှစ်က ကြက်ဥ ၈၀ (ကျပ်) က အခု ၄၀၀ မကျော်ပါစေနဲ့လို့ ဆုတောင်းနေရတာ။စားသောက်ကုန်းပစ္စည်းဆိုတာလည်း ပြတ်လိုက်၊ပြန်ပေါ်လိုက်။အခု ဂျုံ ဆိုလည်း နှစ်ပတ်လောက်ရှိပြီး ပစ္စည်းပြတ်နေတာ။ ခွဲတမ်းနဲ့ပဲရတော့တယ်။အ
များဆုံးနှစ်ထုတ်ပဲ။အကြော်စာ(အီကြာကွေး၊ပလာတာ) ဘာမှရောင်းမရတော့ဘူး။ရှေ့လျှောက် ဆိုင်ပိတ်ရဖို့ပဲရှိတယ်”ဟု အင်းစိန် မြို့နယ်မှ
လဖက်ရည်ဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။
စစ်တပ်အာဏာမသိမ်းခင်က တစ် ဒေါ်လာလျှင် မြန်မာငွေလဲနှုန်း ၁,၃၀၀ ကျပ်နှင့် ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃ သိန်းကျော်သာ ရှိခဲ့ပြီး ယခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် ရွှေဈေးမှာ တစ်ကျပ်သား ၆၅ သိန်းဝန်းကျင် ရှိကာ တစ်ဒေါ်လာငွေလဲနှုန်းသည် အဝယ် ၄,၅၆၀ ကျပ် နှင့် အရောင်း ၄,၆၅၀ ကျပ်ရှိသည်။
(အာဏာသိမ်းခေါင်းဆောင်ကို ဇန်နဝါရီ ၁၇ ရက် စစ်ကောင်စီအစည်းအဝေးတွင်တွေ့ရစဥ်။
ဓါတ်ပုံ-စစ်ကောင်စီ)