မြောက်ဦးရှိ စစ်သုံ့ပန်းများထားရာနေရာ ဗုံးကြဲခံရပြီး ၂၈ ဦးသေဆုံး၊ ၂၅ ဦး ဒဏ်ရာရ
***********************
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ယမန်နေ့ (ဇန်နဝါရီ ၁၈) ညနေတွင် လေကြောင်းမှ ၃ ကြိမ် ဗုံးကြဲခံရပြီး ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ကာ ၂၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA) က ယနေ့ ထုတ်ပြန်သည်။
စစ်ကောင်စီ တိုက်ခိုက်ရေးလေယာဉ်က ယင်းနေ့ ညနေ ၄ နာရီ ၄၅ မိနစ်တွင် ၁ ကြိမ်၊ နောက် ၁ မိနစ်အကြာတွင် ၁ ကြိမ် စီဖြင့် ၃ ကြိမ် ဗုံးကြဲချခဲ့ရာ စစ်သုံံပန်းများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု AA က ဆိုသည်။
ဒဏ်ရာပြင်းထန်သူအချို့မှာလည်း နောက်ထပ်သေဆုံးသူများစာရင်းထဲတွင်ရှိလာနိုင်ပြီး ထိုတပ်မိသားစုဝင်များကို မကြာမီအချိန်ကာလတစ်ခုတွင် ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိပြီး ယာယီထိန်းသိမ်းထားခြင်းဖြစ်သည်ဟု ပါရှိသည်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ်သောနေရာများ စသည့် ပြည်သူကိုမှတ်ထားတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟု AA ထုတ်ပြန်ချက်တွင် ပါရှိသည်။
လေကြောင်းရန်နှင့် လေကြောင်းအန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြပါရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန် AA က သတိပေးထားသည်။
ဂွမြို့အပါအဝင် ရခိုင် ၁၄ မြို့ ၊ ချင်း ၁ မြို့သိမ်းထားသော အာရက္ခတပ်တော် (AA) က စစ်ရေးဖြင့် ဖြေရှင်းသည်ထက် နိုင်ငံရေးနည်းလမ်းဖြင့် အဖြေရှာရန် ၂၀၂၄ ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ခဲ့သည်။
ထိုနောက်ပိုင်း AA ထိန်းချုပ်သော ဒေသများကို လေတပ်က ဗုံးကြဲနေရာ ဒေသခံ ဆယ်ချီ သေဆုံးခဲ့သည်။
ဇန်နဝါရီ ၈ ရက်နေ့ကလည်း ရမ်းဗြဲမြို့နယ်၊ ကျောက်နီမော်ရွာကို ဗုံးကြဲခဲ့သဖြင့် ဒေသခံ ၄၀ ဦး ထက်မနည်း သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရသွားခဲ့သည်။
သက်ကြီးရွယ်အိုများနှင့် ကလေးငယ်အများအပြား မီးလောင်သေဆုံးသည်၊ AA ၏ စာရင်းများအရ သေဆုံးသူ ၂၆ ဦး အလောင်းအတည်ပြုနိုင်ကာ အလတ်စား၊ ပြင်းထန်ဒဏ်ရာရသူ ၁၂ ဦး နှင့် အသေးစားဒဏ်ရာရရှိသူ ၁၅ ဦးအထက်ရှိခဲ့သည်ဟု သိရသည်။
ကျောက်တော်မြို့ရှိ လူနေထူထပ်သော နေရာများကို လေတပ်က ဇန်နဝါရီ ၁၁ ရက်နေ့တွင် ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် အနည်းဆုံး လူ ၁၀ ဦးခန့် သေဆုံးနိုင်ပြီး လူအများအပြား ထိခိုက်ဒဏ်ရာ ရသွားသည်ဟု သိရသည်။
အလားတူ ဇန်နဝါရီ ၁၂ ရက်နေ့က ပေါက်တောမြို့နယ်၊ တောင်ဦးမော်ကျေးရွာကို ၂ ကြိမ် ဗုံးကြဲခံရကြောင်း၊ နေအိမ် ၁ လုံးနှင့် ဆိုင်ခန်း ၁ ခန်း ပျက်စီးသွားခဲ့သည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ စပါးထားကျေးရွာကိုလည်း ဇန်နဝါရီ ၁၆ ရက်နေ့ နံနက် ၃ နာရီက လေကြောင်းမှ ဗုံးကြဲခဲ့ရာ နေအိမ်တစ်လုံး ပျက်စီးပြီး ဗုံးသီး ၁ လုံး မပေါက်ကွဲခဲ့သလို လက်နက်ကြီးကျ၍ နေအိမ် ၉ လုံး ပျက်စီးခဲ့သည်ဟု ဒေသတွင်းသတင်းဌာနများက ဖော်ပြကြသည်။
ဓာတ်ပုံ-AA Info Desk
မြောက်ဦးကို စစ်ကောင်စီ ဗုံးကြဲခံရမှုကြောင့် သေဆုံးသွားသည့် စစ်သုံ့ပန်းများတွင် မကြာမီပြန်လည် လွှတ်ပေးရန် စီစဉ်ထားသူများပါဝင်ကြောင်း AA ပြော
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၉ရက်
ရခိုင်ပြည်နယ် စစ်ပွဲများအတွင်း အာရက္ခတပ်တော် (AA) က လက်ရဖမ်းဆီးထားသော စစ်သုံ့ပန်းများ၊ ၎င်းတို့၏ မိသားစုဝင်များထဲမှ မကြာမီပြန်လည်လွှတ်ပေးရန် စီစဉ်ထားသောသူများကို ယာယီ ထိန်းသိမ်းထားရှိသည့် နေရာအား စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်သဖြင့် ၂၈ ဦးသေဆုံးကြောင်း ယနေ့ ဇန်နဝါရီ ၁၉ ရက်နေ့တွင် ထုတ်ပြန်သည်။
စစ်ကောင်စီသည် ယမန်နေ့ ဇန်နဝါရီ ၁၈ရက်နေ့က မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတစ်ဝိုက်ရှိ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်များထားရှိသည့်နေရာကို ဂျက်ဖိုက်တာဖြင့် ညနေ ၄ နာရီ ၄၅ မိနစ်တွင် တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တွင် တစ်ကြိမ် နှင့် ၄ နာရီ ၄၇ မိနစ်တွင် တစ်ကြိမ် သုံးကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီး စုစုပေါင်း ၂၈ ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ အရေးပေါ်ဆေးကုသမှုခံယူနေရပြီး ၎င်းတို့အနက် ဒဏ်ရာပြင်းထန်သူ အချို့မှာ နောက်ထပ် သေဆုံးသူများစာရင်းထဲတွင် ရှိလာနိုင်သည်ဟု AAက ဆိုသည်။
ယခုကဲ့သို့ဗုံးကြဲခံရ၍ သေဆုံး၊ ဒဏ်ရာရရှိသော စစ်သုံ့ပန်းမိသားဝင်များမှာ ရခိုင်ပြည်နယ် စစ်ပွဲများ အတွင်း ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ၏ တပ်မိသားစုဝင်များဖြစ်ပြီး မကြာမီအချိန်ကာလ တစ်ခုတွင် ၎င်းတို့ကို အာရက္ခတပ်တော်က ပြန်လည်လွှတ်ပေးရန် စီစဉ်ထားရှိကာ ယခုနေရာ၌ ယာယီထိန်းသိမ်းထားခြင်းဖြစ်ကြောင်း သိရသည်။
နိုင်ငံတစ်ဝန်း စစ်ရှုံးနေသော အကြမ်းဖက် စစ်ကောင်စီသည် စာသင်ကျောင်းများ၊ ဆေးရုံဆေးခန်းများ၊ ဈေးများ၊ ဘာသာရေးအဆောက်အုံများ၊ လမ်းတံတားများ၊ စစ်ဘေးရှောင်စခန်းများ နှင့် လူနေထူထပ် သောနေရာများ စသည့် ပြည်သူကိုမှတ်ထား တိုက်ခိုက်သည့်လုပ်ရပ်များကို တရားလက်လွတ် ပြုလုပ်နေပြီး စစ်ရာဇဝတ်မှုများကို နေ့စဉ်နှင့်အမျှ ကျူးလွန်လျက်ရှိသည်ဟုလည်း AA ၏ ထုတ်ပြန်ချက်တွင်ထည့်သွင်း ဖော်ပြထားသည်။
စစ်ကောင်စီ သည် ၂၀၂၅ ခုနှစ် အစောပိုင်းကာလမှစ၍ ဤကဲ့သို့သော အကြမ်းဖက်တိုက်ခိုက်မှုများကို ခပ်စိပ်စိပ်ပိုမိုပြုလုပ်လာသောကြောင့် လေကြောင်းရန် နှင့် လေကြောင်း အန္တရာယ်ကို ယခင်ထက် ပိုမိုသတိထားကြရန်၊ အင်တာနက်၊ ဖုန်းသုံးစွဲမှုများကို သတိထားသုံးစွဲကြရန် AA ကသတိပေး တိုက်တွန်းထားသည်။
ဓာတ်ပုံ-AA Info Desk
ပုံစာ- မြောက်ဦးမြို့နယ်၊ ရမ်းချောင်းအနီးတဝိုက်ရှိ စစ်ကောင်စီ စစ်သုံ့ပန်းမိသားစုဝင်များ ထားရှိရာ နေရာကို စစ်ကောင်စီဗုံးကြဲ၍ သေဆုံးဒဏဏ်ရာရသူများကိုတွေ့ရစဉ်
#မြောက်ဦး #စစ်ကောင်စီ #စစ်သုံ့ပန်း #ဗုံးထိမှန် #သေဆုံး #Ayeyarwaddy_Times