တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ လုံး ထိမှန် ပေါက်ကွဲပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ

by

in

တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်မှု ၄ လုံး ထိမှန် ပေါက်ကွဲပြီး စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုရှိ
ရန်ကုန်၊ ဩဂုတ် ၂၁
ပဲခူးတိုင်း၊ တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ တောင်ငူလေတပ်စခန်းကို ၁၀၇ မမ ရှော့တိုက် ဒုံး ၇ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ ထိမှန်ပေါက်ကွဲခဲ့ကြောင်း Mountain Knights- Civilian Defense Force – MKCDF မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဩဂုတ်လ ၂၀ ရက်နေ့ ည ၁၁ နာရီ ၅၆ မိနစ်အချိန် တောင်ငူမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ ၏ တောင်ငူလေတပ် စခန်းအတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၇ လုံး ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ၄ လုံး အောင်မြင်စွာ ပစ်ခတ် နိုင်ခ့်ကြောင်း၊ စခန်းထိခိုက်ပျက်စီးမှု နှင့် အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက် သေဆုံးမှု အခြေအနေကို ဆက်လက် စုံစမ်းနေဆဲ ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Mountain Knights Civilian Defense Force (MKCDF) အဖွဲ့သည် Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှု ဖြင့် ၊ Mercury Revolution Force (MRF) အဖွဲ့ ၊ သံတောင်မြောက်ပိုင်းအထူးဒေသအဖွဲ့၊ စစ်ဒေသ ၃၁ ပါတီရဲဘော်များ အဖွဲ့တို့ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
တောင်ငူလေတပ်သည် ကရင်နီ ဒေသ၊ ကရင်ပြည်နယ်နှင့်ရှမ်းပြည် တောင်ပိုင်းရှိ ပြည်သူများနှင့် တော်လှန်ရေးအင်အားစုများကိုလေကြောင်း ဖြင့် တိုက်ခိုက်ရာတွင် အဓိက အသုံးပြုသည့် လေ တပ်စခန်းဖြစ်ကြောင်း သိရသည်။
“အဆောက်အအုံတစ်ခုထိတယ်လို့ပဲအကြမ်းဖျဉ်သိထားတယ်။ သိတော့သိထားတယ် ဒါပေမယ့် confirmed မဖြစ်သေးပါ။ ထပ်သိရရင် အသေးစိတ်ထုတ်ပြန်ပါ့မယ်” ဟု Mountain Knights- Civilian Defense Force – MKCDF မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။
ယခုအချိန်၌ တော်လှန်ရေးတွင်ပါဝင်သည့် အဖွဲ့အားလုံးသည် စစ်ရှုံးကောင်စီကို ကျရာနေရာမှ တွန်း လှန်ပါဝင်ကြရမည့် အချိန်ဖြစ်သည့်အတွက် MKCDF အဖွဲ့အနေဖြင့် နိုင်ငံတဝန်းလုံးရှိ တော်လှန်ရေး ညီအစ်ကို မောင်နှမ များနှင့် အတူ တော်လှန်ရေးတွင် ပါဝင်အားဖြည့်သော အားဖြင့် တောင်ငူလေ တပ် စခန်း ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးထားသည်။
တောင်ငူလေတပ်စခန်းကို အောင်မြင်စွာ ဖော်ဆောင်ရန် စနစ်တကျ စီမံပေးသော BWM အဖွဲ့နှင့် အခန်းကဏ္ဍအသီးသီးမှ ကူညီကြသော မြေပြင်တော် လှန်ရေး မိတ်ဖက်အဖွဲ့အားလုံးကို MKCDF အဖွဲ့ မှ အထူးကျေးဇူးတင်ရှိပါကြောင်း၊ ထို့အပြင် မစ်ရှင်အတွက် လိုအပ်သောအသေးစိတ်သတင်း အချက် လက် တို့ကို ပေးပို့သော တောင်ငူလေတပ်မှ တာဝန်သိ စစ်ကောင်စီတပ်သားများကိုလည်း ကျေးဇူး တင်ပါကြောင်၊ မြို့ပြချီတက် MKCDF အဖြစ် ရှေ့ ဆက် မစ်ရှင်များဖော်ဆောင်နိုင်ရန် လဲ ပြည်သူများ ဝန်းရံပေးကြပါ ရန် ဆက်လက် တိုက်တွန်းထားသည်။
ဓာတ်ပုံ- ယခုနှစ် မတ်လ ၁၅ ရက်နေ့ညပိုင်းကလည်း တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်ခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)