တောင်သာ နှစ်ရက်ဆက် တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ပျူ ၃၀ နီးပါးသေဆုံး
MFP၊ ဇန်နဝါရီ – ၁၃
မန္တလေးတိုင်း၊ တောင်သာမြို့နယ်မှာ နှစ်ရက်ဆက် ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်အုပ်စုနဲ့ ပျူစောထီး ၃၀ ခန့် သေဆုံးခဲ့တယ်လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃)က MFP ကို ပြောပါတယ်။
တောင်သာမြို့စွပ်ကျယ်စက်ရုံမှာ တပ်စွဲထားတဲ့ စစ်အုပ်စုအင်အား ၃၀ ပါ စစ်ကြောင်းနဲ့ သီတာယုမွန်ဦးဆောင်တဲ့ ပျူစောထီး ၁၀၀ န့်ဟာ ဇန်နဝါရီလ ၁၁ရက် မနက်အစောပိုင်းမှာ တောင်သာမြို့ကို ခြေလျင်စစ်ကြောင်းထိုးဖို့ ရောက် ရှိလာတာကြောင့် တော်လှန်ရေးပူးပေါင်းတပ်က ဒရုန်းတွေနဲ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စုနဲ့ ပျူစော ထီး ခုနစ်ဦးခန့်သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
“ဒရုန်းတိုက်ခိုက်မှုနဲ့အနီးကပ် battle. (တိုက်ပွဲ) က စကစနဲ့ပျူ ခုနစ်ဦးခန့်နဲ့ ဖော်ကားပေါ်က လက်နက်ကိုင်ပျူ ၂၀ ဦး ခန့်ကျဆုံးပါတယ်။ ပျူနဲ့စကစ ခွဲခြားဖို့တော့ခတ်တယ်။ ပျူအရေတွက်က မြင်းခြံဘက်က များပြီး၊ စကစ အရေ အတွက်က တောင်သာ စွပ်ကျယ်စက်ရုံကလာတာ ၃၀ ဦးခန့်။ သူတို့ နှစ်ကြောင်းပေါင်းမိမှ ကျနော်တို့က အနီးက တိုက်ပြီး ကားနဲ့ထွက်ပြေးတော့ မြင်းခြံနယ်အရောက် မြင်းခြံအဖွဲ့တွေ ဖြတ်တောက်အနေနဲ့ ကားလေးစီးကို တစ် စီး အကုန်ရှင်းပစ်တာပါ ” လို့ မြင်းခြံခရိုင် တပ်ရင်း အမှတ် (၃) တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
အဲဒီစစ်အုပ်စုစစ်ကြောင်းနဲ့ သီတာယုမွန်လက်အောက်ခံ ပျူစောထီးတွေဟာ တောင်သာမြို့ နန်းမြင့်ရွာအရှေ့ဘက် နန်းမြင့် တောင်စွယ် ဘုန်းတော်ကြီးကျောင်းမှာ စစ်ကြောင်းပူးပေါင်းပြီး ဒေသခံတစ်ဦးပေါ်တာဆွဲကာ စစ်ကြောင်း ထိုးလာ တာဖြစ်တယ်လို့ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း(၃) Drone Teamနဲ့ MGN District Drone Team တို့က ပူးပေါင်း တိုက် ခိုက် ခဲ့တာဖြစ်ပြီး တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့အတူ အနီးကပ်ထိပ် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့တာ လို့ ဆိုပါတယ်။
စစ်ကြောင်းတိုက်ခိုက်ခံရတဲ့အတွက် စစ်အုပ်စုဘက်က ဂျက်ဖိုက်တာနှစ်စီးနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရှိရာကို ပစ် ခတ်တိုက်ခိုက်ဖို့ လာပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က တပ်ဖျောက် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ဇန်နဝါရီလ ၁၁ ရက်မှာ ဝိုင်းပတ် ပိတ်ဆို့ထားခဲ့ပြီးနောက် ဇန်နဝါ ရီလ ၁၂ရက် မနက်ပိုင်းမှာ စစ်အုပ်စုက ကားလေးစီးနဲ့ မြင်းခြံဘက်ကို တပ်ပြန်ဆုတ်ခွာဖို့ လုပ်ဆောင်နေချိန် ကြားဖြတ် ဖြတ်တောက်တိုက်ခိုက်နိုင်ခဲ့တယ်လို့ဆိုပါတယ်။
အဲဒီဖြတ်တောက်တိုက်ခိုက်မှုအတွင်း နောက်ဆုံးကားကို ထိရောက်စွာ ပစ်ခတ်ချေမှုန်းနိုင်ခဲ့တဲ့အတွက် ကားပေါ်ပါ စစ်အုပ်စုနဲ့ ပျူစောထီး ၂၀ခန့် မျက်မြင် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲအတွင်း MA 1 ငါးလက် ၊ MA-3 သုံးလက်၊ G3 သုံးလက်၊ Jammer တစ်ခု ၊ ဒရုန်း တစ်စင်း ၊ ကိုးလုံးကျည် ဖြည့်ပစ်ရတဲ့ သေနတ်တစ်လက်၊ မြင်းခြံပျူ အလောင်း လေးလောင်း သိမ်းဆည်းရရှိခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီတိုက်ပွဲအတွင်းတော်လှန်ရေးတပ်ဖွဲ့တွေဘက်ကအထိအခိုက်မရှိတိုက်ခိုက်နိုင်ခဲ့တဲ့အပြင်စစ်အုပ်စုစစ်ကြောင်း က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်လာတဲ့ ပြည်သူတစ်ဦးကိုလည်း ကယ်ထုတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီကြားဖြတ်တိုက်ခိုက်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (တောင်သာ-ပကဖ) ၊ စွန်ရဲ(မြင်းခြံ ပကဖ)၊ မြင်းခြံခရိုင်တပ်ရင်း၁ ၊ တပ်ရင်း ၂ ၊ တပ်ရင်း – ၇ နဲ့ တပ်ရင်း – ၈တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။