ချောင်းသာနှင့်ရွှေသောင်ယံမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းမိသားစုများ ပြောင်းရွှေ့ရန်ပြင်ဆင်

by

in

ချောင်းသာနှင့်ရွှေသောင်ယံမှ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ၀န်ထမ်းမိသားစုများ ပြောင်းရွှေ့ရန်ပြင်ဆင်
ဧရာဝတီတိုင်းမ်
ဇန်နဝါရီ ၁၂ ရက်
ဧရာ၀တိီတိုင်း ၊ ပုသိမ်မြို့နယ် မကျီးဇင်ကျေးရွာကို ဇန်နဝါရီ ၉ ရက်နေ့တွင် အာရက္ခတပ်တော်(AA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်လိုက်ပြီးနောက်ပိုင်း ချောင်းသာမြို့နှင့်ရွှေသောင်ယံမြို့တို့မှ စစ်ကောင်စီ လက်အောက်ခံ၀န်ထမ်းမိသားစု၀င်များ ပြောင်းရွှေ့ရန် ပြင်ဆင်နေကြကြောင်း သိရသည်။
” ၁၀ရက်နေ့ညပိုင်းမှာ မြို့နယ်အုပ်ချုပ်ရေးမှူးက ဌာနဆိုင်ရာတွေကို အစည်းအဝေးခေါ်ပြီး လောလောဆယ် မိသားစုတွေကို ပုသိမ်နဲ့အခြားမြို့တွေကို ပို့ထားဖို့ ခေါ်ပြောထားတယ်။ ဒီရက်ပိုင်းအတွင်းရွှေ့ကြလိမ့်မယ်” ဟု ဒေသခံတစ်ဦးက ဧရာ၀တီတိုင်မ်းကိုပြောသည်။
လက်ရှိတွင် ချောင်းသာမြို့ ဘောလုံးကွင်းကို ရဟတ်ယာဉ်ဆင်းရန်အတွက် အရေးပေါ်ပြင်ဆင်နေပြီး ရွှေသောင်ယံမြို့တွင်လည်း ဟောင်ဝှစ်ဆာအမြောက်များကို တပ်ဆင်ထား၍ တင်ကားများစွာလည်း သွားလာနေကြောင်း ဒေသခံများက ဆိုသည်။
စစ်ကောင်စီတပ်သည် မကျီးဇင်ကျေးရွာကိုပြန်လည်ရရှိရေးအတွက် ကြည်း ၊ရေ ၊လေ တပ်များဖြင့် ပြန်လည်ထိုးစစ်ဆင်နေပြီး အနီးရှိကျေးရွာများကိုလည်း လေ ကြောင်းမှ ဗုံးကြဲမှုများဆက်တိုက် ပြုလုပ်နေသောကြောင့် ဒေသခံများ ပုသိမ်နှင့်သာပေါင်းမြို့များသို့တိမ်းရှောင်နေကြကြောင်း သိရသည်။