လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

by

in

လယ်ဒိုမြို့နယ်တွင် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုး တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်ကောင်စီ တပ်သား ၈ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ရန်ကုန်၊ဇန်နဝါရီ ၉

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ လယ်ဒိုမြို့နယ်တွင် နှစ်ပေါင်း ၅၀ နီးပါကြာ တပ်စွဲထားသော မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်ရာ အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
လယ်ဒိုမြို့နယ်အတွင်း နှစ်ပေါင်း ၅၀ နီးပါးကာ တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ မူသယ် အခြေစိုက် ခူသေစိုးတပ်စခန်းကို တပ်မဟာ ၃ တပ်ဖွဲ့ဝင်များနှင့် တော်လှန်ရေး ပူးပေါင်း တပ်များက ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် စတင် တိုက်ခိုက်ခဲ့ကာ ဇန်နဝါရီလ ၅ ရက်နေ့တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထို စခန်းသိမ်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၈ ဦး သေဆုံးပြီး စစ်ကောင်စီ တပ်သား တချို့ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။
ထို့ပြင် စခန်းအတွင်းမှ ၈၁ မမ လက်နက်ကြီး ၁ လက် အပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်များနှင့် ခဲယမ်း အများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။