သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၂၀ ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရ

by

in

သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၂၀ ကို စစ်မှုထမ်းဖို့ ဆင့်ခေါ်ခံရ
CJ Platform

ရန်ကုန်တိုင်း၊ သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ တပ်မိသားစုဝင် အယောက် ၅၀ အနက် ၂၀ ဦးကို စစ်မှုထမ်းဖို့ စစ်ကောင်စီက ဆင့်ခေါ်ထားတယ်လို့ သန်လျင်နည်းပညာတက္ကသိုလ်မှာ တက်ရောက်နေတဲ့ ကျောင်းသား၊ ကျောင်းသူများထံမှ သိရပါတယ်။
“မိန်းကလေးတွေပါ ပါတယ်။ သူတို့ တပ်မိသားစု စာရင်းကို ကျောင်းမှာ လာကောက်တာ စုစုပေါင်း ၅၀ ရှိတယ်။ အဲဒီထဲကနေ အခု ၂၀ ကို အရင်ခေါ်တာ။ ကျန်သူတွေကိုလည်း ဆက်ခေါ်မယ်ထင်တယ်” လို့ သန်လျင်နည်းပညာ ကျောင်းသူတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီ စစ်မှုထမ်းဥပဒေကို ပြဌာန်းစဉ်မှာ ကျောင်းတက်ရောက်နေဆဲ ကျောင်းသား၊ ကျောင်းသူတွေကို ယာယီကင်းလွတ်ခွင့် ပြုမယ်လို့ ဆိုခဲ့ပေမဲ့ စာသင်ကျောင်းတွေမှာပါ စစ်မှုထမ်းစာရင်းကို လိုက်လံကောက်ယူနေတာပါ။
“အခုက တပ်မိသားစု၊ ဘယ်တော့ သမီးတို့လို ကျောင်းသူတွေလည်း ပါလာမယ်ဆိုတာ မသိဘူး။ ကျောင်းသားတွေအချင်းချင်း အတော်လေး စိတ်ပူနေကြပြီ။ သူတို့ လာမခေါ်ခင် ပြန်ချမလားပေါ့” လို့ သူမက ဆက်ပြောပါတယ်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ယခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်က အသက်သွင်းလိုက်ပြီးနောက် ခြောက်လအတွင်း အပတ်စဉ် ၁ သင်တန်းဆင်းထားပြီး အပတ်စဉ် ၂၊ ၃၊ ၄ တို့ကို ဆက်လက်သင်တန်းပေးနေပါတယ်။
လတ်တလော အပတ်စဉ် ၅ ကို ပြန်လည်စတင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းနေပြီး အမျိုးသမီးတွေကိုလည်း အခုအပတ်စဉ်မှာ စတင်သင်တန်းပေးနိုင်ဖို့ စာရင်းကောက်ယူမှုတွေ ရှိနေတယ်လို့ သိရပါတယ်။
🖋စကားဝါ
ဓာတ်ပုံ – လူမှုကွန်ရက်
#CJPlatform #ရန်ကုန်တိုင်း #သန်လျင်နည်းပညာတက္ကသိုလ်