KNU တပ်မဟာ ၅ တွင် စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှ ဗိုလ်မှူးအပါဝင် ၁၆ ဦးအလံဖြူထောင် အလင်း၀င် ၊ လက်နက်မချသည့် စစ်ကောင်စီတပ်သား ၆ ဦးထွက်ပြေးလွတ်မြောက်နေ
Salween Press
ဇန်နဝါရီ ၉ ရက်နေ့ ၂၀၂၅
KNU တပ်မဟာ ၅ မူတြော်ခရိုင် ဒွဲ့လိုးမြို့နယ်တွင်အခြေစိုက်တပ်စွဲထားသည့် လှဂွန်းပျို (ခို့သွိထ) စစ်ကောင်စီတပ်စခန်းမှ ဗိုလ်မှူးတစ်ဦးအပါအဝင် တပ်ဖွဲ့၀င် ၁၆ ဦးသည် ဇန်နဝါရီလ ၇ ရက်နေ့ည ၁၁နာရီအချိန်တွင် အလံဖြူထောင်ကာ KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များထံသို့အလင်းဝင်လာခဲ့တယ်လို့ နယ်မြေခံစစ်ရေးသတင်းရင်းမြစ်ထံမှသိရှိရသည်။
အလံဖြူထောင်သည့်စစ်ကောင်စီလှဂွန်းပျိုတပ်စခန်းမှာလည်း KNLA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက လက်နက်ခဲယမ်းအများအပြားသိမ်းဆည်းရမိခဲ့သည်ဟု သတင်းရင်းမြစ်ထံမှသိရှိရသည်။
လှဂွန်းပျိုစခန်းကိုရှင်းလင်းခဲ့ပြီးနောက် တပ်စခန်းအား မီးရှို့ဖျက်စီးခဲ့သည်ဟု အဆိုပါသတင်းရင်းမြစ် ကဆိုပါတယ်။
“စခန်းကလက်နက်ခဲယမ်းပစ္စည်းအများအပြားသိမ်းဆည်းပြီးစခန်းကိုမီးရှို့လိုက်ပြီး။ လက်ရှိတော့ လက်နက်မချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးထွက်ပြေးလွတ်မြောက်နေတယ်။ ဆက်ပြီးလိုက်လံ ရှင်းလင်းရေး လုပ်ဆောင်နေတယ်” လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။
လှဂွန်းပျိုစခန်းမှ ၈၁ မမ လက်နက်ကြီး၁လက်အပါအ၀င် လက်နက် ၂၀ လက်သိမ်းဆည်းရမိသည်ဟု သတင်းရင်းမြစ်ကဆိုပါတယ်။
လှဂွန်းပျိုစစ်ကောင်စီတပ်စခန်းသည် တပ်ရင်းအဆင့်ရှိစခန်းဖြစ်ပြီး ဖာပွန်သို့ အဓိကထောက်ပို့ရေး လမ်းကြောင်းတစ်ခုဖြစ်တယ်လို့သိရှိရသည်။
ပုံ – လှဂွန်းပျိုတပ်စခန်းမှသိမ်းဆည်းရမိသောလက်နက်ခဲယမ်းဆက်စပ်ပစ္စည်းများ (Photos: Supplied)
#Salweenpress