စစ်​ကောင်စီက မြန်မာပြည်သူများအ​ပေါ် အကြမ်း ဖက်မှုဖိနှိပ်များအ​ပေါ်လက်ခံနိုင်ဖွယ်မရှိဟု အီယူ နှင့် အ​မေရီကန်အပါအဝင် ၉ နိုင်ငံပူးတွဲ​ကြေညာ

by

in

စစ်​ကောင်စီက မြန်မာပြည်သူများအ​ပေါ် အကြမ်း
ဖက်မှုဖိနှိပ်များအ​ပေါ်လက်ခံနိုင်ဖွယ်မရှိဟု အီယူ နှင့် အ​မေရီကန်အပါအဝင် ၉ နိုင်ငံပူးတွဲ​ကြေညာ
အီယိုရီ/People’s Spring
အာဏာသိမ်းစစ်ကောင်စီက မြန်မာပြည်သူများအပေါ် ဆက်လက် အကြမ်းဖက်ဖိနှိပ်မှုများမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း ဥရောပသမဂ္ဂနှင့် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲကြေညာချက်ထုတ်ပြန်လိုက်သည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာအကြပ်အတည်း ဖြေရှင်းနိုင်ရေးအတွက် ဥရောပသမဂ္ဂ(EU)ကိုယ်စားအဆင့်မြင့်ကိုယ်စားလှယ်နှင့် အမေရိကန်၊ သြစတြေးလျ၊ ကနေဒါ၊ နယူးဇီလန်၊ နော်ဝေး၊ တောင်ကိုရီးယား၊ ဆွစ်ဇာလန်၊ တီမောလက်စတေး၊ ဗြိတိန် နိုင်ငံပေါင်း ၉ နိုင်ငံတို့က ပူးတွဲကြေညာချက်ကို ဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နိုင်ငံတဝန်း ပိုမိုဆိုးရွားလာနေသည့် လူ့အခွင့်အ
ရေးနှင့် လူသားချင်းစာနာမှုအကြပ်အတည်းများအပေါ် အထက်ပါနိုင်ငံများက လွန်စွာစိုးရိမ်ကြောင်းနှင့် လက်ရှိအကြပ်အတည်းသည်အကြမ်း
ဖက်မှုများ ပိုမိုကျယ်ပြန့်လာသည့်အပြင် လူမျိုးများအကြား တင်းမာမှုကိုလည်း ပိုမိုမြင့်တက်လာစေကြောင်း ဖော်ပြသည်။
လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် အရပ်သားများအပေါ် ကျူးလွန်သည့် နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေများကို ချိုးဖောက်မှုများနှင့်ပတ်သက်၍ ယုံကြည်ရသည့် အစီရင်ခံစာများရှိသည်ဟု ဆိုသည်။ ယင်းတွင် ကလေးငယ်များ၊ တိုင်းရင်းသားလူမျိုးစုများနှင့် ဘာသာရေးလူနည်းစုများအား ပြန်ပေးဆွဲခြင်းနှင့် အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ စစ်တပ်၏ အဆင်ခြင်မဲ့ လေကြောင်းတိုက်ခိုက်မှုများက အရပ်သားပြည်သူများအား သေကြေစေခြင်း၊ ဒဏ်ရာရစေခြင်းနှင့် အရပ်သား အဆောက်အဦများ ထိခိုက်ပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်းဖော်ပြသည်။
ထို့အပြင် လိင်ပိုင်းဆိုင်ရာနှင့် ကျား၊ မအခြေအနေပြု အကြမ်းဖက်ခြင်း၊ နေအိမ်များမီးရှို့မှု၊ လူသားချင်းစာနာမှုဆိုင်ရာလုပ်သားများနှင့် အကူအညီပစ္စည်းများကို တိုက်ခိုက်ခြင်းတို့ကို ကျူးလွန်ခဲ့ကြောင်း ဆက်လက်ဖော်ပြသည်။ စစ်ကောင်စီနှင့် လက်နက်တပ်ဖွဲ့များစွာက လူသားချင်းနာမှုဆိုင်ရာပေးအပ်မှုများကို ကန့်သတ်မှုများပြလုပ်ခဲ့ကြောင်း အထက်ပါနိုင်ငံများက ပူးတွဲကြေညာသည်။
“ကျွန်ုပ်တို့ဟာ အရပ်သားများကို (ခန္ဓာကိုယ်)
အစိတ်စိတ်အမွှာမွှာ ပြုလုပ်ခြင်းနဲ့ မီးရှို့ခြင်းပြု
လုပ်တဲ့ ထိတ်လန့်ဖွယ်ရာ အစီရင်ခံစာများကိုလည်း မြင်တွေ့ခဲ့ရပါတယ်” ဟု ကြေညာချက်၌ ဖော်ပြသည်။ မည်သည့်အဖွဲ့က ကျူးလွန်သည်ဆိုသည်ကို ပူးတွဲကြေညာချက်၌ ဖော်ပြခြင်းမရှိပေ။
ဆက်လက်ပြီး ရက္ခိုင်ပြည်နယ်၌ ပဋိပက္ခပိုမိုနက်
ရှိုင်းကျယ်ပြန့်လာခြင်းနှင့် ရိုဟင်ဂျာများအပါ
အဝင် အသိုင်းအဝန်းအားလုံး တွေ့ကြုံခံစားရမှုများကို လွန်စွာစိုးရိမ်နေရကြောင်း ဖော်ပြသည်။ ရိုဟင်ဂျာများအား ပစ်မှတ်ထားသည့် နိုင်ငံတကာ
ဥပဒေချိုးဖောက်မှုများ အစီရင်ခံစာများနှင့် ရက္ခိုင်ပြည်နယ်သာမက နိုင်ငံတဝန်း လူမျိုးများအကြား မီးထိုးလှုံံ့ဆော်ပေးခဲ့သည့် စစ်တပ်၏ သမိုင်းကြောင်းကလည်း အရပ်သားများအပေါ် ကြီးမားသည့်အန္တရာယ်ကို မီးမောင်ထိုးပြသနေကြောင်း ဆက်လက်ဖော်ပြသည်။
“ကျွန်ုပ်တို့အနေနဲ့ စစ်ကောင်စီနဲ့ မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အားလုံးကို အကြမ်းဖက်မှုလျှော့ချဖို့၊ နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေနှင့် နိုင်ငံတကာလူ့အခွင့်အရေးဥပဒေများကို လေးစားလိုက်နာဖို့၊ အရပ်သားတွေကို အကာအကယ်ပေးဖို့နဲ့ အမျိုးသမီး၊ ကလေးငယ်များ၊ တိုင်းရင်းသားနဲ့ လူနည်းစု ပြည်သူများအပါအဝင် ပြည်သူအားလုံးကို အသက်ကယ်ဆယ်ရေးအကူ
အညီများ ပေးအပ်နိုင်ရေး လူသားချင်းစာနာမှုအကူအညီများကို အတားအဆီးမဲ့ ဘေးကင်းလုံခြုံစွာ အပြည့်အဝပေးအပ်နိုင်ဖို့ တိုက်တွန်းပါတယ်” ဟု အီးယူနှင့် နိုင်ငံ ၉ နိုင်ငံက ထုတ်ပြန်
သည်။
ယင်းနောက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ မြန်မာ့အရေးဆုံးဖြတ်ချက် 2669 ကို လိုက်နာအ
ကောင်အထည်ဖော်ရန် ထပ်မံတိုက်တွန်းခဲ့ပြီး မြန်မာ့အကျပ်အတည်းဖြေရှင်းနိုင်ရေး အာဆီယံအလှည့်ကျဥက္ကဋ္ဌနှင့် အထူးကိုယ်စားလှယ်၊ ဘုံဆုံးဖြတ်ချက် ၅ရပ်နှင့်အညီ အာဆီယံ ဗဟိုပြုအခန်းကဏ္ဍနှင့် ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စား
လှယ်၏ အရေးပါသည့်အခန်းကဏ္ဍကို အသိအ
မှတ် ပြုကြောင်း ပူးတွဲကြေညာချက်၌ ဖော်ပြ
သည်။
အီးယူအဆင့်မြင့်ကိုယ်စားလှယ်နှင့် နိုင်ငံ ၉နိုင်ငံတို့က အားလုံးပါဝင်သောဒီမိုကရေစီလမ်းကြောင်း
ပေါ် ပြန်လည်ရောက်ရှိရေးနှင့် မြန်မာနိုင်ငံအခြေ
အနေ ငြိမ်းချမ်စွာအဖြေရှာရေးအတွက် စစ်မှန်သော၊ အပြုသဘောဆောင်သော၊ အားလုံးပါဝင်သော တွေ့ဆုံဆွေးနွေးရေးကို ဆက်လက်တောင်းဆိုပံ့ပိုးကြောင်း ဖော်ပြသည်။
(ရှမ်းပြည်နယ် ၊နမ့်ခမ်းမြို့နယ်တွင် စစ်​ကောင်စီက ဗုံးကြဲပြီး​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-AFP)