ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ…

by

in

ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေ၊ စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိ…
ဇန်နဝါရီ ၇ ၊ ၂၀၂၅

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်၊ ကျောက်ဂူဒေသမှာ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး စစ်ကောင်စီတပ်ဆီက ဒရုန်း ၁ လက် သိမ်းဆည်းရမိခဲ့တယ်လို့ DPLA က ဒီနေ့ ထုတ်ပြန်ပါတယ်။
ဇန်နဝါရီလ (၄) ရက်မှာ ကျောက်ဂူရဲစခန်းနဲ့ ကျောက်ဂူအမြောက်တပ် (အမတ၃၄၉) ၊ ဇန်နဝါရီလ(၅)ရက်မှာ တောင်ထိပ်ရွာနဲ့ အင်တောမြို့ကြားတို့မှာ စစ်ကောင်စီတပ်နဲ့ DPLA တို့ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) က ဒရုန်း(၁)စီး သိမ်းပိုက်ရရှိခဲ့ပြီး စစ်ကောင်စီတပ်က ထိခိုက်သေဆုံးမှုအသေးစိတ်ကိုတော့ မသိရသေးဘူးလို့ DPLA က ဆိုပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပြည်သူလူထု နေထိုင်ရာကျေးရွာတွေကို လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်မှုကြောင့် ခဲကြားရွာနဲ့ ဖက်ရင်းကုန်းရွာအတွင်း လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ရာ အဆောက်အဦးပျက်စီးဆုံးရှုံးမှုတွေ ရှိခဲ့တယ်လို့ DPLA က ထုတ်ပြန်ထားပါတယ်။
ဓာတ်ပုံ – DPLA