ရန်ကုန်​​-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ

by

in

ရန်ကုန်​​-မန္တလေး အမြန်လမ်းတွင် မီးသတ် ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိ
ရန်ကုန်၊ ဇန်နဝါရီ ၇

ရန်ကုန်​​-မန္တလေး အမြန်လမ်းတွင် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘနှင့်ဇနီး ၊ ဗိုလ်ကြီးဇနီး ဒေါ်ယုယုခိုင် အပါအဝင်စစ်ကောင်စီလက်အောက်ခံ စစ်ဘက်၊ အရပ်ဘက်နှင့် ပျူစောထီး စုစုပေါင်း ၆ ဦး ဖမ်းဆီးရရှိကြောင်း Aung San’s Land Natmauk တာဝန်ခံ ဘာမထီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် ဒေသ တော်လှန်ရေးတပ်တစ်ခုဖြစ်သော Aung San’s Land Natmaukက ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ တွင် ရှောင်တခင် ဖမ်းဆီးစစ်ဆေးရာ မီးသတ်ဦးစီးဌာနမှ ညွှန်မှူး ရွှေဘနှင့် ဒေါ်ခင်နွဲ့ရွှေတို့ကို ဖမ်းဆီးရရှိကြောင်း၊ ထို့ကြောင့် မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ရွှေဘ၏ လက်ကိုင်ဖုန်းကို စစ်ဆေးရာ PDF များ၏ စစ်ရေး လုပ်ဆောင်ချက်များကို တည်နေရာ အတိအကျ သတင်းပေး၍ စခန်းဝင်စီးခြင်း၊ PDF နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏သတင်းများကို စုံစမ်း နှိုက်ယူ၍ စစ်ကောင်စီထံသို့ တင်ပြခြင်း၊ လာဘ်စားခြင်းများ လုပ်ဆောင်ခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ရွှေဘသည် ပြည်ထဲရေးဝန်ကြီးဌာန လက်အောက်မှ ဝန်ထမ်းပီသစွာဖြင့် ပြည်သူနှင့် မပူးပေါင်းဘဲ တော်လှန်ရေးကို အမျိုးမျိုး ဒုက္ခပေးမှုများကို စိစစ်တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
အလားတူ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ ရန်ကုန်-မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၆၂ ဝန်းကျင်တွင် စစ်ကောင်စီ၏ ထောက်ပို့တပ်မှ တပ်ကြပ် ၁ ဦး၊ ပျူစောထီး ၁ ဦး၊ ကပစ စစ်သား ၁ ဦး နှင့် ဗိုလ်ကြီး တစ်ဦး၏ ဇနီးဖြစ်သူ ဒေါ်ယယုယုခိုင်တို့ကိုလည်း ဖမ်းဆီးရရှိခဲ့ကြောင်း သိရှိရသည်။
“ဖမ်းဆီးရရှိသူတွေအားလုံးကို သက်ဆိုင်ရာ ပကဖ အဖွဲ့ထံ လက်လွှဲ အပ်နှံထားပါတယ်။” ဟု Aung San’s Land Natmauk တာဝန်ခံ ဘာမထီက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
Aung San’s Land Natmauk အနေဖြင့် တော်လှန်ရေးအတွက် စစ်အာဏာရှင်ဆန့်ကျင်ရေး လုပ်ငန်းစဉ်များကို အရှိန်အဟုန်မြှင့် လုပ်ဆောင်လျက်ရှိပြီး တော်လှန်ရေးကိစ္စများအတွက် https://www.facebook.com/profile.php?id=61567876437655… သို့ ဆက်သွယ်နိုင်ကြောင်း တာဝန်ခံ ဘာမထီက ရှင်းလင်းပြောဆိုသည်။