ဆဒုံးဘက်သို့လာ​သော စစ်တပ်ယာဥ်တန်းကို KIA တိုက်ခိုက်

by

in

ဆဒုံးဘက်သို့လာ​သော စစ်တပ်ယာဥ်တန်းကို
KIA တိုက်ခိုက်
အိမ်သွင်/People’s Spring

ဆဒုံးမြို့ဘက်သို့လာသည့် စစ်ကောင်စီယာဥ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့်
KPDF ပူးပေါင်းတပ်များက ဝိုင်း‌မော်- ကန်ပိုင်တီလမ်းတစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲအပြင်အထန်ဖြစ်ပွားခဲ့သည်။
ဇန်နဝါရီ ၃ ရက် ​နေ့ခင်းပိုင်းတွင် မြစ်ကြီးနားမြို့
မှထွက်လာပြီး ဝိုင်း‌မော်မြို့ကို ဖြတ်၍ ဆဒုံးမြို့ဘက်သို့ ဦးတည်မောင်းနှင်နေသည့် စစ်ကောင်စီကားလေးစီးကို ဝိုင်း‌မော်-ဆဒုံး – ကန်ပိုင်တီလမ်းပိုင်းမှ နန်‌ဇော်ယန်ရွာလမ်းပိုင်းတွင် KIA နှင့်ပူး​ပေါင်းတပ် တိုက်ခိုက်ခြင်းဟု ဒေသခံတဦးကပြောသည်။
“ဒီရက် KIAဘက်က မြစ်ကြီးနား၊ ဝိုင်းမော်ဘက်မှာ ငြိမ်နေတော့ ‌ သွေးတိုးစမ်းပြီး တက်လာတဲ့သဘောပဲ။ ဒီနေ့ချတာတော့ ကြမ်းတယ်။ ညနေကနေစပစ်တာ ည ၈နာရီလောက်မှ ရပ်သွားတယ်” ဟု ဒေသခံတစ်ဦးကပြောသည်။
ညဘက်ဖြစ်နေခြင်းနှင့် လမ်းပိုင်းအသုံးပြုခွင့်ကိုကန့်သတ်ထားသောကြောင့် တိုက်ပွဲအတွင်းထိခိုက်မှုအခြေအနေများကိုမသိရှိရသေးပေ။
ဆဒုံးမြို့သည် ပြီးခဲ့သည့် နိုဝင်ဘာလက KIA သိမ်းယူခဲ့သည့် ကချင်အထူးဒေသ(၁) ထဲ‌တွင်ပါဝင်သည်။ KIAသည် ဆဒုံး၊ ကန်ပိုက်တီ၊ ချီ‌ဖွေ၊ ဆော့လော်၊ ဖီမော်၊ပန်ဝါတို့ပါဝင်သည် ကချင်အထူးဒေသ(၁)တစ်ခုလုံးကို သိမ်းယူထားသည်။ကချင်အထူးဒေသ(၁)တွင် ဝိုင်းမော်မြို့နယ်မှ ကျေးရွာအချို့လည်းပါဝင်ပြီး KIAက ဝိုင်းမော်မြို့သိမ်းတိုက်ပွဲ မဖော်ဆောင်သေးပေ။
လက်ရှိတွင် KIAက ‌ဗန်းမော်မြို့သိမ်းတိုက်ပွဲတိုက်
ခိုက်နေသည်။ဗန်းမော်မြို့တွင် တိုက်ပွဲပြင်းထန် နေချိန်၌ စစ်ကောင်စီက မြစ်ကြီးနားမြို့တစ်ဖက်ကမ်းရှိ ဝိုင်းမော်မြို့နယ်သို့ အင်အားဖြည့်တင်းနေကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။
(စစ်​ရေး​လေ့ကျင့်​နေ​သော KIA တပ်ဖွဲ့ဝင်အချို့။
ဓါတ်ပုံ-File Photo)