ရေလယ်ကျွန်းသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ပျူစစ်ကြောင်းကို ဒရုန်း ၆ စီးနဲ့ ဗုံးသီးကြဲချတိုက်ခိုက် (ရုပ်/သံ)
ဒီဇင်ဘာ ၂၇၊ ၂၀၂၄
မကွေးတိုင်း ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသသို့ စစ်ကြောင်းထိုးလာတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျူစောထီးစစ်ကြောင်းကို ဒီဇင်ဘာ ၁၉ ရက်က Fixed wing Drone ၆ စီးနဲ့ ဗုံးသီး ၁၀ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်ညီနောင်-ပြောက်ကျားတပ်ဖွဲ့ ထံက သိရပါတယ်။
တိုက်ခိုက်မှုမှာ ပျူစောထီးစစ်ကြောင်း ထိခိုက်သေဆုံးမှုရှိခဲ့ပြီး တော်လှန်ရေးရဲဘော်တွေရဲ့ Fixed wing Drone ၅ စီးလည်း ပျက်ကျဆုံးရှုံးခဲ့ရတယ်လို့ သိရပါတယ်။
ဒါ့အပြင် ရေစကြိုမြို့နယ် မင်းရွာမှာ အထိုင်ချတပ်စွဲထားတဲ့ မြင်းခြံမြို့က အကြမ်းဖက်စစ်သား၊ ရဲနဲ့ ပျူစောထီးတွေကို ဒီဇင်ဘာ ၁၆ ရက်ကနေ ဒီဇင်ဘာ ၁၉ ရက်အထိ Fixed wing Drone အစီး ၂၀နဲ့ Mar T ၁ စီးအသုံးပြုပြီး ဗုံးသီးအလုံး ၂၀၀ ကြဲချတိုက်ခိုက်ကာ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့၊ YLK ပြောက်ကျားတပ်၊ ဂဠုန်မင်းပြောက်ကျားတပ်ဖွဲ့၊ ရေစကြိုတပ်ပေါင်းစု Drone တပ်ဖွဲ့၊ Bright Star Group၊ M.D.F Drone ကျားခင်စိန်တပ်ဖွဲ့၊ စစ်ကိုင်းခရိုင် တပ်ရင်း(၁) တပ်ခွဲ(၃)၊
စစ်ကိုင်းခရိုင် တပ်ရင်း(၂)တပ်ခွဲ(၃)၊ PEACOCk Drone Team-Myaung၊ ငါးဇွန်အားမာန်သစ်တပ်ဖွဲ့၊ ဗိုလ်စားကလေးဒရုန်းတပ်ဖွဲ့(Sparrow Drone Strike)၊ မုံရွာခရိုင်အမှတ်(၁၂)တပ်ရင်း၊တပ်ခွဲ(၃)လျှပ်စီးတပ်ခွဲ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်နဲ့ ယင်းမာပင်ခရိုင် ဓားမဆိုင်းတပ်မတော်တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတယ်လို့ သိရပါတယ်။