စစ်အာဏာရှင်ဟောင်း သန်းရွှေနဲ့ ၄င်းမိသားစုကို မင်းအောင်လှိုင်က ပြည်ပထွက်ခွါခွင့် ပိတ်ပင်ထား

by

in

စစ်အာဏာရှင်ဟောင်း သန်းရွှေနဲ့ ၄င်းမိသားစုကို မင်းအောင်လှိုင်က ပြည်ပထွက်ခွါခွင့် ပိတ်ပင်ထား
AAMIJ / ဒီဇင်ဘာ၂၆
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၄င်းတို့ရဲ့ ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ နဲ့ သူရဲ့မိသားစုဝင်တွေကို နေပြည်တော် ပြင်ပသို့ ထွက်ခွါခွင့်ကို ကန့်သန့်ပိတ်ပင်ထားတဲ့အပြင် ပြည်ပကိုပါ ထွက်ခွါခွင့် ပိတ်ပင်ထားတယ်လို့ နေပြည်တော်သတင်းအရင်းမြစ်ထံကနေ သိရပါတယ်။
ဦးသန်းရွှေရဲ့ အချစ်တော် မြေးဖြစ်သူ နေရွှေသွေးအောင်အပါဝင် တစ်မိသားစုလုံးကိုလည်း ပြည်ပထွက်ခွါခွင့်ကို ပိတ်ပင်ထားကြောင်း အဆိုပါ နေပြည်တော်သတင်းအရင်းမြစ်ရဲ့ပြောဆိုချက်အရ သိရပါတယ်။
“ဦးသန်းရွှေကို နေပြည်တော်ကနေကို ပေးမထွက်တာ အကျယ်ချုပ်ချထားတာလည်း မဟုတ်ဘူး။ သူ့ရဲ့မိသားစုကိုလဲ ပြည်ပထွက်ခွါခွင့်ကိုပိတ်ထားတယ်။ ဖိုးလပြည်တောင် ရန်ကုန်မှာပဲ ရှိတယ်” လို့ နေပြည်တော်သတင်းအရင်းမြစ်က AAMIJ ကို ပြောပါတယ်။
အောက်တိုဘာလ ၁၁ ရက်နေ့က စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်၊ နေရွှေသွေးအောင်ရဲ့ ဖခင် ဒေါက်တာ နေစိုးမောင်ကို လူမှုကွန်ယက်ဆိုရှယ်မီဒီယာပေါ်မှာ စစ်တပ်ကိုဆန့်ကျင်ဝေဖန်တဲ့ပိုစ်များတင်တယ်လို့ ဆိုကာ စစ်ကောင်စီတပ်က ဖမ်းဆီးထားပါတယ်။
#aamij