အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရရှိထားသော ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထား၊ ဒုတိုင်းမှူးနှင့်တိုင်းစစ်ဦးစီးချုပ်ကို စတင်ဖမ်းဆီးမိချိန် သံခြေကျင်းခတ်ထားသည့် မြင်ကွင်းကိုပါ ထပ်မံ ထုတ်ပြန်

by

in

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရရှိထားသော ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့် ရှောက်ထား၊ ဒုတိုင်းမှူးနှင့်တိုင်းစစ်ဦးစီးချုပ်ကို စတင်ဖမ်းဆီးမိချိန် သံခြေကျင်းခတ်ထားသည့် မြင်ကွင်းကိုပါ ထပ်မံ ထုတ်ပြန်

ရန်ကုန်၊ ဒီဇင်ဘာ ၂၇
ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဖမ်းဆီးရရှိထားသော ရာပေါင်းများစွာသော စစ်သုံ့ပန်းများကို AA က ဆေးဝါးကုသပေးပြီး ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားကြောင်း AA က ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများနှင့်တကွ သတင်းထုတ်ပြန်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် AA က အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ပြီးနောက် အဆိုပါ ဓာတ်ပုံနှင့် ဗီဒီယိုများကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး စစ်သုံ့ပန်းများကို စတင်ဖမ်းဆီးချိန်က ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့မှာ သံခြေကျင်းခတ် ခံထားရသည့် ဓာတ်ပုံများကို ထုတ်ပြန်ခဲ့သည်။
နောက်ပိုင်းတွင် စစ်သုံ့ပန်းများကို လိမ္မော်ရောင်ဝတ်စုံများ ဆင်မြန်းပေးထားပြီး ကောင်းမွန်စွာ ကျွေးမွေးထားသည်ကို တွေ့ရှိရသည်။
စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံထားရသော အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက “အာရက္ခတပ်တော်အနေနဲ့ လက် လွတ်စပယ် မလုပ်ပါဘူး။ ဥပဒေနဲ့အညီပဲ ဆက်ဆံပါတယ်။ အာရက္ခတပ်တော်က သုံ့ပန်းတွေကို သုံ့ပန်းဥပဒေနဲ့အတိုင်းထိန်းသိမ်းထားရှိပါတယ်။ သူတို့တွေဆီမှာရှိတဲ့ ရိက္ခာ ဆေးဝါးတွေနဲ့ အစားအစားအသောက်တွေကို အစွမ်းကုန် ပြုစု ထိန်းသိမ်းစောင့်ရှောက်ပေးပါတယ်” ဟု ပြောဆိုထားသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒဏ်ရာရရှိထားသော စစ်သုံ့ပန်းများကို AA တပ်တော်က ကောင်းမွန်စွာ ဆေးဝါးကုပေးထားသည်ကိုလည်း AA ၏ ထုတ်ပြန်ချက်တွင် မြင်တွေ့ရသည်။