ပေါက်ခေါင်းတွင် တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ ပေါ်တာဆွဲ ဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၅
ပဲခူးတိုင်း၊ ပေါက်ခေါင်းမြို့နယ်တွင် စစ်မှုထမ်း တပ်သားသစ်များရရှိရေး စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေသူ နတ္တလင်းကျေးရွာမှ ခင်စိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDF တပ်ရင်း ၏ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဒီဇင်ဘာလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန် ပဲခူးတိုင်း ပေါက်ခေါင်းမြို့နယ် ကင်မွန်းခြုံအုပ်စု နတ္တလင်းကျေး ရွာနေ ခင်စိုးကို ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော် ၃၆၀၁ PPDFတပ်ရင်း တပ်ခွဲ ၃ က ၎င်း၏ နေအိမ်သို့သွားရောက်၍ ပစ်ခတ်ရာ နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။
သေဆုံးသူ ခင်စိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့်ပူးပေါင်းပြီး စစ်သားသစ် စုဆောင်းခြင်း၊ လူငယ်များကို ကိုအတင်းအဓ္မပေါ်တာဆွဲရာတွင် အားတက်သရောလိုက်ပါဆောင်ရွက်ခြင်း၊ ပေါ်တာဆွဲပြီး အသက်မပြည့်သူများကို ငွေကြေးဖြင့် ရွေးခိုင်းပြီး စစ်ကောင်စီကို အားပေးထောက်ခံခြင်း ၊ တော်လှန်ရေးထောက်ပို့ရဲဘော်များ၏သတင်းအချက်လက်များကိုလိုက်လံစုံစမ်းခြင်းတို့ကိုပြုလုပ်နေသေူဖြစ်ကြောင်း သိရှိရသည်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်များအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ထွေ/အုပ်စာရေးများ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ သတင်းပေးလမ်းပြများကို ပြတ်ပြတ်သားသားအရေးယူဆောင်ရွက်နေပြီ ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် ၎င်းတို့ရှိသောနေရာများသို့ သွားလာနေထိုင်ခြင်း၊အားပေးကူညီခြင်းနှင့်ပူးပေါင်းဆောင်ရွက်ခြင်းများမပြုလုပ်ကြပါရန် ပြည်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ၃၆၀၁ PPDFတပ်ရင်းက သတိပေးထားသည်။