တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ရှိလာ
-People’s Spring
ချင်းညီနောင်နဲ့ မဟာမိတ်တပ်တွေက မင်းတပ်မြို့အပါအဝင် မင်းတပ်မြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၁ရက်မှာ သိမ်းပိုက်နိုင်ခဲ့ပါတယ် ။ နောက်တစ်ရက်မှာ ကန်ပက်လက်မြို့ကိုက စစ်ကောင်စီတပ်နဲ့ ရဲတွေဟာမြို့ကနေ ထွက်ပြေးသွားကြတာကြောင့် ချင်းညီနောင်က ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ကန်ပက်
လက်မြို့ကိုထပ်မံသိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပါတယ် ။ ကျင်ဒွေးမြို့ကိုလည်း ချင်းညီနောင်နဲ့ မဟာမိတ်တွေက သိမ်းပိုက်ပြီးဖြစ်တာမို့ ချင်းပြည်နယ် တောင်ပိုင်းမှာ စစ်ကောင်စီကင်းစင်သွားပြီဖြစ်ပါတယ်။
အခုဆိုရင်တော်လှန်ရေးတပ်တွေသိမ်းပိုက်ထိန်း
ချုပ်ထားတဲ့ မြို့ပေါင်း ၉၃ မြို့ ရှိပြီဖြစ်ပါတယ်။ဒါအပြင် အာရက္ခတပ်တော်(AA)က ဂွမြို့သိမ်းတိုက်ပွဲ ၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ဗန်းမော်မြို့သိမ်းတိုက်ပွဲ နဲ့ မံစီမြို့နယ်ကစစ်တပ်လက်ကျန်စခန်းသိမ်းတိုက်ပွဲ ၊ PDF +ABSDF နဲ့မဟာမိတ်တပ်တွေ က အင်းတော်မြို့သိမ်းတိုက်ပွဲ ၊ ချင်းညီနောင်က ဖလမ်းမြို့သိမ်းတိုက်ပွဲ တွေ ဆင်နွှဲလျက်ရှိပါတယ် ။