လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ

by

in

လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်း၌ တပ်စွဲထားသော စစ်စခန်းကို တိုက်ခိုက် သိမ်းပိုက်မှု စစ်တပ်ဘက်မှ ဗိုလ် ၁ ဦးအပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိ
ရန်ကုန်၊ ဒီဇင်ဘာ ၂၁

ကရင်နီပြည်၊ လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ဗိုလ် ၁ ဦး အပါအဝင် ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNDF အမှတ် ၂ ဗျူဟာ ထံမှ သိရသည်။
ဒီဇင်ဘာလ ၁၈ ရက်နေ့ နံနက် ၆ နာရီခန့်တွင် လွိုင်ကော်မြို့နယ်၊ အောင်သပြေဂူကုန်းပေါ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်စခန်းကို ကရင်နီ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ၂ ပွင့် ဗိုလ် ၁ ဦး၊ တပ်ကြပ် ၁ ဦးအပါအဝင် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးပြီး ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း သိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများ အသုံးပြုသော MA-1 အမျိုးအစား သေနတ် ၇ လက်၊ MA-11 အမျိုးအစား သေနတ် ၄ လက် နှင့် MA-3 အမျိုးအစား သေနတ် ၁ လက် စုစုပေါင်း သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။
ယင်းစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီဘက်မှ ဒရုန်း အပါအဝင် လက်နက်ကြီးများဖြင့် အများအပြား ပြန်လည်ပစ်ခတ်ခဲ့သည့်အပြင် လွိုင်ကော်မြို့မှ တဆင့်အခြားနေရာ ဒေသများကို ထိုး စစ် ဆင်တိုက်ခိုက်မှုများ ပြန်လည်ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ အမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၂ ၊ KNDF တပ်ရင်းအမှတ်- ၁၄ ၊ KNDF UAV နှင့်Loikaw Local PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။
ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်ရေးအခြေအနေများကို အမြဲမပြတ် နားစွင့်ထားရန် KNDF အမှတ် ၂ ဗျူဟာက တိုက်တွန်းထားသည်။