အောင်လင်းဒွေး၊ ညိုစော၊ ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးအဆင့်တိုး၊ ၎င်းတို့ထဲကတစ်ဦးကို ကာချုပ်သစ်ခန့်ပြီး မင်းအောင်လှိုင် ပြေးတော့မယ်ဟုဆို

by

in

အောင်လင်းဒွေး၊ ညိုစော၊ ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးအဆင့်တိုး၊ ၎င်းတို့ထဲကတစ်ဦးကို ကာချုပ်သစ်ခန့်ပြီး မင်းအောင်လှိုင် ပြေးတော့မယ်ဟုဆို
CJ Platform

အာဏာသိမ်းစစ်ခေါင်းဆောင်ရဲ့ အယုံကြည်ရဆုံး ဒုဗိုလ်ချုပ်ကြီးတွေဖြစ်တဲ့ အောင်လင်းဒွေး၊ ညိုစော၊ ရဲဝင်းဦးတို့ကို ဗိုလ်ချုပ်ကြီးအဆင့်သို့ တိုးမြှင့်ပေးလိုက်တယ်လို့ CJ Platform ရဲ့ တပ်တွင်းသတင်းရင်းမြစ်က သတင်းပေးပို့လာပါတယ်။
ဒါဟာ တစ်ဦးတည်းအပေါ် အာဏာတည်နေခြင်းထက် အများအပေါ် အာဏာကွန်ရက်ဖြန့်ကျက်ပြီး ဝိုင်းဝန်းထိန်းသိမ်းပေးနိုင်ရန်ရည်ရွယ်ခြင်းဖြစ်နိုင်တယ်လို့ ၎င်းက သုံးသပ်ပြောကြားပါတယ်။
တဖန် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ အဲဒီသုံးဦးထဲကနေ ကာကွယ်ရေးဦးစီးချုပ်နေရာကို ရွေးချယ်ခန့်အပ်ပြီး နောက်ဆုတ်သွားနိုင်တယ်လို့ တပ်တွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
“သူတို့သုံးယောက်ထဲက တစ်ယောက်ကို ကာချုပ်ပေးခဲ့မှာပါ။ သူ(စစ်ခေါင်းဆောင်)က ပြေးတော့မယ့်အခြေအနေမှာရှိတယ်။ မပြေးရင် ဆင်းပေးရတော့မယ့်အနေအထားမှာရှိနေတယ်” လို့ ၎င်းက ပြောပါတယ်။
လက်ရှိ ဒုဗိုလ်ချုပ်ကြီး အောင်လင်းဒွေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၂ ရက်ကဖွဲ့တဲ့ စစ်ကောင်စီမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ခဲ့သလို လက်ရှိအတွင်းရေးမှူးရာထူးရထားတာပါ။ အလားတူ စစ်အရာရှိဗိုလ်လောင်းသင်တန်း(OTS ၂၇)ဆင်း ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း စစ်ခေါင်းဆောင်က စစ်ကောင်စီတွဲဖက်အတွင်းရေးမှူးအဖြစ်ခန့်အပ်ထားတာပါ။ စစ်ခေါင်းဆောင်အကြံပေး ဒုဗိုလ်ချုပ်ကြီး ညိုစောကိုလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၅ ရက်မှာ စစ်ကောင်စီထဲ ဆွဲသွင်းခဲ့ပါတယ်။
အဲဒီသုံးဦးကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရာထူးကြီးတွေပေးပြီး အမြဲတမ်း အနားခေါ်ထားတာတွေ့မြင်ရပါတယ်။
ဩဂုတ် ၁၃ ရက်က အောင်လင်းဒွေးဦးဆောင်ပြီး နေပြည်တော်မှာ အာဏာသိမ်းတယ်လို့သတင်းထွက်ပေါ်အပြီး သုံးရက်အကြာမှာ စစ်ခေါင်းဆောင်အယုံကြည်ရဆုံးသူ သုံးဦး ဗိုလ်ချုပ်ကြီးတွေ ဖြစ်လာတာပါ။
အဲဒီလိုပဲ ဩဂုတ် ၁၄ ရက်နေ့ကမှ တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိလာရောက်အပြီး နှစ်ရက်သာကြားသေးတာနဲ့လည်း တိုက်ဆိုင်နေပါတယ်။
မစ္စတာဝမ်ယိ ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် သက်တော်ရှည် အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့လည်း တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ် ၁၅ ရက်မနက်ပိုင်းမှာ ထိုင်းနိုင်ငံကို ထွက်ခွာသွားတာဖြစ်ပါတယ်။
🖋ကိုထားဝယ်
ဓာတ်ပုံ – Pro-SAC
#CJPlatform #အောင်လင်းဒွေး #ညိုစော #ရဲဝင်းဦး #ကာချုပ်သစ်