တောင်ကုတ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်၊ ထွက်ပြေးသူအချို့နှင့် တိုက်ပွဲဖြစ်

by

in

တောင်ကုတ်ရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ အလံဖြူထောင်၊ ထွက်ပြေးသူအချို့နှင့် တိုက်ပွဲဖြစ်
ဧရာဝတီတိုင်းမ်
ဒီဇင်ဘာ ၁၄ရက်
တောင်ကုတ်ရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှု ဌာန ချုပ်အတွင်းမှ အင်အား ၁၀၀ ခန့်သည် အာရက္ခတပ်တော် (AA) ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့်လက်နက်ချ အလံဖြူထောင်ခဲ့ကြောင်း သိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၁၃ရက်နေ့က အမှတ်(၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၅) အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ AAထံ လက်နက်ချခဲ့ကြောင်း သိရသည်။
AAသည် စကခ-၅ အတွင်းမှ စစ်ကောင်စီတပ်များ လက်နက်ချရန် ပြီးခဲ့သည့် ဒီဇင်ဘာ ပထမပတ်အတွင်းက နှိုးဆော်ခဲ့သော်လည်း ဆက်လက်တိုက်ခိုက်နေသည့်အတွက် ဒီဇင်ဘာ ၉ရက်နေ့တွင် ထိုးစစ်ဆင်ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“လက်နက်ချတဲ့အထဲ တပ်ရင်းမှူးတွေပါတယ်ပြောတယ်။ ခမရ ၃၄၆နဲ့ ခမရ ၅၄၄ဘက်မှာလည်း အပစ်အခတ်မရှိတော့ဘူး။ တပ်တော်က အကုန်ငြိမ်ပေးထားပြီထင်တယ်” ဟုတောင်ကုတ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီသည် တောင်ကုတ်စကခ ၅မကျစေရေး လေ ကြောင်းမှ နေ့စဉ်နီးပါးပစ်ကူ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
လက်ရှိတွင် စကခ-၅ အတွင်းမှ လက်နက်ချ အလံဖြူထောင်သူများလည်းရှိသလို ထွက်ပြေးသွားသူများကို လိုက်လံတိုက်ခိုက်ရာမှ ပြန်လှန်ပစ်ခတ်သဖြင့် တိုက်ပွဲဆက်လက်ဖြစ်နေကြောင်း ဒေသခံများထံက သိရသည်။
ပြီးခဲ့သည့် ဒီဇင်ဘာ ၈ရက်နေ့ကလည်း မောင်တော နခခ ၅မှ စစ်ကောင်စီ အင်အားရာချီမှာ AAထံသို့ လက်နက်ချအညံ့ခံခဲ့သည့်အတွက် မောင်တောမြို့တစ်ခုလုံးနှင့် နယ်စပ်တစ်လျှောက်ကို AAက ထိန်းချုပ်နိုင်ခဲ့သည်။
အမ်းနပခနှင့် ဂွတပ်ရင်းနှစ်ခုမှာလည်း ပိတ်ဆို့တိုက်ခိုက်ခံရသည့်အနေအထားဖြစ်နေ၍ စစ်ကောင်စီက ပြည်မမှတပ်များနှင့် ဧရာဝတီတိုင်းမှတပ်များကို တိုက်ပွဲဖြစ်ရာသို့ စစ်ကူပို့နေရကြောင်း သိရသည်။
ပုံစာ-မောင်တော နခခ ၅အတွင်းမှ အလံဖြူထောင်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ
#တောင်ကုတ် #စစ်ကောင်စီ #စကခ၅ #အလံဖြူထောင် #လက်နက်ချ #AA #Ayeyarwaddy_Times