“UWSA ဝ တပ်ဖွဲ့သတင်းထူးပြီဟေ့”

by

in

ကျိုင်းတုံမှာ စစ်ကောင်စီနဲ့ UWSA တွေ့ဆုံဆွေးနွေးနေလို့ မြို့တွင်း လုံခြုံရေးတွေ တိုးမြင့်ထား
မဲခေါင်၊ သြဂုတ်လ ၁၆

ရှမ်းအရှေ့ ကျိုင်းတုံမှာ စစ်ကောင်စီနဲ့ UWSA တွေ့ဆုံဆွေးနွေးနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေသလို မြို့တွင်း လုံခြုံရေးတွေ တိုးမြင့်တင်းကြပ်နေတယ်လို့ သိရပါတယ်။
ရှမ်းအရှေ့မှာ တိုက်ပွဲတွေ ဖြစ်လာနိုင်တယ်လို့ စစ်ဘက်အသိုင်းအဝန်းက သတင်းတွေထွက်ပေါ်လာပြီးနောက်မှာ ခုလို တွေ့ဆုံဆွေးနွေးတယ်လို့ သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“ဟုတ်တယ်၊ ဒီကနေ့ ဟွေအောက “၀” ခေါင်းဆောင်တွေ ကျိုင်းတုံကို သွားလိုက်ပြီ၊ ဘာဖြစ်လာမယ်တော့ မသိ၊ လိုအပ်တာတွေ ပြင်ဆင်ထားဖို့တော့ လုပ်ထားတယ်၊ မိုင်းလား ပါမပါတော့ မသိဘူး” လို့ မိုင်းဆတ်ဒေသခံ တစ်ဦးက မဲခေါင်သတင်းဌာနကို ပြောပါတယ်။
လတ်တလော ကျိုင်းတုံမြို့ အဝင်အထွက်တွေ တင်းကြပ်ပြီး အစစ်ဆေးများနေသလို ကျောင်းသူကျောင်းသားတွေကို နေရပ်ပြန်ခိုင်းတာတွေ ရှိနေတယ်လို့ သိရပါတယ်။
“ဟုတ်တယ်၊ တက္ကသိုလ်စာမေးပွဲတွေ ရက်ရွှေ့မယ်၊ ရက်မကြေညာသေးလို့ ပြန်ခိုင်းတယ်လို့ သိရတယ်၊ ကျန် ကျောင်းတွေတော့ မကြားသေးဘူး” လို့ ကျိုင်းတုံဒေသခံ တစ်ဦး ထံက သိရပါတယ်။
စစ်ကောင်စီဟာ UWSA က ဘယ်သူတွေနဲ့ တွေ့ဆုံဆွေးနွေးတယ်ဆိုတာ မသိရသလို စစ်ကောင်စီဘက်က ဘယ်သူဦးဆောင်ဆွေးနွေးတယ်ဆိုတာ မသိရသေးပါဘူး။
“၀” ဘက်မှာ UWSP က ဗဟိုနိုင်ငံရေးဦးဆောင်အဖွဲ့ဖြစ်ပြီး ဦးပေါက်ယိုချမ်း ဦးဆောင်တဲ့ အမြဲတမ်းကော်မတီဝင် ၈ ဦး ပါဝင်ကာ ယင်းအောက်မှာ ဗဟိုကော်မတီဝင် ၁၈ ဦး၊ အရန်ဗဟိုကော်မတီဝင် ၂၁ ဦး ရှိကြောင်းသိရပါတယ်။
UWSP အောက်မှာမှ “၀” ပြည်နယ် ပြည်သူ့အစိုးရနဲ့ UWSA ကိုဖွဲ့စည်းထားတာ ဖြစ်ပြီး “၀” ပြည်နယ်ကို မြောက်ပိုင်းဒေသ အဖြစ် မိုင်းမော၊ မိုင်းလင်း(ဝိန်းကောင်)၊ မိုင်းပေါက်၊ ဟိုပန်ခရိုင်တို့နဲ့ ဖွဲ့စည်းထားပြီး တောင်ပိုင်းကို မိုင်းကန်၊ မိုင်းယွန်း၊ ဟွေအော၊ ဝမ်ဟုန်၊ မိုင်းကျွတ်၊ ခိုင်းလုံ မြို့နယ်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ လေ့လာသိရှိရပါတယ်။
MK-012