အမ်း-ပဒမ်းလမ်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အတွင်း စစ်အုပ်စု ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေဆို

by

in

အမ်း-ပဒမ်းလမ်းပေါ်က စစ်အုပ်စုစခန်းတွေကိုတိုက်ခိုက်မှု ၁၀ ကြိမ်ခန့်အတွင်း စစ်အုပ်စု ၅၀ ခန့်ကို ချေမှုန်းနိုင်ခဲ့ တယ်လို့ တော်လှန်ရေးအင်အားစုတွေဆို
ကိုထူး/MFP၊ဒီဇင်ဘာ-၅

မကွေးတိုင်းနဲ့ ရခိုင်ပြည်နယ် အမ်းမြို့တို့ကို ဆက်သွယ်ထားတဲ့ အဓိက လမ်းပိုင်းတစ်ခုဖြစ်တဲ့ ငဖဲမြို့နယ် အမ်း-ပ ဒမ်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းတွေနဲ့ ရိက္ခာကားတွေကို ထိုးစစ်ဆင်တိုက်ခိုက်မှု ၁၀ ကြိမ်ခန့် ပြုလုပ်ခဲ့ရာ မှာ စစ်အုပ် စုအယောက် ၅၀ ကျော်ကို ချေမှုန်းနိုင်ခဲ့သလို သေနတ် ရှစ်လက်နဲ့ ခဲယမ်းတွေ သိမ်းဆည်းရမိထား တယ် လို့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) စစ်ဦးစီးချုပ် နောင်သူရိန်က ပြောပါတယ်။
လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway) အနေနဲ့ မကွေးတိုင်း ငဖဲမြို့နယ်ထဲ စစ်ရေးလှုပ်ရှားမှု အ ဖြစ် အမ်း-ပဒမ်းလမ်းမပေါ်က စစ်အုပ်စုကင်းစခန်းတွေအပြင် စစ်အုပ်စုရိက္ခာကားတွေကို နိုဝင်ဘာလနဲ့ ဒီဇင်ဘာ လပထမအပတ်အတွင်း ၁၀ ကြိမ်ခန့် တိုက်ခိုက်ခဲ့တာဖြစ်ပြီး အဲဒီလို တိုက်ခိုက်မှုမှာ အခုလို ချေမှုန်းသိမ်းဆည်းရမိ နိုင်ခဲ့တာ ဖြစ်တယ်လို့ စစ်ဦးစီးချုပ် နောင်သူရိန် က ပြောပါတယ်။
“ နိုဝင်ဘာလ တစ်လလုံးနဲ့ ဒီဇင်ဘာလ ပထမ အပတ်ပေါ့နော်။ ဒီတိုက်ပွဲတွေရဲ့ မှတ်တမ်းတွေကို ပြန်ကြည့်လိုက် တဲ့အခါမှာ စစ်ကောင်စီဘက်က အင်အား ၅၀ ကျော်လောက် ကျွန်တော်တို့ ချေမှုန်းနိုင်ခဲ့ တယ်ပေါ့နော်။ အဲဒီ တိုက် ပွဲမှာ လက်နက်ခဲယမ်း လက်နက်ငယ်ရှစ်လက် ရခဲ့တယ်။ လက်နက်ခဲယမ်း အသုံးအဆောင်ပစ္စည်းရမိတာလည်း ရှိ တယ်ပေါ့နော်။ အဲဒီထဲက အရှင်ဖမ်းမိခဲ့တာတွေလည်းရှိတယ်ခင်ဗျ” လို့ PRA-Magway စစ်ဦးစီးချုပ် နောင်သူရိန် က ပြောပါတယ်။
PRA-Magway အနေနဲ့ ဒီဇင်ဘာလ ၄ ရက် မနေ့က နေ့လယ် ၁ ပိုင်းမှာလည်း ငဖဲမြို့နယ် အမ်း-ပဒမ်းလမ်းမပေါ် က စွန်တတ်ရွာနဲ့ လင်းတဲရွာကြားမှာ အင်အား ၅၀ ခန့်ပါ စစ်အုပ်စု ကားသုံးစီးကို အသင့်စောင့်ဆိုင်းမိုင်းဆွဲ တိုက် ခိုက်ခဲ့လို့ နှစ်ဖက် ထိတွေတိုက်ပွဲ ၁၀ မိနစ်ခန့်ဖြစ်ပွားခဲ့သေးတယ်လို့ ဆိုပါတယ်။
အဲဒီလို မိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စု ကိုးယောက်ခန့်သေဆုံးပြီး ရိက္ခာကား နှစ်စီးလည်းထိခိုက်ပျက်စီးသွားတယ် လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၃ ရက်ကလည်း ငဖဲမြို့နယ် ဘုံးဘောရွာကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၉၀ ခန့်ပါ စစ် အုပ်စု စစ်ကြောင်းကို PRA-Magway နဲ့ တော်လှန်ရေးတပ်တွေ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး နှစ်ဖက်တိုက်ပွဲ၅ နာရီ ခန့် ကြာ ဖြစ်ပွားပြီးနောက် စစ်အုပ်စု ၁၄ ယောက်ခန့်သေဆုံးကာ ထိခိုက်ဒဏ်ရာရတဲ့သူတွေလည်း များခဲ့တယ်လို့ ဆိုပါတယ်။
နိုဝင်ဘာလ ၂၀ ရက်ကလည်း အမ်း-ပဒမ်းလမ်းမပေါ်မှာ အင်အား ၄၀ ခန့်ပါ စစ်အုပ်စု စစ်ကြောင်းကို အသင့်စောင့် ဆိုင်းတိုက်ခိုက်ခဲ့လို့ စစ်အုပ်စု ကိုးယောက်ခန့်သေဆုံးပြီး ဆယ်ယောက်ခန့် ထိခိုက်ဒဏ်ရာရပြီး ဆုတ်ခွာထွက် ပြေး သွားတယ်လို့ဆိုပါတယ်။
ငဖဲမြို့နယ် အမ်း-ပဒမ်းလမ်းမပေါ် စစ်ဆင်ရေးတိုက်ခိုက်မှုတွေကို လူထုတော်လှန်ရေးမဟာမိတ်အင်အားစု(PRA-Magway)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF)နဲ့ မင်းဘူးခရိုင်တပ်ရင်း(၂) တို့ ပူးပေါင်းဖော်ဆောင်နေခဲ့တာဖြစ် တယ်လို့ ဆိုပါတယ်။