မြိုင်မြို့နယ် ကန်နီပျူစခန်းကို ဒရုန်းနဲ့ အီနာဂါဗုံးသီး အလုံး ၂၀ ကြဲချတိုက်ခိုက် (ရုပ်/သံ)
ဒီဇင်ဘာ ၃၊ ၂၀၂၄
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစခန်းကို ဒီဇင်ဘာ ၂ ရက် မနေ့က နေ့လည်ပိုင်းမှာ Fixed Wings Drone တွေနဲ့ အီနာဂါဗုံးသီးအလုံး ၂၀ ခန့် ကြဲချတိုက်ခိုက်ခဲ့တယ်လို့ Victor Hidden Forces အဖွဲ့ထံက သိရပါတယ်။
အဲဒီတိုက်ခိုက်မှုကို လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ ဗစ်တာပြောက်ကျားတပ်ဖွဲ့ ၊ အညာမြေပြောက်ကျားတပ်ဖွဲ့၊ Urban UNDERGROUND REVOOLUTION FORCE၊ ရွှေညာမြေ နယ်စည်းမခြားဖရီးဒမ်းဖက်ဒရယ်စစ်ကြောင်း(၁)နဲ့ ပခုက္ကူခရိုင်တပ်ရင်း(၂) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။