လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်မှု မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးဟု အကြမ်းဖက်ဇော်မင်းထွန်း ခုခံကာကွယ်၊ စက်လှေပေါ်တွင် တော်လှန်ရေးအဖွဲ့နှင့်ဆက်နွယ်ပစ္စည်းများ တွေ့ရှိဟုဆို

by

in

လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်မှု မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးဟု အကြမ်းဖက်ဇော်မင်းထွန်း ခုခံကာကွယ်၊ စက်လှေပေါ်တွင် တော်လှန်ရေးအဖွဲ့နှင့်ဆက်နွယ်ပစ္စည်းများ တွေ့ရှိဟုဆို
ရန်ကုန်၊ ဒီဇင်ဘာ ၃
လူထိခိုက်သေဆုံးမှုများဖြစ်ပေါ်ခဲ့သော ထိုင်းငါးဖမ်းစက်လှေကို စစ်ကောင်စီ၏ ရေတပ်က ပစ်ခတ်ခဲမှုမှာ မြန်မာရေပိုင်နက်အတွင်း ကျူးကျော်၍ လုပ်ထုံး လုပ်နည်းအရ ပစ်ခတ် ဖမ်းဆီးမှုအဖြစ် အကြမ်းဖက်စစ်တပ်ပြောရေးဆိုခွင့်ရှိသူ အကြမ်းဖက် ဇော်မင်းထွန်းက ခုခံကာကွယ်ပြောဆိုသည်။
နိုဝင်ဘာလ ၃၀ ရက်နေ့ ထိုင်းငါးဖမ်းစက်လှေများကို မြန်မာစစ်ကောင်စီ၏ ရေတပ်သင်္ဘောက ပစ်ခတ်ရာ ထိုင်းနိုင်ငံသား ၁ ဦး ရေနစ်သေဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာရရှိကာ သင်္ဘောသား ၃၁ ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပြီး ယင်းပစ်ခတ်မှုကို ထိုင်းဝန်ကြီးချုပ်က ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။
“မြန်မာနိုင်ငံရေပိုက်နက်အတွင်း ငါးဖမ်းနေတဲ့ ထိုင်းငါးဖမ်းစက်လှေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီပဲ ဖမ်းဆီးခဲ့တာဖြစ်​ကြောင်း ပြောလိုပါတယ်။ နံပါတ် ၂ကတော့ ထိခိုက်သေဆုံးမှုများရှိခဲ့ပါတယ်။ ဖြစ်စဉ်အနေနဲ့ကတော့ မြန်မာနိုင်ငံ ကော့သောင်းမြို့နယ်၊ မြန်မာ့ရေပိုက်နက်အတွင်းထဲမှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေတဲ့ မြန်မာ့ စစ်ရေယာဉ် တစ်စင်းက နိုဝင်ဘာလ ၃၀ ရက်နေ့ နံနက် ၂ နာရီ ၄၀ ခန့်မှာ မြန်မာရေပိုက်နက်အတွင်းမှာ လှုပ်ရှားနေတဲ့ မသင်္ကာဖွယ် လှုပ်ရှားမှု ၅ ခုကို ရေဒါကနေ ဖမ်းဆီးရရှိပါတယ်။ ဒါကြောင့် ဒီနေရာကို စစ်ဆေးခဲ့ပါတယ်။ စစ်ဆေးတဲ့အခါမှာ ငါးဖမ်းစက်လှေများဖြစ်ကြောင်း တွေ့ရပါတယ်။ စစ်ဆေးဖို့အတွက် မီးအချက်ပြ ခေါ်ယူခြင်း ဆောင်ရွက်ခဲ့ပါတယ်။ ထွက်ပြေးခဲ့ပါတယ်။ နောက်ကနေ လိုက်လံ ဖမ်းဆီးခဲ့ပါတယ်။ မနက် ၃ နာရီ ၂၀ မိနစ်မှာ ထိုင်းငါးဖမ်းလှေတစ်စီးကို ကော့သောင်းမြို့နယ် ၊ ကြက်မောက် ကျွန်း မြောက်ဘက်ထိပ် အရှေ့မြောက်ဘက် ၃ မိုင်ခန့်အကွာ ကျနော်တို့ မြန်မာနိုင်ငံရေပိုက်နက်အတွင်း ၅ မိုင်ခန့်အကွာမှာ ဖမ်းဆီးရမိပါတယ်။ အဲဒီစက်လှေနဲ့အတူ ငါးများနဲ့ မြန်မာ ကျား ၂၇ ဦး၊ ထိုင်းနိုင်ငံသား ကျား ၄ ဦးကို ဖမ်းဆီးရရှိပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ပြောဆိုသည်။
ဖမ်းဆီးရရှိသော ထိုင်းငါးဖမ်းစက်လှေမှ သင်္ဘောများကို စစ်ဆေးချက်အရ မြန်မာရေပိုက်နက်အတွင်း ငါးဖမ်းခိုးခဲ့သည်ကို စစ်ဆေးတွေ့ရှိရကြောင်း၊ ငါးဖမ်းစက်လှေပေါ်တွင် လက်နက်ခဲယမ်းမဟုတ်သော တော်လှန်ရေးအဖွဲ့များနှင့်ဆက်နွယ်သော ပစ္စည်းများ တွေ့ရှိရ၍ ဆက်လက်စစ်ဆေးနေကြောင်း အကြမ်းဖက်စစ်ကောင်စီက ဆက်လက်ပြောဆိုသည်။
“ဖမ်းဆီးရရှိသူတွေကို ကနဦး စစ်ဆေးချက်အရ ဒီစက်လှေက ထိုင်းနိုင်ငံ၊ ရနောင်းမြို့မှာရှိတဲ့ ထိုင်းနိုင်ငံသားတစ်ဦး ပိုင်ဆိုင်တာဖြစ်ပြီး ရနောင်းဆိပ်ကမ်းကနေ နိုဝင်ဘာလ ၂၉ ရက်နေ့ ညနေ ၃ နာရီမှာ ထွက်ခွာလာတာဖြစ်ပြီး မြန်မာ့ရေပိုင်နက်အတွင်းကို ည ၉ နာရီအချိန်မှာ ရောက်ရှိပြီး ငါးဖမ်းဆီးခဲ့တယ်ဆိုတာကို ထင်ရှားစွာ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။ သူတို့နဲ့အတူ လက်နက်ခဲယမ်းမဟုတ်တဲ့ အကြမ်းဖက် အဖွဲ့တွေနဲ့ ဆက်နွယ်နေတဲ့ ပစ္စည်းများ တွေ့ရှိရတဲ့အတွက် ဆက်လက် စစ်ဆေးလျက်ရှိပါတယ်။ ဖမ်းဆီးရရှိတဲ့ မြန်မာအမျိုးသား ၂၇ ဦးနဲ့ ထိုင်းနိုင်ငံသား ၄ ဦးတို့သည်လည်း ကောင်းမွန်စွာရှိနေကြောင်း ပြောကြားလိုပါတယ်” ဟု အကြမ်းဖက် ဇော်မင်းထွန်းက ဆက်လက်ပြောဆိုသည်။
အကြမ်းဖက်စစ်ကောင်စီက ထိုင်းငါးဖမ်းလှေများကို ပစ်ခတ်ပြီး ထိုင်းနိုင်ငံသား ငါးဖမ်းသမားများကို မြန်မာစစ်တပ်က ဖမ်းဆီးမှုအပေါ် ကန့်ကွက်ကြောင်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra က ဒီဇင်ဘာလ ၁ ရက်နေ့တွင် တရားဝင် ထုတ်ဖော်ပြောဆိုခဲ့သည်။