နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေ ၊ သွေးကြွေးကို လက်တုံ့ပြန်မည်ဟု အစွန်းရောက် အမျိုးသားရေးသမားများ ကြွေးကြော်

by

in

နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေ ၊ သွေးကြွေးကို လက်တုံ့ပြန်မည်ဟု အစွန်းရောက် အမျိုးသားရေးသမားများ ကြွေးကြော်
ရန်ကုန်၊ ဒီဇင်ဘာ ၁

နာမည်ကျော် မဘသ၊ သွေးသောက်အဖွဲ့ဝင်နှင့် အစွန်းရောက် အမျိုးသားဝါဒီ၊ စစ်တပ်လော်ဘီ ပျူစောထီး မင်းမင်း သေဆုံးပြီးနောက် အလောင်း ပြန်လည်မရရှိသေး၍ ရှာဖွေနေပြီး အလောင်းနှင့် ခေါင်းပါ ပြန်လည်ရရှိရေး ကြိုးစားရှာဖွေနေကြောင်း အစွန်းရောက် အမျိုးသားရေးသမားများက ပြောဆိုသည်။
နိုဝင်ဘာလ ၂၉ ရက် မွန်းလွဲ ၁ နာရီခန့်အချိန် တော်လှန်ရေးတပ်ဖွဲ့များ၏ သတင်းများကို စုံစမ်းရန် နေပြည်တော်၊ ပုပ္ပသီရိမြို့နယ်၊ နေပြည်တော် -တောင်ညိုလမ်းအတိုင်း ကားဖြင့် ဆင်းလာသော အကြမ်းဖက်စစ်တပ် လော်ဘီအကြီးစား မင်းမင်းနှင့် နောက် လိုက် ၃ ဦးတို့ကို လမ်းပိုင်းတနေရာအရောက် ဗိဿနိုး ပြည်သူ့ကာကွယ်ရေး တပ်မတော်၊နတ်မောက်မြို့နယ်အခြေစိုက် ကြိုး ကြာနီတပ်ရင်း (BO-7) ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ လော်ဘီမင်းမင်းနှင့် ၎င်း၏ နောက်လိုက်သက်တော်စောင့် ၁ ဦးတို့ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
“ကျနော်တို့ အလောင်းရော ခေါင်းရော မရသေးပါဘူး။ သူကလည်း နေထိုင်တာ လျှို့ဝှက်လွန်းတော့ သူ့မိသားစုကဘယ်မှာလဲ၊ ကျန်ရစ်သူ မိသားစုကို ဘယ်လိုကူရမလဲ ဒါတွေလည်း မလုပ်နိုင်သေးဘူး။ အခုတော့ သက်ဆိုင်ရာကို အလောင်းပြန်ရှာပေးဖို့တော့ အကြောင်းကြားထားပေမယ့်လည်း ဘာမှ တုံ့ပြန်တာမရှိဘူး” ဟု အစွန်းရောက် အမျိုးသားရေးလှုပ်ရှားသူတစ်ဦးက လူမှုကွန်ရက်မှတစ်ဆင့် နောက်ဆုံး အခြေအနေကို အသိပေးထားသည်။
စစ်လော်ဘီ မင်းမင်းသည် မလေးရှားနိုင်ငံတွင် အလုပ်လုပ်၍ လင်းယုန်ပရဟိတအဖွဲ့ အမည်ခံ ထူထောင်ကာ ပြည်တွင်းရှိ သွေးသောက်အဖွဲ့အတွက် လက်နက်များ အလှူခံပေးခြင်း၊ မဘသနှင့် အမျိုးသားရေး လှုပ်ရှားမှုတွင် ပါဝင်ခြင်းများ လုပ်ဆောင်ခဲ့ကြောင်း၊ လူမှုကွန်ရက်များမှတစ်ဆင့် စစ်တပ်ထောက်ခံသော လှုပ်ရှားမှုများ၊ NLD ပါတီဝင်များကို ရှင်းလင်းရန်၊ PDF များကို ရှင်းလင်းရန် လှုံ့ဆော်ခဲ့သူတစ်ဦးဖြစ်ကြောင်း၊ ယင်းနောက် မလေးရှားမှ ပြန်လာ၍ အညာဘက်တွင် ပြည်သူ့စစ်၊ ပျူစောထီးအဖြစ် လုပ်ကိုင်နေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
မဘသ လော်ဘီ မင်းမင်း သတ်ဖြတ်ခံရမှုနှင့်ပတ်သက်၍ စစ်လော်ဘီ ကျော်စိုးဦးက တစ်ခုခု လက်တုံ့ပြန်မည်ဟု တယ်လီဂရမ်ချန်နယ်မှ ပြောဆိုသွားပြီး အမျိုးသားရေးသမားအများစုကလည်း သွေးကြွေးကို ပြန်လည် ရယူမည်ဖြစ်ကြောင်း၊ အလှည့်ကျလျှင် မနွဲ့စတမ်းဟု ကြွေးကြော် ထုတ်ဖော်ပြောဆိုနေကြသည်။