မုဒုံ-သံဖြူဇရပ်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို

by

in

မုဒုံ-သံဖြူဇရပ်လမ်းရှိ စစ်တပ် စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ဗုံးကျဲမှု စစ်ကောင်စီ အရာရှိ ၂ ဦးအပါအဝင် ၈ ဦးသေဆုံးဟုဆို
ရန်ကုန်၊ နိုဝင်ဘာ ၂၈
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့အဝင် မုဒုံ-သံဖြူဇရပ်လမ်းပိုင်းရှိ စစ်ကောင်စီ၏ ဖောင်စိန်စစ်ဆေးရေးဂိတ်နှင့် အမြောက်တပ် ၃၁၈ ကို ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ရာ အကြမ်းဖက်စစ်သား ၈ ဦးသေဆုံးကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD မှ ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
နိုဝင်ဘာလ ၂၃ ရက်နေ့ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲခဲ့ရာ အကြမ်းဖက်စစ်တပ်မှ အရာရှိ ၂ ဦးအပါအဝင် ၃ ဦးသေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် နိုဝင်ဘာလ ၂၆ ရက်နေ့တွင်လည်း မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အကြမ်းဖက်စစ်တပ်၏ အမြောက်တပ် ၃၁၈ ကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ဗုံးကျဲခဲ့ရာ အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးကြောင်း၊ စစ်သား ၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP-AD ထံမှ သိရှိရသည်။
” နိုဝင်ဘာလ ၂၆ ရက်နေ့မှာ စစ်ကောင်စီ အမြောက်တပ်စခန်းကို ဒရုန်းနဲ့ဝင်ပစ်တိုက်ခဲ့တယ်။ ဖောင်းစိန်စစ်ဆေးရေးဂိတ်မှာ သေတာမှာ အရာရှိအဆင့်က ဗိုလ်ကြီးတွေလို့ သိရတယ်”ဟု နိုင်ဗညားမွန်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။