တရုတ်-စစ်​ကောင်စီပူး​ပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံ​ရေးအဖွဲ့ စတင်ထူ​ထောင် ▪︎လုံခြုံ​ရေးကုမ္ပဏီ​ခေါင်းစဥ်ဖြင့် တရုတ်လက် နက်ကိုင်များဝင်​ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအ​ပေါ်ကျူး​ကျော်မှုဟု ပြည်သူအချို့

by

in

တရုတ်-စစ်​ကောင်စီပူး​ပေါင်း၍ကျောက်ဖြူမြို့နယ်တွင်လုံခြုံ​ရေးအဖွဲ့ စတင်ထူ​ထောင်
▪︎လုံခြုံ​ရေးကုမ္ပဏီ​ခေါင်းစဥ်ဖြင့် တရုတ်လက်
နက်ကိုင်များဝင်​ရောက်လာလျင် တရုတ်နိုင်ငံက မြန်မာနိုင်ငံအ​ပေါ်ကျူး​ကျော်မှုဟု ပြည်သူအချို့
ရှုမြင်

အိမ်သွင်၊ဒီပ /People’s Spring
တရုတ်နှင့် စစ်ကောင်စီအကျိုးတူပူးပေါင်းသည့် လုံခြုံရေးကုမ္ပဏီ (Joint Venture Security Company) တည်ထောင်ရေး လုပ်ငန်းကော်မတီတည်ထောင်ပြီးနောက် ရခိုင်ပြည်နယ်၊ ကျောက်
ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။
တရုတ်လုံခြုံရေးအဖွဲ့ဝင်အချို့ပါဝင်သော အဆိုပါအဖွဲ့ဖွဲ့စည်းကြောင်း လက်မှတ်ထိုးပွဲကို နေပြည်
တော်တွင် ပြုလုပ်သွားခြင်းဟု နေပြည်တော်သတင်းရင်းမြစ်ကပြောသည်။
တရုတ်နှင့်အတူ နှစ်နိုင်ငံပူးပေါင်းပြီး လုံခြုံရေးကုမ္ပဏီတစ်ခု တည်ထောင်ရန် လုပ်ငန်း ကော်မတီတစ်ရပ် ဖွဲ့စည်းခဲ့ကြောင်း စစ်ကောင်စီ၏ နိုဝင်ဘာ (၈)ရက် ပြန်တမ်းတွင်ထုတ်ပြန်ထားသည်။ကော်မတီ၌ စစ်ကောင်စီပြည်ထဲရေးဒုတိယဝန်ကြီးက ဦးဆောင်ပြီး အဖွဲ့ဝင် ၁၄ ဦး ပါဝင်သည်။တရုတ်နှင့် စစ်ကောင်စီ ပူး‌ပေါင်း၍ လုံခြုံရေးကုမ္ပဏီတည်ထောင်ရန်စီစဉ်နေသည့်အပေါ် ပြည်သူများက တရုတ်အစိုးရ၏ ပြည်ပကျူး​ကျော်မှုပင်ဖြစ်​ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်နေကြသည်။
“ရင်နာစရာကောင်းလိုက်တဲ့ လုပ်ရပ်တွေကွာ နိုင်ငံကိုကာကွယ်ရမယ့်အဖွဲ့အစည်းက ကိုယ့်နိုင်ငံကို ပေါ်တင်ရောင်းစားနေကြတာ” ဟု ပြည်သူ တစ်ဦးကမှတ်ချက်ပြုသည်။
အခြားပြည်သူတဦးကလည်း “မြန်မာ့ပိုင်နက်မှာမည်သည့်နိုင်ငံခြားတပ်မှအခြေချခွင့်မပြုဥပဒေကိုလက်တစ်လုံးခြားလုပ်ဖို့လုံခြုံရေးကုမ္မဏီအမည်နဲ့တရုတ်စစ်တပ်ဝင်ရောက်လာ မင်းအောင်လှိုင် မြန်မာနိုင်ငံကိုတရုတ်လက်ထဲ ထိုးအပ်ဖို့အထိကြိုးစားလာ” ဟု မှတ်ချက်ပြုသည်။
၎င်း​ပြောသည့် ဥပ​ဒေ ဆိုသည်မှာ စစ်တပ်က ​ရေးဆွဲပြဌာန်းခဲ့ပြီး အသက်ဝင်​နေဆဲ ရှိသည်ဟုဆို​သော ၂၀၀၈ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကို ဆိုလိုခြင်းဖြစ်သည်။အာဏာသိမ်း​ခေါင်း​ဆောင်သည် အာဏာသိမ်းပြီး ၄ နှစ်နီးပါးအတွင်းတရုတ်နိုင်ငံကူမင်းမြို့သို့ နိုဝင်ဘာလဆန်းတွင်သွား​ရောက်ခဲ့ပြီး မဲ​ခေါင်​ထိပ်သီးအစည်းအ​​ဝေးကိုတက်​ရောက်ခဲ့ပြီး ထိုခရီးစဥ်မှာတရုတ်က စစ်အုပ်စုဘက်ရပ်တည်​ကြောင်းတရာဝင်ပြသမှုဟု နိုင်ငံ​ရေး​လေ့လာသူများကသုံးသပ်ကြသည်။တရုတ်အစိုးရ၏ ​ထောက်ခံမှုရ​အောင် အာဏာသိမ်း​ခေါင်း​ဆောင်က ၎င်း၏သ​ဘောဖြင့် မည်သည့်အရာများ​ပေးခဲ့သည်ကိုလည်း ပြည်သူများက စိတ်ဝင်တစား​စောင့်ကြည့်​နေခြင်းဖြစ်သည်။
“ဒါဟာတရုတ်ကပြည်ပကျူးကျော်စစ်လို့ပြောလို့ရတယ်။ဒါကလုံးဝလက်ခံလို့မရဘူး” ဟု ပြည်သူတစ်ဦးကလည်း တရုတ်က လုံခြုံ​ရေးကုမ္ပဏီ​ခေါင်းစဥ်ဖြင့် လက်နက်ကိုင်တပ်များ ကို မြန်
မာနိုင်ငံသို့ ဝင်​ရောက်လာမည့်အ​ပေါ် ပြည်သူတစ်ဦးကပြတ်သားစွာ​ပြောသည်။
စစ်​ကောင်စီ၏ ပြန်တမ်းတွင်​ဖော်ပြချက်အရ တရုတ်အစိုးရ နှင့် စစ်​ကောင်စီကြား အကျိုးတူလုံခြုံ​ရေး ကုမ္ပဏီ ထူ​ထောင်ရန် တရုတ်အစိုးရက အဆိုပြုသည်ဟုဆိုသည်။ထိုကုမ္ပဏီထူ​ထောင်ရန် နာလည်မှုစာချွန်လွှာ လက်မှတ်​ရေးထိုးရန်လုပ်ငန်း​ကော်မတီကိုလည်း စစ်​ကောင်စီက ၂၀၂၄ ​အောက်တိုဘာ ၂၂ ရက် ရက်စွဲပါ စစ်​ကောင်စီ အတွင်း​ရေးမှူး ဗိုလ်ချုပ်ကြီး ​အောင်လင်း​ဒွေးလက်မှတ်​ရေးထိုး​သောအမိန့်စာ၌ ပါရှိသည်။
လုပ်ငန်း​ကော်မတီက နိုင်ငံ​တော်အချုပ်အခြာအာ
ဏာကိုထိပါးခြင်းရှိ၊မရှိ စီစစ်ရန် ၊ ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေ တည်ဆဲဥပ​ဒေများနှင့် ဆန့်ကျင်မှုရှိ မရှိစိစစ်ရန် ၊ကာကွယ်​ရေးနှင့် လုံခြုံ​ရေး ကဏ္ဍထိခိုက်မှုမရှိ​စေ​ရေး စသဖြင့် အချက် ၁၂ ချက် ကိုစိစစ်မည်ဟုဆိုသည်။
ထူးခြားချက်မှာ အချက် ၁၂ ချက်ထဲတွင် “ပြည်ပမှတင်သွင်းလာမည့် လက်နက်များ ၊ အထူးကရိယာတန်ဆာပလာများ( ဆက်သွယ်​ရေးစက်များအပါအဝင် အခြားကြီးကြပ် ကန့်သတ်ပစ္စည်းများ) နှင့် စပ်လျဥ်း၍ မည်ကဲ့သို့တင်သွင်းခွင့်ပြုမည်၊ မည်ကဲ့သို့ထိန်းချုပ် သုံးစွဲ​စေမည် ဆိုသည့်အချက် ဖြည့်စွက်ရန် လို၊မလို စိစစ်ခြင်း” ဆို​သောအချက်ပါဝင်သည်။
ထို​ကြောင့် လုံခြုံ​ရေးကုမ္ပဏီ​ခေါင်းစဥ်ဖြင့် တရုတ် လုံခြုံ​ရေးဝန်ထမ်းဆိုသူများမှာ တရုတ်နိုင်ငံမှ မြန်မာနိုင်ငံအတွင်းသို့ လက်နက် ကရိယာများကိုပါယူ​ဆောင်လာမည်ဆို​သော အဓိပ္ပါယ်​ဖြစ်​နေသည်ကို​တွေ့ရသည်။
အဆိုပါလုံခြုံ​ရေးကုမ္ပဏီထူ​ထောင်ပြီးပါက ရုံးဖွင့်လှစ်ရန် ​ကနဦးတွင် ရွှေသံလွင်ကုမ္ပဏီ၏ Sky Net ရုံးဝန်းအတွင်း ဖွင့်လှစ်ရန်ကနဦး စီစဥ်​နေ​ကြောင်းလည်း သတင်းရင်းမြစ် ၂ ဦးက​ပြောသည်။သို့​သော် အဆိုပါ အချက်အလက်ကို People’s Spring ကသီးခြားအတည်မပြုနိုင်​သေးပါ ။
ယခုအခါ တရုတ်-စစ်​ကောင်စီ အကျိုးတူလုံခြုံ​ရေးကုမ္ပဏီ ထူ​ထောင်မှု၏ပထမဆုံးခြေလှမ်းအဖြစ်ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများ နှင့် တရုတ်နိုင်ငံသားများအတွက် လုံခြုံရေးဟုခေါင်း စဥ်တပ်ကာ ကျောက်
ဖြူမြို့ရှိ တရုတ်စီမံကိန်းများလုံခြုံရေးအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဟု သတင်းရင်းမြစ်အချို့ကပြောသည်။ထိုအပြင် ​ကျောက်ဖြူမြို့နယ်သည် မြန်မာ-တရုတ် ​ရေနံပိုက်လိုင်းစီမံကိန်း၏ အဓိက စက်ရုံနှင့် ပိုက်လိုင်းများဖြတ်သန်းရာ​ဒေသလည်းဖြစ်သည်။
ထိုအဖွဲ့ကို ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး၊ မြန်မာ-တရုတ်ပိုက်လိုင်းစီမံကိန်းကိုစီမံခန့်ခွဲလုပ်ကိုင်​နေသည့် တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များပါဝင်ကြောင်း သိရသည်။ တောင်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊ ဌာနချုပ်မှူးဗိုလ်ချုပ်ကျော်ရွှေထွန်းသည် ကျောက်ဖြူအထူးစီးပွားရေးဇုန်စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကမှ တာဝန် ပေးအပ်ခံရခြင်းဖြစ်
သည်။
” ဗိုလ်ချုပ်ကျော်ရွှေထွန်းဦ ဆောင်ပြီး နေပြည်
တော်မှာ လက်မှတ်ထိုးသွားတယ်လို့ ကြားတယ်။ကျောက်ဖြူမှာတော့ စစ်ရေးက အခုက အေးဆေးပါပဲ” ဟု ကျောက်ဖြူမြို့ခံတဦးကပြောသည်။
ကျောက်ဖြူမြို့နယ်တွင် တရုတ်နိုင်ငံပိုင် CITIC Group ကုမ္ပဏီနှင့် မြန်မာအစိုးရ အကောင်
အထည်ဖော်နေသည့် အထူးစီးပွားရေးဇုန် နှင့် ရေနက်ဆိပ်ကမ်းစီမံကိန်းရှိသည်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလလ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ရခိုင်ပြည်နယ်တိုက်ပွဲများအတွင်း အထိနာနေစဉ် စစ်ကောင်စီက အဆိုပါစီမံကိန်းနှစ်ခု၏နောက်
ဆက်တွဲစာချုပ်ကိုပါ လက်မှတ်ရေးထိုးခဲ့သည်။
လက်ရှိတွင် ကျောက်ဖြူမြို့၌ အာရက္ခတပ်တော်(AA)၏ စစ်ရေးလှုပ်ရှားမှုမရှိ​သေးဘဲ စစ်ကောင်စီက ကျောက်ဖြူမြို့နယ်မှ တရုတ်စီမံကိန်းများနှင့် တရုတ်နိုင်ငံသားများလုံခြုံရေးဟုခေါင်း
စဥ်တပ်ကာအဆိုပါအဖွဲ့ကို ဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
စစ်ကောင်စီသည် AA၏ မြို့သိမ်းတိုက်ပွဲထိုးစစ်
ဖြင့်ကျောက်ဖြူမြို့နှင့် တရုတ်စီမံကိန်းများကိုသိမ်းပိုက်ခံရမည်ကို စိုးရိမ်သောကြောင့် တရုတ်လုံခြုံရေးအဖွဲ့၏ အကာအကွယ်ကို ယူရန်ကြိုးစားခြင်းဖြစ်သည်ဟု စစ်​ရေးလေ့လာသူအချို့က​ပြော သည်။
AAက နိုဝင်ဘာလ ၁၃ရက်က ထုတ်ပြန်သည့် ရခိုင်ပြည်နယ် စစ်ပွဲ ၁နှစ်ပြည့် သတင်းထုတ်ပြန်မှု၌ အမ်း၊ တောင်ကုတ်၊ မောင်တော၊ ဂွမြို့နယ်တို့မှ စစ်ကောင်စီစခန်းများကို သိမ်းပိုက်လုနီးပါးအထိ စစ်ရေးအသာစီးရနေပြီဟု ​ဖော်ပြထား
သည်။ ကျောက်ဖြူမြို့နယ်နှင့် ပတ်သက်၍ ထုတ်ပြန်ခြင်းမရှိ​သော်လည်း ရခိုင်တပြည်နယ်လုံးရှိ စစ်​ကောင်စီ တပ်စခန်းများအားလုံးကို သိမ်းပိုက်မည်ဟု ​ကြေညာထားသည်။ ထို့အပြင် AAအနေဖြင့် တရုတ်အစိုးရအပြင် နိုင်ငံတကာရင်းနှီးမြုပ်နှံမှုများကို အလေးထားကြောင်းနှင့် အကာအကွယ်ပေးသွားမည်ဟု တရားဝင် ထုတ်ဖော်ပြောကြားထားသည်။
လက်ရှိတွင် ကျောက်ဖြူမြို့၌ စစ်ရေးလှုပ်ရှားမှု
မရှိ​သေးသော်လည်း ပုဂ္ဂလိကဘဏ်များဖြစ်သည့် KBZဘဏ်၊CBဘဏ်၊ ရိုးမဘဏ်နှင့်ကမ္ဘာ့ရတနာဘဏ်များသည် ပြီးခဲ့သည့်နိုဝင်ဘာ ၁၅ ရက်မှစ၍ ပိတ်လိုက်ပြီး ဝန်ထမ်းအချို့ကိုလည်း လျော်ကြေးပေး၍နှုတ်ထွက်စေခဲ့ကြောင်း ကျောက်ဖြူ မြန်မာ့စီးပွား ရေးဘဏ်နှင့် နီးစပ်သူတစ်ဦးကပြော
သည်။ထိုအပြင် တရုတ်စီမံကိန်းများမှ တရုတ်နိုင်ငံသားဝန်ထမ်းများလည်း နိုဝင်ဘာလတွင် စတင်​ရွေ့​ပြောင်း​နေ​ကြောင်း သတင်းထွက်​ပေါ်​နေသည်။
အာရက္ခတပ်​တော်သည် ရခိုင်ပြည်နယ်တွင် မြို့နယ် ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားပြီး ၊၄ မြို့နယ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်​နေကာ ၊ ထိုးစစ်ဆင် တိုက်ခိုက်ခြင်းမပြု​သေး​သောမြို့များမှာ ​ကျောက်ဖြူ ၊စစ်​တွေ နှင့် မန်​အောင် မြို့နယ်တို့သာကျန်ရှိ​တော့သည်။
(ရခိုင်ပြည်နယ် ​ကျောက်ဖြူမြို့နယ် မ​ဒေးကျွန်းရှိ
​ရေနက်ဆိပ်ကမ်းစီမံကိန်း ၊ မြန်မာ-တရုတ်​ရေနံပိုက်လိုင်း စီမံကိန်း ​နေရာအချို့ကို​တွေ့ရစဥ်။
ဓါတ်ပုံ-ဆင်ဟွာ )