အမ်းရှိ နပခနှင့် တပ်ရင်းများ၏ အသက်သွေးကြော ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ကို AAသိမ်းပိုက်
ဧရာ၀တီတိုင်းမ်
နိုဝင်ဘာ ၁၈ ရက်
အမ်းရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် တပ်ရင်းများကို ထောက်ပံ့ပို့ဆောင်နေရသည့် အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ (ထပခ-၉၂၆) ကို အာရက္ခတပ်တော် (AA) က သိမ်းပိုက် လိုက်ကြောင်း သိရသည်။
AA သည် ပြီးခဲ့သည့် နိုဝင်ဘာ၁၅ရက်နေ့ကတည်းက ထပခ ၉၂၆ကို သိမ်းယူခဲ့ကာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် စစ်ကောင်စီ၏ တပ်ရင်းတပ်ဖွဲ့များသို့ မြေပြင်ထောက်ပို့သည့် လမ်းကြောင်းကို ဖြတ်တောက်လိုက်ခြင်းဖြစ်ကြောင်းသိရသည်။
“တပ်ထိန်းတပ်ခွဲ-၁၀ ဘက်မှာလည်း လက်နက်ကြီး၊ လက်နက်ငယ်သံတွေ မနေ့ကတည်းက တိတ် သွားပြီး လေယာဉ်ကပဲ လာကြဲတော့တယ်ပြောတယ်။ တပ်ထိန်းတပ်လည်း ပါသွားလောက်ပါပြီ” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
AA သည် ထပခ ၉၂၆ တပ်ကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၂ရက်နေ့ကတည်းက ပိတ်ဆို့တိုက်ခိုက်ပြီး မြေပြင် ဆက်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့ဖြတ်တောက်ထားခဲ့ခြင်း ဖြစ်သည်။
ယမန်နေ့ နိုဝင်ဘာ ၁၇ရက်နေ့ အထိ ခမရ ၃၇၁ ပျဉ်းတောရွာအနီးနှင့် အောက်ရွာတို့တွင် တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
တပ်ထိန်းတပ်ခွဲ တထခ-၁၀၊ အောက်ရွာ၊ ဆီဆိုင်ကုန်းနှင့် လေယာဉ်ကွင်း တို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီသည် ပြီးခဲ့သည့် နိုဝင်ဘာ ၁၆ရက်နေ့က ဗုံးအလုံးရေ ၂၀ကျော် လာရောက်ကြဲချခဲ့ကြောင်း သိရသည်။
“တစ်မိုင်ကုန်းက ဆုတ်လာတဲ့တပ်တွေ အောက်ရွာမှာ စီးပြီး ခုခံနေလို့ တိုက်ပွဲပြင်းထန်နေတာလို့ ပြောပါတယ်” ဟု အမ်းဒေသခံနှင့် နီးစပ်သူတစ်ဦးက ဆက်လက်ပြောကြားသည်။
အမ်း နပခအနီး တိုက်ပွဲများပြင်းထန်နေချိန်တွင် စစ်ကောင်စီက အမ်းရှိ ဖုန်းလိုင်းအချို့ကို ဖြတ် တောက်ခဲ့၍ ပြည်သူ ၃၀၀၀ ခန့် ပိတ်မိပြီး အဆက်အသွယ်ပြတ်တောက်သွားကြောင်း သိရသည်။
“အမ်း နပခကို ဝင်တိုက်ခံရပါတယ်။ အနီးကပ်တိုက်ပွဲပုံစံဖြစ်သွားတယ်ပြောတယ်။ အဆက်အသွယ်တွေပြတ်တောက်နေပါတယ်” ဟု တပ်တွင်းသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လတ်တလောတွင် AA က အမ်း၊ မောင်တော၊ တောင်ကုတ်နှင့် ဂွတို့ရှိ စစ်ကောင်စီစခန်းများကို ပိတ်ဆို့ တိုက်ခိုက်နေပြီး တပ်စခန်းအများစုကို သိမ်းယူထားပြီးဖြစ်ကြောင်