မုန်တိုင်းများကြောင့် ဖျက်မိုးသတိ

by

in

မုန်တိုင်းများကြောင့် ဖျက်မိုးသတိ
အိမ်သွင်/People’s Spring
ဘင်္ဂလားပင်လယ်အော် နှင့် တောင်တရုတ်ပင်
လယ်ဘက်၌ မုန်တိုင်းဆက်ရှိနေပြီး မြန်မာနိုင်ငံဘက်တွင် ဖျက်မိုးသတိပြုရန်လိုအပ်နေသေးကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ၊လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန (MOHADM)ကယနေ့ သတင်းထုတ်ပြန်သည်။
ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းမှအစပြုသော လေပွေလှိုင်းတစ်ခုသည် နိုဝင်ဘာလ ၂၁ ရက်မှစ၍ လေဖိအားနည်းရပ်ဝန်းဖြစ်လာပြီး နိုဝင်ဘာလ ၂၄ရက် နှင့်၂၅ရက်တွင် ဆိုင်ကလုန်း မုန်တိုင်းငယ်အဆင့်သို့ ရောက်ရှိလာနိုင်သည်ဟု
ခန့်မှန်းထားသည်။ အဆိုပါမုန်တိုင်းသည် သီရိလင်္ကာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ကြိုတင်ခန့်မှန်းထားသည်။
ထို့အပြင် တောင်တရုတ်ပင်လယ်အတွင်းဗီယက်
နမ်ကမ်းခြေသို့ဦးတည်လာသော“မုန်တိုင်းမန်ရီ”
(MAN-YI)သည် နိုဝင်ဘာလ (၂၁)ရက်တွင် အင်
အားလျော့ကျသွားနိုင်သည်ဟု လည်းအသိ​ပေးထားသည်။
ယခုလက်တ​လောတွင် MAN-YI, USAGI, SARA, BHEKIအမည်ရှိသောမုန်တိုင်းများသည် ပစိဖိတ်သမုဒ္ဒရာ၊ အတ္တလန္တိတ်သမုဒ္ဒရာ နှင့် အိန္ဒိယသမုဒ္ဒရာ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသည်ဟု ဆိုသည်။
တောင်တရုတ်ပင်လယ်ပြင်နှင့် ပစ္စိဖိတ်သမုဒ္ဒရာအနောက်ပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းနှင့်ဆက်စပ်သောလေပွေလှိုင်းများသည် အာရှတိုက်ကုန်းမြေဘက်သို့ ဝင်ရောက်လာမှုသည် ယမန်နှစ်ကထက် များပြားနိုင်သည်ကို သတိပြုအလေးထားရန်နှင့် မိုး စပါးရိတ်သိမ်းချိန်တွင်လည်း အဖျက်မိုးအဖြစ် ကြုံတွေ့နိုင်ပါကြောင်း သတိပေးထားသည်။
အရှေ့လေပွေလှိုင်းနှင့်မုန်တိုင်းငယ်များ၏ အရှိန်‌
ကြောင့် စိုက်ခင်းသီးနှံများအတွက်အဖျက်မိုးရွာနိုင်သည့်အခြေနေကိုနိုဝင်ဘာ၊ဒီဇင်ဘာလအထိ သတိပြု ရန် သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ပြီးခဲ့သည့်စက်တင်ဘာလက တောင်တရုတ်ပင်လယ်ဘက်မှ ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးကြီးခဲ့၍ ကြီးမားသောရေဘေးကြုံခဲ့ပြီး အောက်တိုဘာလကလည်းဒေသအများစု၌အချိန်
အခါမဟုတ်မိုးရွာခဲ့၍စိုက်ခင်းများပျက်စီးခဲ့သည်။
(ပြီးခဲ့သည့် စက်တင်ဘာအတွင်း မိုးဗြဲမို့နယ်၌ ရေကြီးရေလျှံမှုကြောင့် စပါးခင်းများရေမြုပ်ပျက်စီးနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ – The Voice of Karenni)