ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို တိုက်တွန်းပြီး ရှမ်းမြောက်ဒေသမှ ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်ဟုဆို

by

in

ရွေးကောက်ပွဲတွင် သက်ဆိုင်သူအားလုံး ပါဝင်ရန် တရုတ်နိုင်ငံခြားရေးဝန်ကြီးက စစ်ကောင်စီကို တိုက်တွန်းပြီး ရှမ်းမြောက်ဒေသမှ ဖြစ်စဉ်များကို တရုတ်က ဆန့်ကျင်ဟုဆို
ရန်ကုန်၊ ဩဂုတ် ၁၄

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အကြမ်းဖက်မင်းအောင်လှိုင်တို့ အကြား နယ်စပ်ဒေသတည်ငြိမ်ရေး၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များ တွေ့ဆုံဆွေးနွေးပြီး တရုတ်က ရွေးကောက်ပွဲတွင် သက်ဆိုင်ရာသူအားလုံး ပါဝင်ရေး တိုက်တွန်းကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။
ယနေ့ နေပြည်တော်သို့ ရောက်ရှိလာသော တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မ တီ၊ နိုင်ငံရေးဗျူရိုအဖွဲဝင်၊ နိုင်ငံခြားရေးရာဗဟိုကော်မရှင်ရုံး ညွှန်ကြားရေးမှူးနှင့် နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကို မင်းအောင်လှိုင်က ကြိုဆိုနှုတ်ဆက်ပြီး သီးခြားတွေ့ဆုံဆွေးနွေးမှုများလည်း ဆောင်ရွက်ခဲ့ကြောင်း ၊ တရုတ်နိုင်ငံအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲ သက်ဆိုင်သူအားလုံး ပါဝင်ရန် တိုက်တွန်းကြောင်း ပြောဆိုသည်။
စစ်ကောင်စီက ရှမ်းမြောက်ဒေသမှ အခြေအနေများနှင့်ပတ်သက်ပြီး တင်ပြဆွေးနွေးရာတွင် တရုတ်နိုင်ငံက နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို လိုလားကြောင်း၊ မြန်မာနိုင်ငံတည် ငြိမ်ရေး အရေးထားအလေးထားကြောင်း၊ ရှမ်းမြောက်ဒေသမှ EAO များ၏ မြို့ရွာများအပေါ် ဖြစ်စဉ်များနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံအနေဖြင့် ဆန့်ကျင်ပါကြောင်း ထုတ်ဖော်ပြောဆိုကြောင်း သိရှိရသည်။
ထို့ပြင် မင်းအောင်လှိုင်က တရုတ်နိုင်ငံ၏ ထာ၀ရ မိတ်ဆွေအဖြစ် ရပ်တည်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲလုပ်ဆောင်မည်ဖြစ်ပြီး လူဦးစာရင်းကောက်မည်ဖြစ်ကြောင်း ပြောဆိုရာ တရုတ်ဘက်က လူဦးရေစာရင်းကောက်ယူမှုအပေါ် ကူညီမည်ဖြစ်သည်ဟု ပြောဆိုကြောင်း သိရှိရသည်။