ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို

by

in

ဆင်ဖြူကျွန်းက စစ်ကောင်စီတပ်စခန်းကို သိမ်းပိုက်ပြီးပြန်လာတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေကို ပြည်သူတွေကြိုဆို
နိုဝင်ဘာ ၁၇၊ ၂၀၂၄

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီးက စစ်ကောင်စီအခြေစိုက်တပ်စွဲရာနေရာကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက ဂုဏ်ပြုကြိုဆိုခဲ့တယ်လို့ အဆိုပါတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်းဆုံ အထိုင်ကာကင်းစခန်းသိမ်းတိုက်ပွဲက ပြန်လာတဲ့ မိုးကြိုးပြောက်ကျားတပ်ဖွဲ့ အမှတ် (၁၀၁) တပ်ရင်းကို ပြည်သူတွေက သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။
စခန်းသိမ်းတိုက်ပွဲကို PDF ပူးပေါင်းတပ်ဖွဲ့က ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်၊ မနက် ၅ နာရီ မိနစ် ၃၀ အချိန်မှာ စတင် တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
ကာကင်းစခန်းသိမ်းတိုက်ပွဲအတွင်း ထိတွေ့ ပစ်ခတ်မှု ၁ နာရီနဲ့ ၄၅ မိနစ် ကြာမြင့်ခဲ့ပြီး တော်လှန်ရေးပူးပေါင်း တပ်က စစ်ရေးအသာစီးရရှိခဲ့ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ စခန်းကနေ စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့လည်း သိရပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း MA1 သေနတ် သုံးလက်၊ MA3 တစ်လက်၊ MA ကျည်ဘောက် လေးခု၊ G3 ကျည်ဘောက် တစ်ခု၊ အာပီဂျီ အဖူး သုံးဖူးနဲ့ စစ်သုံးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့သလို စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်မှုကြောင့် အရပ်သားအဆောက်အအုံတချို့လည်း မီးလောင်ပျက်စီးခဲ့ရပါတယ်။