ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်း စခန်းအား PDFများတိုက်ခိုက်သိမ်းပိုက်

by

in

ဆင်ဖြူကျွန်းတွင် ဆုတ်လေဦးစစ်ကောင်စီကင်း
စခန်းအား PDFများတိုက်ခိုက်သိမ်းပိုက်
​ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အ
နီး ဆုတ်လေဦးလမ်းဆုံရှိ စစ်ကောင်စီကင်းစခန်းအား တော်လှန်ရေးအဖွဲ့များ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း မင်းဘူးခရိုင် အမှတ်(၁)
တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
ယနေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၅ နာရီခွဲခန့်က စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့အနီး၊ ဆုတ်လေဦးလမ်း​ဆုံရှိ စစ်ကောင်စီအထိုင်စခန်း တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်သားများ ထိခိုက် သေဆုံးမှုများပြားပြီး လက်နက်များ သိမ်းဆည်းနိုင်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်း၏ တာဝန်ရှိသူက ပြောသည်။
“အများကြီး မပစ်လိုက်ရဘူး ကျွန်တော်တို့။ မိနစ်ပိုင်းပဲ ပစ်လိုက်ရတယ်။ အလံဖြူထောင်တဲ့ကောင်ကထောင်တယ်။ သေနတ်ထားပြီး ဆုတ်ပြေးတဲ့ကောင်တွေက ပြေးတယ်။ လောလောဆယ်တော့ အလောင်းတစ်လောင်းနဲ့ လက်နက်ပစ္စည်းအချို့ ရထားတယ်။”ဟု အထက်ပါတာဝန်ရှိသူက ပြော
သည်။
ထို စခန်းမှထွက်​ပြေး​သော စစ်​ကောင်စီတပ်ဖွဲ့ဝင်များသည် ဆင်ဖြူကျွန်းရဲစခန်းသို့ ​ဆုတ်ခွာသွားကြောင်း သိရသည်။
သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်းကိုမူ အသိပေးခြင်းမရှိသေးဘဲ ထုတ်ပြန်သည့် ဓာတ်ပုံတွင်မူ သေနတ် ၃ လက်ကိုတွေ့ရှိရသည်။
ထိုစစ်ဆင်ရေးကို မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း
က ဦးဆောင်ကာ မင်းဘူးခရိုင် အမှတ်(၅)တပ်
ရင်း၊မိုးကြိုးပျောက်ကြားတပ်ဖွဲ့၊ဒေါင်းစစ်အောင်
(LPDF)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
အောက်တိုဘာ ၂၀ ရက်ကလည်း ယခုသိမ်းပိုက်ခံရသည့် ဆုတ်လေဦးကင်းစခန်းနှင့် လင်းဇင်းရဲစခန်းကို မင်းဘူးခရိုင် အမှတ်(၁)တပ်ရင်းနှင့် တော်လှန်ရေးအဖွဲ့များ တပြိုင်နက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့သေးသည်။
(မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်းမှရဲဘော်များအား သိမ်းဆည်းရမိသော လက်နက်အချိုနှင့်အတူ တွေ့ရစဥ်။ဓာတ်ပုံ-မင်းဘူးခရိုင်အမှတ်(၁)တပ်ရင်း)