ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်…

by

in

ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်…
နိုဝင်ဘာ ၁၃၊ ၂၀၂၄

၁၀၂၇ ဒုတိယလှိုင်း ၊ စဉ့်ကူးမြို့နယ် စစ်ဆင်ရေးအတွင်း ပျူစောထီး အယောက် ၁၀၀ လောက်ကို လက်နက်ချအညံ့ခံဖို့ စည်းရုံးနိုင်ခဲ့တဲ့ အမှတ် ၁၂၂၂ တပ်ရင်းက တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ် နယ်မြေဆီ ထွက်ပြေးရောက်ရှိနေတဲ့ စဉ့်ကူးမြို့နယ် ပျူစောထီး ခေါင်းဆောင် “ရေတော်ငနိုင်” အပါအဝင် စဉ့်ကူးမြို့နယ် ထုံးကြီးကျေးရွာ ပျူစောထီး လက်နက်ကိုင်တွေ၊ ဆည်သည်၊ ဒိုးပင်ကုန်း၊ ဇီးပင်ကုန်း၊ ရေတော်ဘက်က ပျူစောထီးခေါင်းဆောင်တွေ စုစုပေါင်း ပျူစောထီး အယောက် (၁၀၀) လောက်ကို တော်လှန်ရေးတပ်ရှိရာ နယ်မြေဆီ ပြန်လည်ခေါ်ယူပြီး သေနတ်ကျည်တစ်ချက်မှ မဖောက်‌ရဘဲ လက်နက်ချ အညံ့ခံဖို့ စည်းရုံးသိမ်းသွင်းနိုင်ခဲ့တာကြောင့် တပ်ရင်းမှူး “ဒိုလေး” ကို “စစ်ရေးဗျူဟာထူးချွန်ဆု” ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။