ရခိုင်ပြည်နယ် တောင်ပိုင်းဒေသ၊ တောင်ကုတ်မြို့မှာ စစ်ကောင်စီရဲ့ အမှတ် (၅) စစ်ဆင်မှု ကွပ်ကဲရေးဌာနချုပ်၊ စကခ ၅ လက်အောက်ခံ မြို့ပြင် တပ်စခန်းတွေကို အာရက္ခတပ်တော် အေအေတပ်တွေက သိမ်းပိုက်လိုက်ပြီး၊ နိုဝင်ဘာ ၉ ရက် မနေ့ကစလို့ မြို့ပေါ်ရပ်ကွက်တွေမှာ အထိ တိုက်ပွဲတွေ ဖြစ်လာနေပါတယ်။ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တောင်ကုတ်မြို့တွင်းက အဆောက်အအုံတွေမှာ နေရာ ယူထားပြီး မြို့တွင်းပိတ်မိနေတဲ့ အရပ်သားတွေလည်း ရှိနေပါတယ်။ အဲဒီက အခြေအနေတွေ အကြောင်း မစန္ဒာဝင်း ပြောပြထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း