ပခုက္ကူတွင် စစ်ကြောင်းထိုးနေသော တပ်မ ၁၀၁ စစ်တပ်ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက် (ရုပ်/သံ)
ရန်ကုန်၊ နိုဝင်ဘာ ၈
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်တွင် စစ်ကြောင်းထိုးနေသော တပ်မ ၁၀၁ စစ်တပ်ကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း ရဲဘော်ညီ နောင် ပြောက်ကျားတပ်မှ ပြန်ကြားရေးတာဝန်ခံက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယခုနိုဝင်ဘာလဆန်းပိုင်းအတွင်း ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ကျေးရွာအနီး ကန်းကျေးရွာနှင့် ဆင်မင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၁၀၀ ဝန်းကျင်ပါ ပခုက္ကူတပ်မ ၁၀၁ စစ်တပ်စစ်ကြောင်းကို တော်လှန်ရေးတပ်များက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်စစ်ကြောင်းကို ဒရုန်း ၆ စီးဖြင့် ဗုံး ၁၁ လုံး၊ ရော့ကတ် ၊ လက်နက်ကြီး ၆၀ မမဖြင့် လည်းကောင်း ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ကလည်း လက်နက်ငယ်များဖြင့် ပြန်လည် ပစ်ခတ်ခဲ့ပြီး တော်လှန်ရေးတပ်များ၏ ဒရုန်းများကို ပစ်ချရန် ကြိုးစားခဲ့ကြောင်၊ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၉ တပ်ရင်းကလည်း ၆၀ မမ ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
“နှစ်ဖက် ပစ်ခတ်မှု ဖြစ်တယ်။ သေဆုံးထိခိုက်မှုတော့ မသိရသေးဘူး” ဟု တော်လှန်ရေးတပ်၏ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ေြာဆိုသည်။
အဆိုပါစစ်ဆင်ရေးကို ရဲဘော်ညီနောင်ပြောက်ကျားတပ်ဖွဲ့၊ ပခုက္ကူမြို့နယ်ပကဖ၊ PKU N PDF ၊ ရေစကြိုမြို့နယ် ပကဖ၊ မန္တလေးတိုင်း ပြည်ကြီးတံခွန် ပကဖ၊ မဟာတပ်ဖွဲ့ မတ္တရာ ပကဖ ၊ ဧရာဝတီမင်းသားပြောက်ကျားတပ်၊ Bright Star group၊ NY Local PDF၊ Anyar Reagional Youth Guerrilla Force တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။