အမ်းတွင် ရွာလေးရွာကို စစ်ကောင်စီကမီးရှို့ဖျက် ဆီးပြီး ဒေသခံများကိုမြို့ထဲဝင်​စေကာ လူသားဒိုင်းလုပ်ထား ▪︎အမ်းမြို့တွင်​ပြည်သူ ၃၀၀၀ မှ ၅၀၀၀ အတွင်းရှိဟု​ဒေသခံအချို့​ပြော

by

in

အမ်းတွင် ရွာလေးရွာကို စစ်ကောင်စီကမီးရှို့ဖျက်
ဆီးပြီး ဒေသခံများကိုမြို့ထဲဝင်​စေကာ လူသားဒိုင်းလုပ်ထား
▪︎အမ်းမြို့တွင်​ပြည်သူ ၃၀၀၀ မှ ၅၀၀၀ အတွင်းရှိဟု​ဒေသခံအချို့​ပြော
အိမ်သွင်/People’s Spring
အမ်းမြို့တွင် စစ်ကောင်စီက မြို့အနီးရှိရွာလေးရွာမှ ဒေသခံပြည်သူများကို မြို့ထဲသို့ဝင်​ခိုင်းပြီး လူသားတံတိုင်းလုပ်ထားကာရွာများကိုမူ မီးရှို့ဖျက်ဆီးလိုက်​ကြောာင်း​ဒေသခံအချို့က​ပြော
သည်။
အမ်းမြို့၊အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)
နှင့် ထောက်ပို့တပ်အနီးရှိ ဒိုင်ကြီး၊ပြောင်ရှောင်၊ ချင်းကုန်းနှင့် လုံကျေးရွာတို့မှ ဒေသခံပြည်သူများကို အောက်တိုဘာလအတွင်း အမ်းမြို့ထဲသို့ စစ်တပ်က ပြောင်းရွှေ့ခိုင်းခဲ့ခြင်းဖြစ်သည်ဟုစုံစမ်းသိရသည်။
“အမ်းမှာက ဒေသခံတွေမရှိဘူး။ ဘေးက ရွာတွေက ဒေသခံတွေကို ဆွဲသွင်းလာတယ်။ နေစရာလည်း မပေးတော့ မြို့ပေါ်က အိမ်တွေထဲမှာ ဝင်
နေကြတယ်။ လူသားဒိုင်းကာလုပ်ထားတာ။ ရွာတွေကိုကျတော့ ဒီရက်ပိုင်းမှာ ပစ်ခတ်ပြီး မီးရှို့ဖျက်ဆီးလိုက်တယ်ဗျ” ဟု ဒေသခံတစ်ဦးကPeople’s Spring သို့ပြောသည်။
လုံကျေးရွာကို အောက်တိုဘာလဆန်းတွင်း မီးရှို့ဖျက်ဆီးခဲ့ပြီး ကျန်သုံးရွာကို အောက်တိုဘာလ ၂၈ရက်နှင့် ၂၉ရက်တွင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဟု ၎င်းက ဆက်ပြောသည်။
အမ်းမြို့တွင် ရပ်ကွက် သုံးခုရှိပြီး မြို့ခံများသည် ဘေးလွတ်ရာသို့ အချိန်မီထွက်ခွာနိုင်ခဲ့သော်လည်း ဘေးပတ်ဝန်းကျင်ကျေးရွာများမှဒေသခံများကို စစ်ကောင်စီကပြန်လည်ခေါ်သွင်းလာခြင်းဟု စစ်ဘေးရှောင်မြို့ခံအချို့ကပြောသည်။
” အမ်းမြို့ထဲမှာ ပိတ်မိခံနေရပြီး စစ်တပ်က လူ
သားဒိုင်းကာ လုပ်ထားတာ ၃၀၀၀ က‌နေ ၅၀၀၀
ကြား ရှ်ိမယ်။ ဒီလူတွေက တော်‌တော်လေး ဒုက္ခတွေ့နေတာပါ” ဟု မြို့ခံတစ်ဦးကပြောသည်။
အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။
တိုက်ပွဲပြင်းထန်နေချိန်၌ အမ်းမြို့မှ မကွေးတိုင်းမင်းဘူးမြို့သို့ ထွက်သည့် အမ်း-ပဒါန်းလမ်းကိုလည်း AAနှင့် မဟာမိတ်များက အပြည့်အဝထိန်းချုပ်ထားသည်။
အောက်တိုဘာလ ( ၂၈ ) ရက်နေ့က အမ်း – ပဒါန်းကားလမ်းပိုင်းတွင် အမ်းမြို့နယ်မှပြန်လာသည့် စစ်ကောင်စီယယာဥ်တန်းကို အရှိုချင်းကာကွယ်
ရေးတပ်(ACDF )နှင့်မင်းဘူးခရိုင် တပ်ရင်း( ၂ )
ကတိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းသေဆုံးခဲ့သည်။
စစ်ကောင်စီကအမ်းမြို့အတွင်းမှဒေသခံများထွက်
ခွာမှုကို ပိတ်ပင်ထားပြီး တဘက်တွင်မူ AAက လမ်းပိတ်ထား၍ ထွက်ခွင့်မပေးခြင်းဟု ‌ဝါဒဖြန့်ထားသည်။
“ဒေသခံတွေကို စစ်တပ်ဘက်က ထွက်ခွင့်ပိတ်ထားတာ။ ထွက်ခွင့်ရရင် စိစစ်ပြီး လွှတ်ပေး‌ဖို့ရှိပါတယ်။ ပြဿနာက စစ်တပ်က မြို့ထဲကို လူသွင်းပြီး ဒိုင်းကာလုပ်နေတာပါပဲ” ဟု AAနှင့် နီးစပ်သူတဦးကပြောသည်။
စစ်ကောင်စီသည် ဒေသခံများကို မြို့ပြင်ပထွက်ခွင့် ပိတ်ထားသော်လည်း ဌာနဆိုင်ရာအရာရှိများနှင့် စစ်တပ်မိသားစုဝင်များကို ကား ၁‌၃စီးဖြင့် အမ်း-ပဒါန်းလမ်းအတိုင်း အောက်တိုဘာလ ၁၄ရက်က ခေါ်ထုတ်သွားခဲ့ဖူးသည်။ ထို့အပြင် အရပ်သားများရှိနေသည့် အမ်းမြို့ပေါ်ကို စစ်​ကောင်စီက အောက် တိုဘာလ၂၉ရက်ကလေ
ကြောင်းမှဗုံးကြဲရာ ‌ ဒေသခံ ဆယ်ဦးသေဆုံးပြီး ဆယ်ဦးကျော်ဒဏ်ရာရခဲ့သည်။
နိုဝင်ဘာ လ ၃ ရက်​​နေ့က အမ်းမြို့ နပခအနီး စစ်‌ ကောင်စီ၏ တိုက်စည်းကျောင်း၌ တိုက်ပွဲအလွန်ပြင်းထန်ခဲ့ပြီး အရပ်သားတစ်ဦး ကျည်ထိမှန်ခဲ့သည်။ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး AAက တရားဝင်သတင်းမထုတ်ပြန်သေးပေ။
စက်တင်ဘာလ ၂၆ရက်နေ့ကစတင်ခဲ့သည့် အမ်းမြို့သိမ်းတိုက်ပွဲသည် ယခုရက်ပိုင်း အလွန်ပြင်း
ထန်နေပြီး စစ်ကောင်စီ၏ထွက်ပေါက်များအားလုံးကို AAက ပိတ်ဆို့ထားသည်ဟု ဒေသခံအချို့ကပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် အခြေစိုက်သည့်အမ်းမြို့နယ်တွင် ခြေမြန်တပ်ရင်းများဖြစ်သည့် ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)(၃၇၄)အမြောက်တပ်ရင်း၊ အမှတ်၂ ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ အမှတ် ၉၄၆ ဆောက်လုပ်ရေး အင်ဂျင်နီယာတပ်ခွဲ၊ အမှတ် ၃၄၅ စက်လက်နက်ပစ္စည်းတပ်ခွဲ၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (နပခ)၊ အမှတ်၈ အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် ၉၂၆ ထောက်ပံ့နှင့် ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် ၉၁၉ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ အမ်းတောင်အုပ်စုတွင်အမှတ်(၇၅၇)အလုပ်ရုံတပ်ခွဲ (လျှပ်စစ်)
၊ အမှတ် ၁၀ တပ်ထိန်းတပ် စသည့် အခြေစိုက်တပ်ဖွဲ့များ ရှိသည့်အပြင် စစ်ကိုင်းတိုင်း၊ ကလေးမြို့အခြေစိုက် ခြေမြန်တပ်ရင်း(၃၆၂)၊(၃၆၅)၊(၃၆၉)တို့ကိုလည်း စစ်ကောင်စီကထပ်မံဖြည့်
တင်းထားပြီး ခုခံနေသည်ဟု ရခိုင်စစ်ရေးလေ့လာ
သူတစ်ဦးက ​​​ရေးသားအသိ​ပေးထားသည်။
AAက တရားဝင်သတင်းထုတ်ပြန်ထားခြင်းမရှိသေးသော်လည်း ခမရ(၃၇၁)၊( ၃၇၂)၊(၃၇၃)တို့ကို တိုက်ခိုက်ထိန်းချုပ်ထားပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီအရာရှိအချို့လည်း သေဆုံးခဲ့သည်။
အဆိုပါတပ်ရင်းများမှစစ်ကောင်စီတပ်ဖွဲ့ဝင်များ နပခ၌ သွားရောက်ပူးပေါင်းနေကြပြီး တိုက်ပွဲများဆက်လက်ပြင်းထန်နေသည်ဟု စုံစမ်းသိရသည်။
(အမ်းမြို့ရှိ နပခ ဆိုင်းဘုတ် ။ဓါတ်ပုံ-CJ)