နတ်မောက်တွင် PDF များကို Live လွှင့် စိန်ခေါ်သူ စစ်မှုထမ်းဟောင်းနှင့် ပျူစောထီး ဇော်ဝင်း(ခ) နတ်မောက်သား မြွေဟောက် ပစ်ခတ်ခံရပြီးသေဆုံး
ရန်ကုန်၊ အောက်တိုဘာ ၃၁
မကွေးတိုင်း၊ နတ်မောက်မြို့ပေါ်၊ နတ်မောက်မြို့မရဲစခန်းအနီးတွင် PDF များကို Live လွှင့် စိန် ခေါ်သူ စစ်မှုထမ်းဟောင်း၊နှင့် ပျူစောထီးခေါင်းဆောင် ဇော်ဝင်း (ခ) နတ် မောက်သား မြွေဟောက်ကို ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားကြောင်း နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။
ယမန်နေ့အောက်တိုဘာလ ၃၀ ညနေ ၆ နာရီအချိန် နတ်မောက်မြို့ လမ်းဆုံ၊ EPC ရုံးရှေ့ နတ်မောက်မြို့မရဲစခန်းနှင့်မီတာ ၁၀၀ ခန့်အကွာအဝေးအနီးတွင် နတ်မောက်မြို့ ပျူစောထီးခေါင်း ဆောင်၊ အကြမ်းဖက်စစ်တပ်ထောက်တိုင်အကြီးစား ဇော်ဝင်း(ခ) နတ်မောက်သားမြွေဟောက် ဆိုသူကို နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ပေါင်းစု တပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင်သေဆုံးသွားကြောင်း သိရသည်။
“EPC ရုံးရှေ့၊ နတ်မောက်မြို့လမ်းဆုံမှာ ပစ်ခတ်ရှင်းလင်းခဲ့တာပါ၊ လမ်းပေါ်မှာ သွားနေတုန် ပစ်ခတ် ရှင်းလင်းခဲ့တာပါ၊ သူက အရင် မှုခင်းသတင်း ထောက်လိုလို ရဲသတင်းပေး လုပ်တယ်။ ကျနော်တို့ PDF တွေကိုလည်း Live လွှင့်ပြီးတော့ အမြဲတမ်းဆဲဆို စိန်ခေါ်နေတာ။ အရင်တုန်းကလည်း သူစီးတဲ့ကားကို စောင့်ပြီး ပစ် ခတ်ခဲ့တာရှိတယ်။ အဲဒီတုန်းက သူ့ကို မထိခဲ့ဘူး။ အဲဒီအချိန်မှာ Live လွှင့်ပြီးတော့ စိန်ခေါ်တာ။ ကျ နော်တို့ PDF တွေကို Live လွှင့်ပြီးတော့ ဆဲတယ်။ သူက စစ်တပ်က ထွက်ထားတာလည်းဖြစ်တယ်၊ မြို့ပေါ်က လူတွေကိုလည်း စစ်တပ်အားကိုးနဲ့အနိုင်ကျင့်တာတွေရှိတယ်၊ အခုသူသေပြီ ဆိုတော့ မြို့ ပေါ်က လူတွေက ပျော်နေကြပြီ” ဟု နတ်မောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
သေဆုံးသူ မြွေဟောက်သည် အကြမ်းဖက်စစ်ကောင်စီ တပ်က နုတ်ထွက်ထားသော သူဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်က အာဏာ သိမ်းပြီးနောက် စစ်တပ်အတွက် အကြီးစားထောက်တိုင်အဖြစ်ရပ်တည်ကာ ပျူစောထီးခေါင်းဆောင် လုပ်ဆောင်၍ နတ်မောက်မြို့နေပြည်သူများကို ဒုက္ခအမျိုးမျိုးပေးနေသူဖြစ်ကြောင်း၊ မြို့နေ လူငယ် များကို အတင်းအဓမ္မစစ်သားစုဆောင်းရာတွင် အားကြိုးမာန်တက်လုပ် ဆောင်နေသူဖြစ်ကြောင်း သိရသည်။
နတ်မောက်မြို့ပေါ်ရှိ အကြမ်းဖက်စစ်တပ်ထောက် တိုင်အဖြစ် လုပ်ကိုင်နေသူ အုပ်ချုပ်ရေးမှူးများ၊ လောင်းကစားသမားများ၊ ပျူစောထီးများ၊ စစ်သား၊ ရဲများကို ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ်ကြောင်း နတ်မောက် မြို့ပြတော်လှန်ရေးအဖွဲ့များက အသိပေးထားသည်။