ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးငယ်ကို ညောင်ခါးရှည်မှာ ပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွား
◾ လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေပြော
၃ဝ.၁ဝ.၂ဝ၂၄
Written by K Pyay Thein
ဒီကနေ့ နံနက်အစောပိုင်းအချိန်က ရန်ကုန်မြို့၊ ဗဟိုအမျိုးသမီးဆေးရုံကနေ ခိုးယူခံခဲ့ရတဲ့ ကလေးကို ညောင်ခါးရှည်မှာပြန်တွေ့တယ်ဆိုပြီး လိမ်လည်ပြောဆိုကာ ကလေးမိဘတွေထံကနေ ငွေလိမ်တောင်းခံလို့ ကျပ်သုံးသောင်းပါသွားခဲ့တယ်လို့ ကလေးငယ်ရဲ့မိဘတွေထံကနေ သိရပြီး လက်ရှိအချိန်အထိ ကလေးငယ်ကို ပြန်ရှာမတွေ့သေးဘဲ လိုက်လံရှာဖွေနေတယ်လို့ ကလေးငယ်ရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
“အခုရေးနေကြတာ ကလေးကိုပြန်တွေ့တယ်ဆိုတာမဟုတ်ပါဘူး။ သူတို့ရေးနေတာတွေက မဟုတ်ပါဘူး။ကလေးကိုရှာတုန်းပါ။ အစတုန်းက သူတို့က ကလေးကို ညောင်ခါးရှည်မှာတွေ့တယ်ဆိုပြီး ဖုန်းဆက်လာလို့ အဲ့ဒီကိုလိုက်မလို့မေးကြည့်တုန်း တစ်ဖက်ကလူတွေက သူတို့ကို ငွေတစ်သိန်းအရင်လွှဲပေးပါဆိုလို့ ကျွန်တော်တို့လည်းထူပူပြီး ငွေသုံးသောင်းပဲ သူ့ဆီအရင်လွှဲလိုက်ပါတယ်။ ဖုန်းဆက်ပြီးငွေလိမ်တာပါ။ ကလေးကိုတွေ့လို့မဟုတ်ပါဘူး။ အဲ့ဒီ လွှဲလိုက်တဲ့သုံးသောင်းကတော့ သူတို့ဆီပါသွားပါတယ်။ အခုကျွန်တော်တို့ သတင်းရလို့ အောင်မင်္ဂလာက ကားဝင်းထဲမှာကလေးကို ဆက်ရှာနေကုပါတယ်။
#MT
#mtnews
ဗဟိုအမျိုးသမီးဆေးရုံက ကလေးကို နေ့လည်က Mizzima News ကတင်တော့ ပြန်တွေ့တယ်ဆိုလို ကိုယ်တွေတောင်ပျော်ပြီး သတင်းတင်လိုက်သေးတယ်..
နောက်တော့ ကလေးခိုးတဲ့သူက ကလေးမိသားစု အသိုင်းဝိုင်းကို ဖုန်းခေါ်ပြီး ပိုက်ဆံလိမ်တောင် ငွေညစ်ခံလိုက်ရတယ်လို့ သတင်းတွေပြန်တတ်လာပြီး ..ကလေးက လည်းအခုထိပြန်မတွေ့သေးဘူးလို့ မိဘတွေတော့ ဘယ်လောက်အရူးမီးဝိုင်းပြီး ခံစားနေရမလည်းမသိဘူး..
edit ကလေးခုထိမတွေ့သေးပါဘူးရှင်😥
ကလေးငယ်လေး အခိုးခံရလို့ ဝိုင်းဝန်းကူညီပေးကြပါဦး
၅ရက်လောက်ပဲရှိသေးတဲ့မွေးကင်းစခလေးအခိုးခံရလို့ပါ။
ဗဟိုအမျိုးသမီးဆေးရုံကနေမနက်၄နာရီကျော်လောက်မှာ taxiနဲ့ထွက်သွားတယ်လို့ လုံခြုံရေးကပြောလို့ လိုက်ပို့ပေးခဲ့တဲ့ taxiဆရာများသိခဲ့ရင် ပို့ခဲ့တဲ့နေရာလေးကိုပြောပြပေးစေချင်တာပါခင်ဗျာ ။ ခလေးအမေမှာလဲအရူးမီးဝိုင်းဖြစ်နေလို့ပါ😢
သိတဲ့taxiဆရာများရှိခဲ့ရင်ကူညီကြပါအုံးခင်ဗျ..
09763990013 ဆက်သွယ်လို့ရပါတယ်ခင်ဗျာ
ကျေးဇူးတင်ပါတယ်။
မိခင်နဲ့အမြန်ဆုံး ပြန်ဆုံတွေ့ပါစေ ခလေးရယ်