BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော

by

in

BPLA က အညာတွင် ခြေချ၍ MOD/PDF တပ်ရင်းများအပြင် အခြားအင် အားစုများနှင့်ပါ ဆက်ဆံရေး တည်ဆောက် စစ်ဆင်ရေး ဖော်ဆောင်မည်ဖြစ်သော်လည်း လတ်တလော ရန်သူ၏ အာရုံစိုက်မှု ခံရမည်စိုးရိမ်သဖြင့် အကျယ် တဝင့် မပြောလိုသေးဟု မောင်ဆောင်းခပြော
ရန်ကုန်၊ အောက်တိုဘာ ၂၉

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) အနေဖြင့် အညာဒေသများတွင် အခြေချ၍ MOD/PDF တပ်ရင်များအပြင် အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက် မည်ဖြစ်ပြီး လတ်တလော ရန်သူ၏ အာရုံစိုက်လာမည်စိုးသဖြင့် အကျယ်တဝင့် မပြောလိုသေးကြောင်း BPLA မှ မောင်ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
BPLA မှ မောင်ဆောင်းခက BPLA ၏ ရှေ့ဆက် လုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး တရားဝင် ပြည်သူသို့ လူမှုကွန်ရက်များမှတစ်ဆင့် တရားဝင် ထုတ်ပြန် ကြေ ညာလိုက်ခြင်းဖြစ်သည်။
“အကျယ်တဝင့်ထပ်မပြောလိုတော့ဘူး ။ ရန်သူ အရမ်းအာရုံစိုက်လာမှာစိုးလို့” ဟု မောင်ဆောင်းခက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
BPLA သည် ညီနောင်မဟာမိတ် ၃ ဖွဲ့၏ ဦးဆောင်မှုအောက်တွင် အများကြီး ဖွံ့ဖြိုးတိုးတက်ခဲ့ကြောင်း၊ အဆိုပါကျေးဇူးကို မေ့ပျောက်မည်မဟုတ်ကြောင်း၊ BPLA အနေဖြင့် အညာဒေသတွင် အခြေချပြီး စစ်ဆင်ရေးများ ဖော်ဆောင်မည်ဖြစ်ပြီး အညာလူထုက ကြိုဆိုမည်ဟု မျှော်လင့်ကြောင်း ၎င်းက မောင်ဆောင်းခက တရားဝင် အောက်တိုဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
“ဒီနေ့ဟာ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်နေ့ဖြစ်ပါတယ်။ ညီနောင်မဟာ မိတ် ၃ ဖွဲ့ရဲ့ ဦးဆောင်မှုအောက်မှာ ကျနော်တို့နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ အများကြီးတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်။ ဒီကျေးဇူးကို ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။ ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ၎င်းက ရေးသားခဲ့သည်။
ထို့ပြင် BPLA အနေဖြင့် MOD/PDF တပ်ရင်များနှင့်သာမက အခြားအင်အားစုများနှင့်ပါ ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ပြီး တော်လှန်ရေး အမြန်ဆုံးအောင်မြင်အောင် ကြိုးစားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်။ သေချာတာတခုကတော့ BPLA ဟာ NUG/MOD လက် အောက်ခံတပ်မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်” ဟု မောင်ဆောင်းခက ဆက်လက်ရေးသားထားသည်။
BPLA သည် ၁၀၂၇ စစ်ဆင်ရေးအတွင်း မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နှင့်အတူ ရှမ်းမြောက်ဒေသတွင် ရှေ့တန်းမှ ပါဝင်တိုက်ခိုက်ခဲ့သော တော် လှန်ရေးတပ်ဖွဲ့တစ်ခုလည်း ဖြစ်သည်။
ဓာတ်ပုံ- NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့်အတူ တွေ့ရသည့် BPLA မှ မောင်ဆောင်းခ။

BPLA အညာဒေသတပ်ရွှေ့ပြီး တော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းမည်
“ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်
အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်”-ကိုဆောင်းခ (ကွပ်ကဲ​ရေးမှူး-BPLA)
ဂျာမုန်း/People’s Spring
အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း​၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။
” ကျနော်တို့ အညာဒေသကို အခြေချတဲ့အခါ MOD/PDF တပ်ရင်းတွေနဲ့ရော၊ MOD လက်အောက်ခံမဟုတ်တဲ့အခြားအင်အားစုတွေနဲ့ပါ ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်ပြီး တော်လှန်ရေးအမြန်ဆုံးအောင်မြင်ဖို့ ကြိုးစားသွားမှာဖြစ်ပါတယ်။ BPLA က ဗမာလူမျိုးစုကိုယ်စားပြုဖို့နဲ့ ဗမာလူထုရဲ့အသိအမှတ်ပြုမှုရရှိဖို့ တဆင့်ချင်း အကောင်းအထည်ဖော်သွားပါမယ်”ဟု BPLAကွပ်ကဲရေးမှူး ကိုဆောင်းခက လူမှုကွန်ရက်မှတဆင့် အသိပေးသည်။
ထို့အပြင် BPLAသည် NUG လက်အောက်ခံတပ်မဟုတ်ကြောင်းကိုလည်း ထပ်လောင်းအသိပေးထားသည်။
“သေချာတာတခုကတော့ BPLAဟာ NUG/MOD လက်အောက်ခံတပ် မဟုတ်ပါဘူး။ ဒါပေမယ့် ညီညွတ်ရေးကိုရှေးရှုပြီး အညာဒေသခံတပ်ဖွဲ့တွေအားလုံးနဲ့ အတူတကွပူးပေါင်းဆောင်ရွက်ဖို့ အစဉ်တစိုက်ကြိုးစားသွားမယ်လို့ ကတိပြုပါတယ်”ဟု ကိုဆောင်းခက ဆိုသည်။
BPLAအနေဖြင့် တပ်တည်ထောင်ခြင်း (၃) နှစ်ကျော်ကာလအတွင်း ကနဦးအနေဖြင့် ကရင်ပြည်နယ် အမှတ်(၁၀၇)စစ်ဒေသနှင့် ရှမ်းမြောက်အခြေစိုက်အမှတ် (၂၀၃) စစ်ဒေသဟူ၍ အခြေစိုက်လှုပ်ရှားနယ်မြေ နှစ်နေရာရှိပြီး ယခုအခါ အညာဒေသ၌ပါ တိုက်ပွဲဖော်ဆောင်လာနိုင်တော့မည်ဖြစ်ကြောင်း ၁၀၂၇စစ်ဆင်ရေးအတွင်း ပါဝင်ခဲ့ပြီးနောက် အဆိုပါ စစ်ဆင်ရေး (၁)နှစ်ပြည့်သည့် အောက်တိုဘာ ၂၇ရက်တွင် BPLAကွပ်ကဲရေးမှူးက အသိပေးသည်။
“ပြည်သူတွေကို အသိပေးချင်တာတခုက BPLAဟာ မကြာခင် အညာဒေသမှာအခြေချပြီး စစ်ဆင်ရေးတွေဖော်ဆောင်လာနိုင်တော့မယ်ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်”ဟု ကိုဆောင်းခက ရေးသားထားသည်။
လတ်တလောအနေဖြင့် BPLAသည် ရှမ်းမြောက် ၁၀၂၇ စစ်ဆင်ရေးနှင့် ကရင်ပြည်နယ်အတွင်း ဖာပွန်မြို့သိမ်းစစ်ဆင်ရေးတို့၌ ဒေသခံတိုင်းရင်းသားတော်လှန်ရေးတပ်များနှင့်အတူ ပူးပေါင်းပါဝင်တိုက်ခိုက်နေသည်။
ထို့အပြင် တိုက်ပွဲဖော်ဆောင်သည့်ဒေသများ တိုးချဲ့လာသည့်အလျှောက် တပ်အင်အားဖြည့်တင်းရန် တပ်သားသစ်စုဆောင်းနေကြောင်းကိုလည်း အောက်တိုဘာ၁၃ရက်တွင် BPLAက အသိပေးကြေညာထားသည်။
(NUGကာကွယ်ရေးဝန်ကြီးနှင့်အတူတွေ့ရသော BPLAကွပ်ကဲရေးမှူး၊ BPLA ရဲဘော်များ။ ဓာတ်ပုံ – Maung Saungkha)