ထန်တလန်မြို့တွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားသော တပ်စခန်းအများစု ပြန်လည်လက်လွှတ်လိုက်ရ

by

in

ထန်တလန်မြို့တွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားသော တပ်စခန်းအများစု ပြန်လည်လက်လွှတ်လိုက်ရ
ဧရာဝတီတိုင်းမ်

(ထန်တလန်)၊ အောက်တိုဘာ ၂၇ ရက်
ချင်းပြည်နယ်၊ ထန်တလန်မြို့သိမ်းတိုက်ပွဲတွင် ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ရရှိထားသော စစ်ကောင်စီတပ်စခန်းအများစုကို ပြန်လည်လက်လွှတ်ခဲ့ရကြောင်းသိရသည်။
ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့က သိမ်းပိုက်ထားသော တပ်စခန်းများကို ပြန်လည်ရရှိနိုင်ရန်အတွက် စစ်ကောင်စီက အင်အား ၂၀၀ ကျော်ဖြင့် ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။
“ အခုလက်ရှိ ထန်တလန်မြို့မှာ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က တပ်စခန်းအကုန်လုံးနီးပါးပြန်လည် လက်လွှတ်လိုက်ရတယ်။ စုစုပေါင်း လေးခုလောက်ရှိမယ်။ အခု အော်တိုတောင်ကုန်း တစ်ခုကိုပဲ ချင်းလဲန်အစိုးရကာကွယ်ရေးတပ်က ထိန်းချုပ်ထားတယ်။ ဟားခါးကနေ စစ်ကူလာတဲ့ စစ်ကောင်စီတပ်စစ်ကြောင်းလည်း ထန်တလန်မြို့ထဲ ဝင်နိုင်ပြီ” ဟု မြေပြင်သတင်းအရင်းအမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကောင်စီတပ်က အော်တိုတပ်စခန်း(C3)၊ C2 အပါအဝင် အခြားတပ်စခန်းတို့ကို ထပ်မံရရှိထားပြီး လက်ရှိအချိန်အထိ ထန်တလန်မြို့တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေဆဲဖြစ်ကြောင်း သိရသည်။
ထန်တလန်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီဘက်က လေကြောင်းဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေပြီး မြေပြင်မှ ထိုးစစ်ဆင်နေကာ ဟားခါးမြို့မှ လက်နက်ကြီးများဖြင့်လည်း နေ့စဥ်ပစ်ကူပေးနေကြောင်း သိရသည်။
ပုံစာ-ချင်းလဲန်အစိုးရကာကွယ်ရေးတပ်ဖွဲ့ဝင်များ။
#ထန်တလန်မြို့ #ချင်းလဲန်အစိုးရ #ကာကွယ်ရေးတပ်ဖွဲ့ #သိမ်းပိုက်ထား #တပ်စခန်းအများစု #ပြန်လည်လက်လွှတ်လိုက်ရ #Ayeyarwaddy_Times