စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…

by

in

စစ်ကောင်စီတပ် ကျုးလွန်ခဲ့တဲ့ ဘုတလင်၊ စီပါရွာက လူသတ်မှုဖြစ်ရပ်ကို NUG လူ့အခွင့်အရေးဝန်ကြီးဌာန တရားဝင် ထုတ်ပြန်…
အောက်တိုဘာ ၂၆ ၊ ၂၀၂၄

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံတပ်ဖွဲ့တွေ အကြမ်းဖက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်ခဲ့တဲ့ဖြစ်ရပ်ကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အောက်တိုဘာလ (၁၇) ရက် မနက်ပိုင်းက စီပါကျေးရွာကို အကြမ်းဖက်စစ်အုပ်စု စစ်ကိုင်းအခြေစိုက် တပ်မ ၃၃၊ နမခ လက်အောက်ခံ ကလေးအခြေစိုက် ခလရ ၈၉ ၊ ရဲနဲ့ ပျူစောထီးတွေ ပူးပေါင်းကာ စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့တာပါ။
အဲ့ဒီစစ်ကြောင်းဟာ ကျေးရွာက အိမ်ခြေ ၃၀၀ ခန့်ကို မီးရှို့ဖျက်စီးခဲ့တဲ့အပြင် ပြည်သူ ၆ ယောက်ကိုလည်း ခေါင်းနဲ့ကိုယ်လက်တွေ ဖြတ်တောက်ခြင်း၊ သေနတ်နဲ့ ပစ်သတ်ခြင်း စတဲ့ပုံစံမျိုးစုံနဲ့ ရက်ရက်စက်စက် အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေနဲ့ ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနဲ့ တရားမျှတမှုရရှိရေးဆိုတဲ့ ဦးတည်ချက်တွေကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထားပြီး အကြမ်းဖက်စစ်အုပ်စု ကျူးလွန်မှုတွေကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန် တာဝန်ယူဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။