“မနက်ဖြန်ကစပြီး 24နာရီလျှပ်စစ်မီးပျက်တော့မယ့် နေရာတွေစာရင်း..ကိုယ့်မြို့နယ်ပါနေလား ဝင်ကြည့်သွား”

by

in

“မနက်ဖြန်ကစပြီး 24နာရီလျှပ်စစ်မီးပျက်တော့မယ့် နေရာတွေစာရင်း..ကိုယ့်မြို့နယ်ပါနေလား ဝင်ကြည့်သွား”

Technicians work on an electricity transmission tower on the outskirts of Yangon on July 8, 2020. (Photo by Sai Aung Main / AFP) (Photo by SAI AUNG MAIN/AFP via Getty Images)

မရမ်းကုန်းနှင့်ရန်ကင်းမြို့နယ် နေရာအချို့ မနက်ဖန်တွင် လျှပ်စစ်မီးပြတ်တောက်မည်
၂၅ အောက်တိုဘာ ၂၀၂၄
မရမ်းကုန်းနှင့်ရန်ကင်းမြို့နယ် နေရာအချို့တွင် မနက်ဖန်၌ လျှပ်စစ်မီးအချိန်ပိုင်းပြတ်တောက်မည်ကိစ္စကို ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက အသိပေးချက်ထုတ်ပြန်ထားရာ အောက်ပါအတိုင်းဖြစ်ပါတယ်။
မိဘပြည်သူများထံသို အသိပေးပန်ကြားခြင်း ——-—————————————-
၁။ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း၊ ဓာတ်အားခွဲရုံကြီးများတည်ဆောက်ရေးဌာနစိတ်၏ မရမ်းကုန်းမြိုနယ်၊ 66kV တောင်ကမ္ဘာအေးဓာတ်အားခွဲရုံရှိ AIS Switch Bay (၃)စုံအား ပြောင်းရွှေ့တပ်ဆင်ခြင်း လုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် မလွတ်ကင်းသည့် 66kV စိန်ပန်းမြိုင်-တောင်ကမ္ဘာအေး ဓာတ်အားလိုင်းအား (၂၆.၁၀.၂၀၂၄)ရက်နေ့(၁၁:၀၀)နာရီမှ (၁၃:၀၀)နာရီအထိ အချိန်ပိုင်းယာယီဓာတ်အားပိတ်၍ လုပ်ငန်းဆောင် ရွက်မည်ဖြစ် ပါသည်။
၂။ သိုဖြစ်ပါ၍ လုပ်ငန်းဆောင်ရွက်နေစဉ်ကာလအတွင်း မရမ်းကုန်းမြိုနယ် နှင့် ရန်ကင်းမြိုနယ်များ၏ ရပ်ကွက်နေရာအချိုတိုတွင် ယာယီဓာတ်အားပြတ်တောက်မှုများ ရှိနိုင်မည်ဖြစ်ပါကြောင်းနှင့် ဓာတ်အားပြတ် တောက်ချိန်ကြာမြင့်မှုမရှိစေရေး၊ ဓာတ်အားပြတ်ဧရိယာ လျော့နည်းစေရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း မိဘပြည်သူများထံသို လေးစားစွာ အသိပေးပန်ကြားအပ်ပါသည်။
ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း