စစ်အာဏာရှင်စနစ် ဧကန် မုချကျရှုံးရမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် လက်တွဲမည်ဟု KIO ဥက္ကဋ္ဌ ပြော

by

in

စစ်အာဏာရှင်စနစ် ဧကန် မုချကျရှုံးရမည်ဖြစ်ပြီး တော်လှန်ရေးတပ်ဖွဲ့များနှင့်အတူ ဆက်လက် လက်တွဲမည်ဟု KIO ဥက္ကဋ္ဌ ပြော
🟥အမြစ်ဖြတ် စစ်ဆင်ရေး ကော်မတီကို KIO ကဖွဲ့စည်းထားပြီး သိမ်းပိုက်နေရာများကို အုပ်ချုပ်စီမံနေ
ရန်ကုန်၊ အောက်တိုဘာ ၂၅
အကြမ်းဖက်စစ်အာဏာရှင် စနစ် ဧကန် မုချကျရှုံးမည်ဖြစ်ပြီး တော်လှန်ရေးတပ် ဖွဲ့များနှင့်အတူ ဆက်လက်လက်တွဲသွားမည်ဖြစ်ကြောင်း ကချင်လွတ် လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုသည်။
ယနေ့ KIO တည်ထောင်သည့် ၆၄ နှစ်မြောက်နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်ပြီး ကချင်ဘာသာဖြင့် မိန့်ခွန်းအပြည့်အစုံကို KIO ပြန်ကြားရေး The Kachin Net တွင် တရားဝင် ထုတ် ပြန်ထားသည်။
လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံးပါဝင်ထောက် ခံသော တော်လှန်ရေးဖြစ်ကြောင်း၊ ထို့ကြောင့် စစ်အာဏာရှင် စနစ် ဧကန်မုချကျဆုံးမည်ဖြစ်ကြောင်း၊ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်း ရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ လက်တွဲ၍ စစ်အာ ဏာရှင်စနစ် အမြစ်ဖြတ်တော်လှန်နိုင်သည့် အချိန်အခါကောင်းဖြစ်ကြောင်း၊ KIO အနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များအားလုံးနှင့်အတူ ဆက်လက်လက်တွဲသွားမည်ဖြစ် ကြောင်း ၎င်းက ပြောဆိုသည်။
ထို့ပြင် ပြည်သူ့စစ်အဖွဲ့များအနေဖြင့် စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ် သိမ်း ပြီး KIO နှင့်အတူ ပူးပေါင်းကြရန်လည်း ၎င်းက သတိပေးသည်။
KIO အနေဖြင့် အမြစ်ဖြတ် စစ်ဆင်ရေး ကော်မတီကို ဖွဲ့စည်းထားပြီး သိမ်း ပိုက်ရရှိထားသော နေရာများကို ပြန်လည် ထူထောင်ရေး၊ တရားဥပေဒစိုးမိုးရေးနှင့် အုပ်ချုပ်ရေး လုပ်ငန်းများ အကောင် အထည်ဖော်နေပြီဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက အသိပေးပြောဆိုသည်။
KIO က တာဝန်ပေးထားသည့် ရှေ့တန်းရောက်တပ်မှူးများ၊ အဖွဲ့ဝင်များအနေဖြင့် KIO ကို သိက္ခာကျစေမည့် လုပ်ရပ်များ မလုပ်ကြရန် ဗိုလ်ချုပ်ကြီး အင်ဘန်လက တိုက်တွန်း ပြောဆိုသည်။