သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား

by

in

သပိတ်ကျင်းနယ်၊ ဇရပ်ကွင်းရွာ စစ်စခန်းကို MDY-PDF က သိမ်းပိုက်၊
ခလရ-၁၄၈ အပါအဝင် သပိတ်ကျင်းနယ်ထဲ သိမ်းယူနိုင်တဲ့ စစ်စခန်း ကိုးခု ရှိလာ၊
ထင်လင်း/MFP ၊ ဩဂုတ် – ၉

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာ စစ်အုပ်စု စခန်းကို ဩဂုတ်(၁၁)ရက် မနေ့က ထိုးစစ်ဆင် တိုက်ခိုက်ကာ အပြီးသတ် သိမ်းပိုက် ရရှိခဲ့တယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် (မန္တလေး) MDY-PDF က သတင်း ထုတ်ပြန်ပါတယ်။
“ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)သည် ၂၀၂၄ ခုနှစ် ၊ ဩဂုတ် (၁၁)ရက်တွင် သပိတ်ကျင်းမြို့နယ် ၊ ဇရပ်ကွင်း တပ်စခန်းကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့သောကြောင့် သပိတ်ကျင်းမြို့နယ် အတွင်း၌ တပ်စခန်း ကိုးခု ထိ သိမ်းပိုက် ရရှိထားပြီးဖြစ်သည်။ ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး)သည် သပိတ်ကျင်းမြို့နယ် အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက် ထိုးစစ်ဆင်လျက်ရှိသည်” လို့ MDY-PDF စစ်ဦးစီးအဖွဲ့က ဖော်ပြပါတယ်။
ဇရပ်ကွင်းရွာဟာ မန္တလေး – မိုးကုတ် ကားလမ်းပေါ်က အိမ်ခြေထောင်ချီရှိတဲ့ စည်ကားတဲ့ ကျေးရွာကြီးဖြစ်ပြီး စစ်အုပ်စုက ဇရပ်ကွင်းမှာ အခိုင်အမာ ခံစစ်ပြင်ထားခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်ထဲက စစ်အုပ်စုရဲ့ ခြေလျင်တပ်ရင်း – ခလရ (၁၄၈) တပ်စခန်း အပါအဝင် ကျောက်ဖြူရွာ တပ်စခန်း၊ လိပ်ကျရွာ တပ်စခန်း၊ ကွင်း(၃၀)ရွာ တပ်စခန်း၊ လက်ပံပြန့်ရွာ တပ်စခန်း၊ ဖိုကုန်း တပ်စခန်း၊ ဝက်သေရွာ တပ်စခန်းနဲ့ ဖက်ရှည်ရွာ တပ်စခန်း၊ စုစုပေါင်း တပ်စခန်း ရှစ်ခုကိုလည်း MDY-PDF က ပြီးခဲ့တဲ့ ဩဂုတ်(၇)ရက်နဲ့ (၉)ရက်တွေမှာ အပြီးသတ် သိမ်းပိုက် ရရှိထားပြီး ဖြစ်ပါတယ်။
အဲ့ဒီ စခန်းသိမ်း တိုက်ပွဲတွေအတွင်း စစ်အုပ်စု အလောင်းနဲ့ လက်နက်တွေ သိမ်းဆည်း ရရှိတယ်လို့ ဆိုပြီး အသေးစိတ်ကိုတော့ ထုတ်ပြန်တာ မရှိသေးပါဘူး။
တော်လှန်ရေးတပ်တွေက စခန်းသိမ်းတိုက်ပွဲတွေ ဆင်နျွဲနေချိန် မြေပြင်မှာ တိုက်ပွဲရှုးတဲ့ စစ်အုပ်စုက ကျေးရွာတွေကို နေ့စဉ်ရက်ဆက် အပြင်းအထန် လေကြောင်း ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အုပ်စုက လေကြောင်းဗုံးကြဲလို့ ဒေသခံ အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု ရှိပြီး ဩဂုတ်(၇)ရက်က သပိတ်ကျင်းနယ် ကျေးရွာတွေကို လေကြောင်းဗုံးကြဲမှုမှာ ဝက်သေရွာ တစ်ရွာတည်းကိုပဲ ဒေသခံပြည်သူ ခြောက်ဦး သေဆုံးတယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက MFP ကို ပြောပါတယ်။
MDY-PDF ဟာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စဉ့်ကူးမြို့ အပါအဝင် စဉ့်ကူးမြို့နယ် တစ်နယ်လုံးကို တိုက်ခိုက် သိမ်းယူပြီးနောက် လက်ရှိမှာ စဉ့်ကူးမြို့ရဲ့ အထက်ဘက်၊ စစ်ကိုင်းတိုင်းနဲ့ ထိစပ်နေတဲ့ သပိတ်ကျင်းနယ်ထဲ ဆက်လက် ထိုးစစ်ဆင်ကာ အောင်ပွဲတွေ ရရှိနေတာ ဖြစ်ပါတယ်။
ဇူလိုင်လအတွင်းက စဉ့်ကူးနယ် တနယ်လုံးကို လက်လွတ်ဆုံးရှုံးထားရတဲ့ စစ်အုပ်စုဟာ မန္တလေးတိုင်း အထက်ပိုင်း တစ်ခုလုံး တော်လှန်ရေး အင်အားစုတွေ လက်ထဲ မပါအောင် လေကြောင်းပစ်ကူကာ အပြင်းအထန် ခုခံနေတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။
သပိတ်ကျင်းမြို့နယ်၊ မန္တလေး – မိုးကုတ် လမ်းပေါ်က ဇရပ်ကွင်းရွာ စစ်စခန်းကို သိမ်းပိုက်ရရှိစဉ်/Photo – MDY-PDF
#Mandalay_Free_Press_MFP

သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထား
ရန်ကုန်၊ ဩဂုတ် ၁၂

မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်း နယ်မြေရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်ရရှိပြီး စစ်တပ်ရင်းနှင့်စခန်းပေါင်း ၉ ခုအထိ သိမ်းပိုက်ရရှိထားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က ယနေ့ သတင်းထုတ်ပြန် သည်။
ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့တွင် သပိတ်ကျင်းမြိုနယ် ၊ ဇရပ်ကွင်း တပ်စခန်း ကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ တော် (မန္တလေး)သည် သပိတ်ကျင်းမြိုနယ်အတွင်းရှိ သတ်မှတ်ထားသော စစ်ရေးပစ်မှတ်များကို ဆက်လက်ထိုးစစ်ဆင်လျက်ရှိကြောင်း သိရှိရသည်။
ဩဂုတ်လ ၉ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သပိတ် ကျင်းမြိုနယ်ရှိ ခလရ ၁၄၈ တပ်စခန်း ၊ ကျောက်ဖြူရွာ တပ်စခန်းနှင့် လိပ်ကျရွာ တပ်စခန်း ၊ ကွင်း ၃၀ ရွာ တပ်စခန်း ၊ လက်ပံပြန့်ရွာ တပ်စခန်း ၊ ဖိုကုန်း တပ်စခန်း ၊ ဝက်သေရွာ တပ်စခန်း နှင့် ဖက်ရှည်ရွာ စုစုပေါင်း တပ်စခန်း ၈ ခုတို့ကို အပြီးသတ်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရှိရသည်။
သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးတွင် လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရမိခဲ့ကြောင်း၊ သပိတ်ကျင်းတွင် စစ်တပ်ကင်းစင်နယ်မြေဖြစ်ရန် ပြည်သူ့ကာ ကွယ်ရေးတပ်မတော်(မန္တလေး)က ဆက်လက် ထိုးစစ်ဆင်နေကြောင်း သိရှိရသည်။